နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရန် အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ၏ (Technical Team) အဖွဲ့သည် လာမည့် သြဂုတ်လ ၄ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ၏ ငြိမ်းချမ်းရေး နည်းပညာ အထောက်အကူပြု အဖွဲ့ (Technical Team) နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့၌ တွေ့ဆုံ ဆွေးနွေးရန် ရှိကြောင်း ဒေါက်တာ မင်းဇော်ဦးက ဆိုပါ သည်။
“မွန်ပြည်သစ်ပါတီ ယခု သွားနေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ် တွေကို ဆွေးနွေးဖို့ နှစ်ဖက် Techanical Team အဖွဲ့က အ ရင်တွေဆုံ ဆွေးနွေး ကြတာပါ။ မြိတ် ဘက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲကိစ္စတွေကြောင့် တွေ့ကြတာ မဟုတ်ပါဘူး။” ဟု ဆိုပါ သည်။
ဤဆွေးနွေးပွဲသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ညီလာခံ ကျင်းပပြီး နောက် UNFC အဖွဲ့ဝင်အား အစိုးရမှ ပထမဆုံးအကြိမ် တွေ့ဆုံသော နိုင်ငံရေးဆွေးနွေး ပွဲလည်း ဖြစ်ပါသည်။ ဤ ဆွေးနွေးပွဲသည် UNFC ညီလာခံ၏ ရပ်တည်မှုကို ခြိမ်းခြောက်နိုင်ဖွယ် ရှိနေသည်ဟု ပြည်တွင်းရှိ မွန်နိုင်ငံရေးခေါင်းဆောင်က ဆိုပါ သည်။
အစိုးရသည် UNFC ၏ ရပ်တည်ချက်များကို ၄င်းတို့၏ အားနည်းသော အဖွဲ့ဝင်များဖြင့် ချေဖျက်ရန် တုန့်ပြန် လေ့ရှိသ ဖြင့် မွန်ပြည်သစ်ပါတီနှင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ခြင်းသည် တုန့်ပြန် စမ်းသပ်ကွင်း ဖြစ်နိုင်ဖွယ်ရှိသည်ဟု မွန်ခေါင်းဆောင်များက ဆိုနေကြခြင်း ဖြစ်ပါသည်။
အစိုးရတပ်ဖွဲ့များသည် နယ်မြေလုံခြုံရေးကို အကြောင်းပြပြီး ပြီးခဲ့သည့်ဇူလိုင် (၁၆) ရက်နေ့တွင် တနင်္သာရီတိုင်း မြိတ်ခ ရိုင်ရှိ NMSP စခန်းကို တိုက်ခိုက်ခဲ့သည့်အပြင် သုမင်္ဂလံကျေးရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့ပါ သည်။ ဤပြသနာ၌ မှားယွင်းစွာ ပစ်ခတ်ခဲ့သည်ဟု အစိုးရဖက်မှ အကြောင်းပြသော်လည်း NMSP တပ်မှူးများ ကမူ တမင်ပစ်ခတ်ခဲ့သည်ဟု ဆိုနေပါ သည်။
ဤကဲ့သို့ အပေါ်စီးရရှိနိုင်သည့် အဖွဲ့များအား အစိုးရသည် UNFC ညီလာခံပြီးပြီးချင်း နိုင်ငံရေးအရ ဆွေးနွေးလို သည်ဟု ဖိတ်ကြားခြင်းသည် သတိထားရမည့် အချက်ဟု မွန်နိုင်ငံရေးသမားများက ဆိုလိုခြင်းဖြစ် ပါသည်။ အကြောင်းမှာ UNFC အဖွဲ့ဝင်များသည် အစိုးရလိုလားသော တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး ပွဲကို သတိထား တုန့်ပြန်လိုက် သည့်အပြင်၊ ၂၀၀၈ အခြေ ခံဥပဒေ ဆန့်ကျင်ခဲ့ပါသည်။ ဤသို့ကြောင့် အစိုးရဖက်မှ တုန့်ပြန်လာတော့မည်မှာ သေ ချာသည်ဟု ဆိုပါသည်။
မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် အစိုးရနှင့် ပထမအကြိမ် အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့သည့် တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးမူကို လက်မခံ သောကြောင့် နှစ်ဖက် အပစ်ရပ်ရေးကို ပျက်ပြယ်စေခဲ့ပါသည်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မွန်ပြည်သစ်ပါတီသည် ဒုတိယအကြိမ် အစိုးရအဖွဲ့နှင့် ပြည်နယ် အဆင့် အပစ်ရပ်ရေးကို ထပ်မံသဘောတူ လက်မှတ် ရေးထိုးခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော် မတီနှင့် ငါးကြိမ် တိုင်တိုင် တွေဆုံခဲ့သည်။ ဤအချိန်အထိ အစိုးရနှင့် ထပ်မံတိုက်ပွဲဖြစ် ပွားခဲ့ခြင်း မရှိပေ။