Published
Thursday, June 27, 2013 - 09:29
အစိုးရအဖွဲ့ ကော်မတီ လေးခုဖွဲ့စည်း
ပြည်ထောင်စု အစိုးရအဖွဲ့ အမိန့်ကြော်ညာစာအမှတ် ၃၃၊ ၃၄၊ ၃၅၊ ၃၆ တို့ဖြင့် အစိုးရကော်မတီ လေးရပ်ကို ဇွန်လ ၂၄ ရက်နေ့က ဖွဲ့စည်းလိုက်သည်။
နိုင်ငံခြားရေးရာ မူဝါဒကော်မတီနှင့် စီးပွားရးကော်မတီကို နိုင်ငံတော် သမ္မတ က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် သည်။
ပညာရေး၊ ကျန်းမာရေးနှင့် လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် ဒု-သမ္မတ(၁)က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး တိုင်းရင်းသားရေးရာ ၊ ပြည်သူရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီတွင် သမ္မတရုံး ဝန်ကြီးဌာန (၆) ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်ပြန်တမ်းတွင် ပါရှိသည်။