ဆာမူရိုင်းဂိုဏ်းပြဿနာ ချင်းမိုင်အာဏာပိုင်များနှင့် သျှမ်းအဖွဲ့ပူးပေါင်းအဖြေရှာ

ဆာမူရိုင်းဂိုဏ်းပြဿနာ ချင်းမိုင်အာဏာပိုင်များနှင့် သျှမ်းအဖွဲ့ပူးပေါင်းအဖြေရှာ
by -
သျှမ်းသံတော်ဆင့်

ဂျူလိုင် ၂၁ ရက် မွန်းလွဲ ၁ နာရီမှာ ညနေ ၄ နာရီ သျှမ်းအဖွဲ့များစုပေါင်း၍ ထိုင်းနိုင်ငံ ချင်းမိုင် မြို့ အုပ်ချုပ် ရေးပိုင်းဆိုင်ရာ အကြီးအကဲများအား ပင့်ဖိတ်ကာ ဖြစ်ပေါ်ခဲ့သော ဆာမူရိုင်း ဂိုဏ်းပြဿနာအား ၀ပ်ကူတောက် ဘုန်းကြီးကျောင်း၌ ဆွေးနွေးတိုင်ပင် ဝိုင်းဝန်းအဖြေရှာကြ ခြင်း ဖြစ်သည်။

လူမှုအသိုင်းအဝိုင်းတွင်အထူတကွနေထိုင်နိုင်ဖို့နှင့် နားလည်မှုတည်ဆောက်ခြင်းဆဲမ်မီနာ

“မဖြစ်ပေါ်ခင် ကြိုတင်တားဆီးဖို့၊ ဖြစ်နေသောပြဿနာကို ဖြေရှင်းဖို့ ဖြစ်တယ်။ ဒါကြောင့် ကျနော်ကိုယ်တိုင် ပါ ၀င်တဲ့ သျှမ်းဘက်က ကိုယ်စားလှယ် ၁၀ ယောက်အဖွဲ့ဖွဲ့တယ်။ ချင်းမိုင်အာဏာပိုင် တွေနဲ့ လက်တွဲ ပြီး ပြဿနာကို စုပေါင်းဖြေရှင်းသွားမယ်” - ဟု ထိုင်းနိုင်ငံ သျှမ်းပညာရေးနှင့် ယဉ်ကျေးမှု အသင်း ဥက္ကဌ စိုင်းဆိုင်မိဏ်း မန်းကောန်း က ပြောသည်။

ထို့အတူ ထိုင်းနိုင်ငံ ချင်းမိုင် ဒုတိယ အုပ်ချုပ်ရေးမှူး မစ္စတာ အဒီးဆွန် ကမ်နွတ်ဆီကလည်း - “ကျနော်က ဖှန် (ဖှန်မြို့နယ်သား) ဇာတိ ကျနော့်အနွယ်လဲ ထိုင်းယိုင် (သျှမ်း) လူမျိုးပါ ဘဲ။ ကျနော့် တာဝန်က ထိုင်းအမျိုးသား လုံခြုံရေးအဓိကဖြစ်တယ်။ ဖြစ်ပေါ်လာတဲ့ ပြဿနာကို ကျနော်တို့ လက်တွဲ ဖြေရှင်းသွားရပါလိမ့်မယ်။ အခု တင် ပြ ဆွေးနွေးတဲ့အချက်တွေ လဲ ကျနော်မှတ်သားပြီး ကြပ်မှတ် စီစစ်သွားပါ့မယ်” - ဟု ပြောသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် လူပေါင်း ၂၀၀ ကျော်ထဲက - ပြဿနာဖြစ်လာလျှင် ဝါးလုံးရှည်ဖြင့် မရမ်း သင့်ကြောင်း၊ ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုပ် ဆိုသကဲ့သို့ မိမိ၀မ်းရေး အတွက် ရိုးသားစွာ ရှာဖွေစား သောက်ကြသူများပါ အခက်အခဲကြုံတွေ့ စေကြောင်း၊ ထိုင်း သတင်း သမားများလည်းဘက်မျှစွာ ရေးသား ထုတ် လွှင့်သင့်ကြောင်း၊ ဆာမူရိုင်း ဂိုဏ်း ပြဿနာအပြင် ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထား သူများ လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့်၊ လွတ်လပ်စွာဗီဇာတိုးခွင့်၊ ထိုင်းလူမျိုးများ တန်းတူ ဘတ်သုံး ဆယ်တန်ဆေးဝါးကုသခွင့်များ - - စသဖြင့်တင်ပြကြသည်။

စိုင်းဆိုင်မိန်း မန်းကောန်းနှင့် မစ္စတာအဒီးဆွန် ကမ်နွတ်ဆီ

လူမှုအသိုင်းအဝိုင်းတွင် အတူတကွနေထိုင်ဖို့နှင့် နားလည်မှုတည်ဆောက်ဖို့ ဆဲမ်မီနာကို ချင်းမိုင်မြို့ သျှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ နှင့် ထိုင်းနိုင်ငံ သျှမ်းပညာရေးနှင့် ယဉ်ကျေးမှုအဖွဲ့တို့ကမကထပြု ကျင်းပခဲ့ခြင်းဖြစ်သည်။

ဂျွန်လနှောင်းပိုင်းက သျှမ်းလူငယ်ဟု ယူဆရသည့် ဆာမူရိုင်းဂိုဏ်းအမည်ရ လူတစု က ချင်း မိုင် ခရိုင်အတွင်း ညပိုင်းသွားလာသူများအား ဓါးဖြင့်လိုက်လံ ခုတ်သတ်မှုဖြစ်ပေါ် ခဲ့ကြောင်း၊ ထို့အတွက် ထိုင်းနိုင်ငံ အမှတ် ၅ ရဲဌာနချုပ်မှ  တညလျှင် လမ်းသွားလာသူ သျှမ်းလူမျိုးများ အား စိစစ်သည့်အမှု ၅၀ အနည်းဆုံးရှိရမည်ဖြစ် ကြောင်း ရဲစခန်းတိုင်းသို့ ညွှန်ကြားခဲ့သည်။ ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားတန်းလျားများသို့လည် မကြာခဏ ၀င်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ကာရာအိုကေဆိုင်များ၊ စားသောက်ဆိုင်များ၊ ညဆိုင်းအလုပ် ဆင်းသူများ၊ ညပိုင်း ပညာလေ့လာ ဆည်းဖူးသူများ အတွက် အခက်အခဲဖြစ်စေသည့်အပြင် မကျေနပ်သည့် ထိုင်း လူငယ်တစု တုန့်ပြန်ရန်စ ရိုက်နှက် သတ်ဖြတ်မှုများလည်း ပေါ်ပေါက် ခဲ့သည်ဟု အခမ်းအနား တက်ရောက်လာသူများက ပြောပါသည်။

Most read this week