မိုင်းလားတပ်ဖွဲ့ဝင်မဟုတ်လျှင် တိုက် ခိုက်မည်’ ဟု မြန်မာအစိုးရတပ် ၏ စစ်ရေးရာဇဒဏ် ကြောင့် သျှမ်းပြည်အရှေ့ပိုင်း ရွှေတြိဂံဒေသ အထက်ဘက် အခြေချ လှုပ်ရှားသည့် RCSS/SSA တပ်ဖွဲ့အား မိုင်းလားတပ်ဖွဲ့မှ သွားရောက် ထိန်းသိမ်း ခဲ့သည်ဟု ဒေသအတွင်း သတင်း ရပ်ကွက် က ဆိုသည်။
“မိုင်းယောင်းအခြေစိုက်စစ်ဗျူဟာမှူးက မိုင်းဖှန်ဘက်မှာရှိတဲ့ RCSS/SSA တပ်ဖွဲ့ အင်အား ၄၀ ကျော်က
မိုင်းလား တပ်ဖွဲ့နာမည်နဲ့ ဆက်ကြေးကောက်တယ်။ လူသစ်စုဆောင်းတယ်။ သူတို့ တွေက အမှန်တကယ်
ဘယ်သူလဲ၊ မိုင်းလားတပ်ဖွဲ့ဝင် မဟုတ်ရင် တိုက်ခိုက်ရှင်းထုတ်မယ်လို့ စစ်ကြောင်း သုံးကြောင်းပြင်ဆင်
လာတယ်။ တိုက်ပွဲမလိုလားတဲ့ မိုင်းလားတပ်ဖွဲ့က အဲဒီအုပ်စုကို အင်အား ၃၀၀ ကျော် နဲ့ သွားရောက်
ထိန်းသိမ်း လိုက်တာ။ ညီအစ်ကိုရင်းလို သဘော မထားရင် ဟိုကလဲ ပြန်ပစ်ပြီပေါ့။ မိုင်းလားတပ်ဖွဲ့တက်
လာတော့ သတိမထားဘူး။ ဗမာစစ်ကြောင်း ကိုဘဲ အာရုံစိုက်နေတာလေ။ ဒီတော့အဖမ်းခံလိုက်ရတာပေါ့”
ဟု ရွှေတြိဂံဒေသတွင် နေထိုင်သူ မိုင်းလားတပ်ဖွဲ့နှင့် နီးစပ်သည့် အခါအမျိုးသား အားဖန် ကပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကျိုင်းတုံ စစ်ဒေသ မှူးကြီး ဗိုလ်မှူးကြီးကွဏ်းဇင့်က - ၎င်းတို့တပ်ဖွဲ့ ဝင် ၄၀
ကျော်အား ဂျူလိုင် ၂၇ ရက်နေ့က မိုင်းလားတပ်ဖွဲ့မှ အမှန်တကယ် ဖမ်းဆီး သွားကြောင်း၊ မည်သည့်
အကြောင်းကြောင့် မသိရဘဲ အဆိုပါ ထိန်းသိမ်းခံ RCSS/ SSA တပ်ဖွဲ့ဝင်အချို့အား ခရီးစရိတ်ပေးကာ
နေရပ်သို့ ပြန်ခိုင်းကြောင်း၊ မည်သို့ပင်ဆိုစေ အဆိုပါ ကိစ္စမဖြစ်သင့်ကြောင်း ပြောပါသည်။
“၂၀၀၉ တုန်းက အဲဒီဒေသမှာ အစိုးရတပ်ဖွဲ့နဲ့ စစ်ရေးတင်းမာမှု တော်တော်ဖြစ်ခဲ့တယ်။ ကျနော်တို့လဲ
မိုင်းလားတပ်ဖွဲ့နဲ့ အဲဒီကတည်းက အတူတူ ညီရင်းအစ်ကိုလိုနေလာတာဘဲ။ အခု ကျမှဘာလို့ ဒီလိုလာ
လုပ်လဲ ဆိုတာ ကျနော်တောင်နားမလည်တော့ဘူး” - ဟု ဗိုလ်မှူးကြီးကွန်းဇင့်က ပြောပါသည်။
သျှမ်းပြည်တပ်မတော် မှတပ်ဖွဲ့နှင့် အတူ အဖမ်းခံရသော တရုတ်လူမျိုး ပိုင်ရာ ဘာခြံမှ ခြံလုပ်သား ၃၀
ကျော် (ဗမာလူမျိုး ၄ ဦးပါဝင်) ကိုမူ ဖမ်းဆီးပြီး ၂ ရက်အကြာ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း အားဖန်
ဆိုသူက ပြောပါသည်။
ရာဘာခြံပိုင်ရှင် တရုတ်လူမျိုးမှာ အခွန်ပေးဆောင်ရန်ရှောင်နေသဖြင့် ခြံလုပ်သားများ ဖမ်းဆီးလိုက်ခြင်းဖြစ်
သည်ဟုဆိုပါသည်။
သီးခြားအတည်ပြုချက်မရသေးသည့် သတင်းအရ RCSS စစ်သည် ၄၀ ကျော်အနက် ခေါင်းဆောင်ပိုင်းနှင့်
အရာရှိငယ် ၁၀ ဦးခန့်မှလွဲ၍ ကျန်ပုဂ္ဂိုလ်အားလုံးအား လက်နက်ဖြုတ် သိမ်းပြီး ခရီးစရိတ်ပေးကာ ထို့နည်း
တူ ယမန်နေ့က လွှတ်ပေးလိုက် ပြီးဖြစ်ကြောင်း၊ ကျန်ရှိပုဂ္ဂိုလ်များအားလည်း လက်နက်မပါဘဲ မိခင်တပ်
မတော်ထံ ပြန်လည်အပ်နှံမည်ဖြစ် ကြောင်းဆိုပါသည်။
သျှမ်းပြည်တပ်မတော် နှင့် မိုင်းလားတပ်ဖွဲ့တို့သည် ဦးသိန်းစိန်အစိုးရ နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်း
ရေးတည်ဆောက်ထားသည့် တပ်ဖွဲ့များဖြစ်သည်။