ရှစ်လေးလုံးဖွား ကျောင်းသားတပ်မတော် ငွေရတုသက်တမ်းတွင် အပစ်ရပ် လက်မှတ်ထိုး

ရှစ်လေးလုံးဖွား ကျောင်းသားတပ်မတော် ငွေရတုသက်တမ်းတွင် အပစ်ရပ် လက်မှတ်ထိုး
by -
ရွှေဟင်္သာ

နှစ်ဖက် အကြား ပြင်ဆင် ဆွေးနွေးမှု (၅) ကြိမ် ပြုလုပ် ခဲ့ပြီးနောက် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF) နှင့် ပြည်ထောင်စု လုပ်ငန်း ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ တို့အကြား ယနေ့၌ ပြည်နယ် အဆင့် အပစ် အခတ် ရပ်စဲရေးကို လက်မှတ် ရေးထိုး ခဲ့ကြသည်။

၂၀၁၃ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ ABSDF နှင့် အစိုးရတို့ အပစ်ရပ် လက်မှတ် ရေးထိုးပွဲ ၂၀၁၃ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ ABSDF နှင့် အစိုးရတို့ အပစ်ရပ် လက်မှတ် ရေးထိုးပွဲ ဓါတ်ပုံ - (ညိုအုန်းမြင့်)

သဘော တူညီချက် အချက်အလက် များအရ ကနဦး၌ မြဝတီမြို့၌ ဆက်ဆံရေးရုံး တစ်ရုံးအား ဦးစွာ ဖွင့်လှစ် သွားမည် ဖြစ်ကာ အခြားနေရာ များ၌ ထပ်မံ ဖွင့်လှစ် နိုင်ရေး အတွက် လာမည့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ၌ ဆက်လက် ဆွေးနွေး သွားကြမည် ဖြစ်သည်။

နှစ်ဖက် အကြား ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆွေးနွေးရန် အတွက် ကိုယ်စားလှယ် အဖွဲ့ တရားဝင် ဖွဲ့စည်း ပေးရန် နှင့် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့မှ စတင်၍ ပြည်ထောင်စု အဆင့် ဆွေးနွေး ပွဲကို စတင် ကျင်းပ သွားရန်လည်း နှစ်ဖက် သဘောတူ ခဲ့ကြသည်။

ABSDF တပ်ဖွဲ့ဝင်များ လက်ရှိ အခြေစိုက်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း နယ်မြေများ ပြင်ပ အခြားသို့ သွားလာ လိုလျှင် လက်နက်မပါ ဥပဒေနှင့် အညီ သွားလာရန် ကိုလည်း အစိုးရ ကိုယ်စားလှယ် ဘက်မှ ဆွေးနွေးပွဲတွင် သဘော တူညီမှု ပေးခဲ့သည်။

ယခုကဲ့သို့ လက်မှတ် ရေးထိုး နိုင်ရန် အတွက် ကျောင်းသား တပ်မတော် အနောက်ပိုင်း (အန္ဒိယ)၊ မြောက်ပိုင်း (ကချင်)၊ ထိုင်းနိုင်ငံ မဲဆောက်နှင့် ချင်းမိုင် အခြေပြု လှုပ်ရှားနေသည့် အင်အားစု အားလုံး၏ ကိုယ်စားလှယ်များ ပါဝင်ကြောင်း ဥက္ကဋ္ဌ ရဲဘော် သံခဲက ခရီးစဉ် မစတင်မီ ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့သည်။

ကျောင်းသား တပ်မတော်၏ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရေး ကိုယ်စားလှယ်ကို ဥက္ကဋ္ဌ ရဲဘော် သံခဲမှ ဦးဆောင်ကာ ဒု ဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ ရဲဘော် ကျော်ကို၊ ရဲဘော် မိဆူးပွင့်၊ ရဲဘော် ဆန်နီ၊ ရဲဘော် မောင်မောင်ဦး၊ ရဲဘော် သူရ၊ ရဲဘော်အောင်ဆွေဦး၊ ရဲဘော် မင်းဇော် တို့ ပါဝင် တက်ရောက် ခဲ့ကြသည်။

အစိုးရ ဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ဒုဥက္ကဋ္ဌ ဦးအောင်မင်း နှင့် ဦးသိန်းဇော်၊ ထပ်မံ၍ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဦးဇေယျာအောင် တို့မှ အသီးသီး တက်ရောက် ခဲ့ကြသည်။

သဘော တူညီချက် အရ ယနေ့ သြဂုတ်လ (၅) ရက်နေ့မှ စကာ နှစ်ဖက် ပစ်ခတ် တိုက်ခိုက် မှုများ ရပ်စဲကြမည် ဖြစ်ပြီး အပစ်အခတ် ရပ်စဲ ထားသည့် ကာလတွင် ABSDF တပ်ဖွဲ့ဝင် များနှင့် တပ်မတော် တပ်ဖွဲ့များ အကြား ပဋိပက္ခ ဖြစ်ပွားခြင်း၊ တိုက်ပွဲများ မဖြစ်ပေါ် စေရန် ထိန်းသိမ်း ဆောင်ရွက် သွားရန် ကိုလည်း နှစ်ဖက် ကိုယ်စားလှယ်များ သဘောတူ ခဲ့ကြသည်။

ကျောင်းသား တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၂ ခုုနှစ် ဖေဖော်ဝါရီက အစိုုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီနှင့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများ စတင် ပြုလုပ် ခဲ့သည်။

မကဒတ ကိုယ်စားလှယ် များ၏ ပြည်တွင်း လေ့လာမှု ခရီးစဉ်ကို ၂၀၀၂ ခုုနှစ် ဒီဇင်ဘာမှ ၂၀၁၃ ခုုနှစ် ဇန်နဝါရီလ အတွင်း တကြိမ် ပြုလုုပ်ခဲ့သည်။

ထို့အပြင် တွေ့ဆုံ ညှိနှိုင်းရေး အလုပ် အဖွဲ့ဝင် များသည် ယခုုနှစ် မေလ ကလည်း ငြိမ်းချမ်းရေး စင်တာ တာဝန် ရှိသူ များနှင့် ပထမ အကြိမ် သွားရောက် တွေ့ဆုံခဲ့သည်။

၁၉၈၈ ခုနှစ်တွင် ပေါ်ပေါက် ခဲ့သည့် အထွေထွေ သပိတ် နောက်ပိုင်း တောခိုကာ မြန်မာ အစိုးရ အဆက်ဆက်အား တော်လှန် တိုက်ပွဲဝင် ခဲ့သည့် ကျောင်းသား တပ်မတော် အနေဖြင့် (၂၅) နှစ် အကြာတွင် ပထမဆုံး အကြိမ် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး နိုင်ကြ ခြင်းလည်း ဖြစ်သည်။

Most read this week