ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တောင်းဆိုချက် ရခိုင်ပါတီ ပယ်ချ

ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တောင်းဆိုချက် ရခိုင်ပါတီ ပယ်ချ
by -
နိရဥ္စရာ

ဇူလိူင်လ ၁၀ ရက်နေ့က ကုလ သမဂ္ဂ  အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်မှ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ရိုဟင်ဂျာဆိုသူတွေကို နိုင်ငံသား အဖြစ် အသိအမှတ်ပြုပေးဖို့ တောင်းဆိုချက်ကို ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ပယ်ချလို်က်ပါတယ်။

ကုလသမဂ္ဂ တွင်းရေးမှူး တစ်ဦးရဲ့ တောင်းဆိုချက်ဟာ  မြန်မာ အစိုးရ အပါအဝင် မြန်မာလူထုနဲ့ ရခိုင်ပြည်သူတွေရဲ့ ဆန္ဒ သဘောထားတွေကို မျက်ကွယ်ပြုရာ ရောက်တဲ့ အတွက် ခုလို ပယ်ချရတာ ဖြစ်တယ်လို့ ပါတီ အထွေထွေ အတွင်းရေးမှူး ဦးလှစောက ပြောပါတယ်။

Bkm

ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံမှာ မွတ်စလင် ရိုဟင်ဂျာတွေရဲ့ နိုင်ငံသား ဖြစ်ခွင့် အပါအဝင် လူမျိုးစုတွေရဲ့ ဥပဒေဆိုင်ရာ ပြဿနာတွေကို မြန်မာ အာဏာပိုင်တွေ အနေနဲ့ လိုအပ်သလို စီစဉ် ဆောင်ရွက်ပေးဖို့ အရေးကြီးတယ်လို့  ဇူလိုင်လ ၁၀ ရက်နေ့က ထုတ်ဖေါ် ပြောဆိုလိုက်ပါတယ်။

ခုလို ပြောဆိုတာဟာ ရခိုင်ပြည်ရဲ့ အရှိတရား အပေါ် လုံးဝ နားမလည်ဘဲ လက်လွှတ်စပယ် ပြောဆိုရာ ရောက်တယ်လို့ သူက ပြောပါတယ်။ ဒါပြင် သူ့တောင်းဆိုမူဟာ OIC အစည်းဝေးပီးတဲ့ နောက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ အတွက် OIC ရဲ့ နောက်ဆက်တွဲ ဂယက်နဲ့ အဲဒီ နောက်ကွယ်မှာ မမြင်နိုင်တဲ့ ရိုတ်ခတ်မူလို့  သူက ဆိိုပါတယ်။

” ဒီလို မြန်မာနိုင်ငံနဲ့ ရခိုင်ဒေသရဲ့ အခြေအနေမှန်တွေကို တစ်စုံတစ်ရာ နားမလည်ဘဲနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူး တစ်ဦးက  ခုလို တောင်းဆိုတဲ့  အပေါ်မှာ  လုံးဝ လက်မခံနိုင်ဘူး” လို့လည်း သူက ဆက်ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ အတွင်းရေးမှူးရဲ့ ထုတ်ဖေါ် ပြောဆိုချက်တွေထဲမှာတော့ ဒီအခြေအနေတွေကို ဆောင်ရွက်ဖို့ ပျက်ကွက်မယ်ဆိုရင် လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ထိခိုက်မယ့်အပြင်၊ ဒေသတွင်းမှာလည်း အနုတ်လက္ခဏာဆောင်တဲ့ တုံ့ပြန်မှု ဂယက်တွေနဲ့ အတူ အခြေအနေ မတည်ငြိမ်မူတွေ ပေါ်ပေါက် လာနိုင်တယ်လို့လည်း သတိပေးပြောဆိုပါတယ်။

မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ အချုပ်အချာအာဏာပိုင် နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ အတွက် မည်သူမဆို လေးစား လိုက်နာရန် လို်ကြောင်းနဲ့ ပုံစံမျိုးစုံနဲ့ အကြောင်းပြ ဖိအားပေး တောင်းဆိုနေမူတွေ အပေါ်မှာလည်း စိတ်ပျက်မိတယ်လို့ ဦးလှစောက ပြောဆိုသွားပါတယ်။

ခုလို ကုလ သမဂ္ဂအတွင်းရေးမှူး ဘန်ကီမွန်းက ရိုဟင်ဂျာ (ဘင်္ဂါလီ) တွေ နိုင်ငံသားဖြစ်ခွင့် အပါအဝင် လူနည်းစုရဲ့ နစ်နာချက်တွေကို တရားဝင်ဖြစ်စေဖို့ အာဏာပိုင်တွေက လိုအပ်တဲ့ လုပ်ဆောင်မှုတွေရှိဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂ ကြေညာချက် ထုတ်ပြန်တောင်းဆိုတာကို မြန်မာ အစိုးရကလည်း ပယ်ချလိုက်ပါတယ်။

ပြည်ပက သုံးနှုန်းနေတဲ့ ရိုဟင်ဂျာ တိုင်းရင်းသား၊ မျိုးနွယ်စုဆိုတဲ့ အသုံးအနှုန်းဟာ မြန်မာနိုင်ငံမှာ သုံးနှုန်းခြင်းမရှိဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကူးလာသူများ ဖြစ်တဲ့ အတွက်  ဘင်္ဂါလီဟုသာ သုံးစွဲကြောင်းနဲ့ သူတို့ရဲ့ နိုင်ငံသား ဖြစ်ခွင့်ကိုလည်း ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့  နိုင်ငံတော်သမ္မတရဲ့  ပြောရေးဆိုခွင့်ရှိသူ ထိပ်တန်း အစိုးရ အရာရှိကြီး တစ်ဦးဖြစ်တဲ့  ဦးရဲထွဋ်က ပြောဆိိုတယ်လို့ The Voice မှာ ဖေါ်ပြထားပါတယ်။

Most read this week