က.လ.လ.တ လူငယ်အဖွဲ့ ဘော်လခဲမြို့တွင် လူမှုရေးလုပ်ငန်း ဆောင်ရွက်ရန်ရှိ

က.လ.လ.တ လူငယ်အဖွဲ့ ဘော်လခဲမြို့တွင် လူမှုရေးလုပ်ငန်း ဆောင်ရွက်ရန်ရှိ
by -
ကန္တာရဝတီတိုင်း(မ်)

ဘော်လခဲမြို့တွင် ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (က.လ.လ.တ) လူငယ်အဖွဲ ့အစည်းက တစ်ခြားလူမှုရေးအဖွဲ ့အစည်းများနှင့် ပူးပေါင်းပြီး လူမှုရေးလုပ်ငန်းများ လုပ်ဆောင်သွားရန် ရှိတယ်လို့ သိရပါတယ်။  

လူငယ်နာယက တစ်ဦးဖြစ်တဲ့ မအယ်ဗလင်းက “လူထုတွေနဲ့အနီးကပ်ပေါ့နော်။ လူမှုရေးလုပ်ငန်းတွေ မှာအတူတူ ပူးပေါင်းဆောင်ရွက် သွားဖို့တချို့ လိုအပ်နေတဲ့ လူမှုရေးအခန်းကဏ္ဍတွေမှာ လူမှုရေး အသင်းအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး (က.လ.လ.တ) လူငယ် တွေအနေနဲ့ ဒီဘော်လခဲက ပြည်သူ လူထုတွေနဲ့ လူမှုရေးလုပ်ငန်းတွေ တစ်စိုက်မတ်မတ် လုပ်သွားဖို့ဆိုတဲ့ ရည်မှန်းချက်တွေရှိတယ်” လို့ပြောပြသွားပါတယ်။

(က.လ.လ.တ) လူငယ်အဖွဲ ့အစည်းအနေနဲ့ ဘော်လခဲမြို့တွင်ယခင်က လူမှုရေးလုပ်ငန်းများနှင့် အခြားအခန်းကဏ္ဍတွေ မှာ ဆောင်ရွက်ပေးခဲ့ခြင်း မရှိသေးတဲ့ အပြင် လူထုတွေအကြားလဲ ရင်းနှီးမှုမရှိသေး တဲ့အတွက် လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်ပေး နိုင်ရန်အတွက် လူထုတွေအနဲ့လည်း ပူးပေါင်းဆောင် ရွက်ဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။

ယခုအချိန်တွင် လူမှုရေးလုပ်ငန်း စီမံကိန်းများ တိတိကျကျ မဖော်ပြနိုင်သေးသော်လည်း ပြုလုပ်နိုင်ဖို့ရန် အတွက် ရှေးဦးစွာ လူငယ်ရုံးဖွင့်လှစ်ပြီး လူထုများနှင့် စတင်ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Most read this week