သျှမ်းပြည်တပ်မတော် SSPP/SSA နယ်မြေအတွင်း မြန်မာအစိုးရတပ်အချင်းချင်း မှားယွင်း ပစ်ခတ် သည့် တိုက်ပွဲကြောင့် ၉ ဦးထက်မနည်းသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရှိသည်ဟု ဆိုသည်။
“ရန်သူက ဘုန်းကြီးကျောင်းထဲမှာရှိတယ်အထင်နဲ့ ကျောင်းနားရောက်တာနဲ့ ချတော့တာဘဲ။ လားရှိုးလက်အောက်ခံ တပ်က တိုက်ဖို့ အမိန့် ရထားတာကိုး။ တကယ်တော့ ရန်သူက ကျောင်းထဲမှာ မရှိတော့ ဘူး။ ဗမာစစ်တပ်ကဘဲ ဘုန်းကြီးကျောင်းထဲမှာ ရှိနေတာ ။အလူးအလဲခံလိုက်ရတာက စကခ ၁၇ လက် အောက်ခံ တပ်ရင်းကလို့ သိရတယ်။ ဒီမှားယွင်းတိုက်ပွဲက နှစ်ဘက်စလုံး ၉ ယောက်သေတယ်။ ရမခ လက်အောက်ခံဘဲ ၁၀ ယောက်ကျော်တယ် ဒဏ်ရာရတာ” - ဟု အစိုးရတပ် နှင့် နီးစပ်သည့် သျှမ်းပြည်မြောက်ပိုင်း ပြည်သူ့စစ် အရာရှိတဦးက ပြောပါတယ်။
ဇွန် ၂၅ ရက်နေ့ နံနက်က ကျေးသီးမြို့မြောက်ဘက် မိုင် ၃၀ ကျော် ၀မ့်ဝပ် ဘုန်းကြီးကျောင်း အတွင်းရှိနေသည့် ခမရ ၅၂၅ ၊ ခမရ ၅၆၉ တို့အား အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရမခ လက်အောက်ခံ ပူးပေါင်းအင်အားတပ်ရင်း ၃ ရင်းက နံနက် ရ နာရီမှ ၉ နာရီခွဲအထိ ၀ိုင်းရံတိုက် ခိုက်ခြင်းဖြစ်သည်။
“အခုလောလောဆယ်တော့ တိုက်ပွဲမရှိတော့ဘူး။ ကားလမ်းမြောက်ဘက်ခြမ်းလာရင်တော့ ကျနော် တို့နဲ့ ထပ်ဖြစ်မှာဘဲ။ အခုသူတို့အချင်းချင်းမှားတိုက်တာကို ကျနော်တို့ တပ်စခန်းကို တက်သိမ်း သယောင်ဝါဒဖြန့်သေးတယ်။ ကျနော်တို့နဲ့ ၂၃-၂၄ ရက်က လာတိုက်တာလဲ သူတို့တအားသေတယ်။ သူတို့အချင်းချင်း မှားတိုက်တာလဲ ထပ်သေကြတယ်” – ၀မ့်ဟိုင်းမှ အရာရှိတဦးက ပြောပါသည်။
၀မ့်ဟိုင်းအခြေစိုက် မြောက်ပိုင်း သျှမ်းပြည်တပ်မတော် SSPP/SSA နယ်မြေတွင် အစိုးရတပ်ရင်း ၂၀ ရင်းထက်မနည်း အင်အားဖြည့်လှုပ်ရှားနေသည်။