မိုင်းအန္တရာယ်ပညာပေးလုပ်ငန်း ပိုမိုထိရောက်စွာပြုလုပ်နိုင်

မိုင်းအန္တရာယ်ပညာပေးလုပ်ငန်း ပိုမိုထိရောက်စွာပြုလုပ်နိုင်
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ မြေမြုပ်မိုင်းများ၏ အန္တရာယ်ကို ကြိုတင်ကာကွယ် ရှောင်ရှားနိုင်ရန် အတွက် လူထုပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် ကာလအတွင်း ပိုမိုထိရောက်စွာ ပြုလုပ်နိုင် သည်ဟု မိုင်းပညာပေးလုပ်ငန်းဆောင်ရွက်နေသည့် KSWDC (KARENNI SOCIAL WALFARE AND DEVELOPMENT CENTER) အဖွဲ့က ပြောသည်။

KSWDC လက်အောင် မိုင်းပညာပေးလုပ်ငန်း MRE အဖွဲ့မှ တာဝန်ခံ ခူးလေးရယ်စိုးက ကရင်နီအမျိုး သားတိုးတက်ရေးပါတီ KNPP နှင့် အစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး မလုပ်မှီအချိန်တွင် မြို့နှင့် အလှမ်းဝေးသည့် ကျေးရွာတချို့တွေကိုသာ သွားရောက်ပညာပေး နိုင်ခဲ့ကြပြီး ယခုလို အပစ်အခတ် ရပ်စဲရေး ယူသည့်အချိန်တွင် မြို့ပေါ်နှင့် နေရာတော်တော်များများ တွင် ပြုလုပ်နိုင်သည်ဟု ပြောသည်။

ခူးလေးရယ်စိုးက  “ကျနော်တို့ မသွားနိုင်တဲ့နေရာတွေကတော့ အပစ်ခတ်ရပ်စဲရေး မလုပ်ခင်နဲ့ လုပ်အပြီးမှာ အချိန်မှာတော့ ကွာခြားချက်တွေရှိလာတာပေါ့နော။ အခုမြို့နဲ့နီးတဲ့နေရာတွေမှာ ကျနော်တို့ရောက်ပြီ ပေါ့နော။ အရင်တုန်းကတော့ ကျနော်တို့မရောက်ဘူးပေါ့” ဟုပြောသည်။

မြန်မာတနိုင်ငံလုံးရှိ မိုင်းအများဆုံးရှိသည့် ပြည်နယ်များတွင် ကယားပြည်နယ်သည်လည်း အလယ်အလတ် လောက်တွင် ရှိနေပြီး မြို့နယ်အသီးသီးတိုင်းတွင် မိုင်းများ ရှိနေသည်ဟု သိရသည်။

သို့ဖြင့်၍ မိုင်းအန္တရာယ်များ ကာကွယ်နိုင်ရန် အသိပညာပေးလုပ်ငန်းသင်တန်းကို သြဂုတ်လ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ လွိုင်ကော်မြို့ရှိ YLFC (YOUTH  LIFE FORMATION  CENTER) ၌ ကျင်းပရာ ပြည်နယ် အတွင်းရှိ ကေထျိုးဘိုး လူမှုဖွံ့ဖြိုးရေးအဖွဲ့၊ ကယားနှစ်ခြင်းအဖွဲ့၊ ကယားဖူးနှစ်ခြင်းအဖွဲ့၊ ကရုဏာ(လွိုင်ကော်)၊ ပကူးနှစ်ခြင်းအဖွဲ့(မော်ချီးဒေသ)၊ CHDN ( Civil Health and Development Network) နှင့် KNPP အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များ  တက်ရောက်ခဲ့ကြသည်။

ယခုကဲ့သို့ နိုင်ငံရေးပွင့်လင်းကာလတွင် ယခင်ကဲ့သို့ မိုင်းထိသူ လူဦးရေမရှိသော်လည်း အနည်းအကျဉ်းရှိနေ သေးကြောင်း မိုင်းအန္တရာယ် အသိပညာပေးပေးနေသည့် DCA မှ စီမံကိန်းတာဝန်ခံ MR. BJ ကပြောသည်။

MR. BJ က "မိုင်းအန္တရယ်ကာကွယ်မှု ပညာပေးလုပ်ငန်းများကို လုပ်ခြင်းအားဖြင့် မိုင်းမတော်တဆ ပေါက်ကွဲမှုတွေကို ကာကွယ်ပေးနိုင်မှာပါ” ဟု ပြောသည်။

ကယားပြည်နယ်တွင် မိုင်းအများဆုံးဒေသများမှာ မော်ချီး၊ ရှားတောနှင့် ထိုင်း- မြန်မာ နယ်စပ်တလျှောက် တွင်ဖြစ်ပြီး လောပိတ တခွန်နှင့် လျှပ်စစ်မီးတိုင်ကြီးများအောက်တွင်လည်း မြေမြုပ်မိုင်းများအများအပြား ရှိနေကြောင်း သိရသည်။

KNPP နှင့် အစိုးရတို့ ဇွန်လ ၂၀ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ်ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ တွင်လည်း ပြည်နယ် အတွင်း မြေမြှပ်မိုင်းများ ရှင်းလင်းရန်အတွက် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရန်သဘော တူညီထားကြပြီး လက်ရှိတွင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများက မိုင်းအန္တရာယ် ပညာပေး လုပ်ငန်းများကိုသာ ဆောင်ရွက်နိုင် ကြသေးသည်

Most read this week