လူငယ်ထုအကြား မူးယစ်ဆေးဝါး လျော့ချနိုင်ဖို့ အစိုးရမှ အစီအစဉ်ကောင်းများ ချမှတ်ရန်လိုအပ်

လူငယ်ထုအကြား မူးယစ်ဆေးဝါး လျော့ချနိုင်ဖို့ အစိုးရမှ အစီအစဉ်ကောင်းများ ချမှတ်ရန်လိုအပ်
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်အတွင်း လူငယ်များကြား မှုးယစ်ဆေးဝါးသုံးစွဲမှု မြင့်မားလာတဲ့အလျောက် ပြန်လည်လျော့ချနိုင်ဖို့အစိုးရမှ အစီအစဉ်ကောင်းများ ချမှတ်ရန်လိုအပ်နေပြီလို့ ကရင်နီပြည်လူငယ်များသမဂ္ဂ UKSY က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

UKSY ဟာ ပြီးခဲ့တဲ့အပတ်ထဲက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP နဲ့ အစိုးရတို့ရဲ့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သက်သေအဖြစ် တက်ရောက်ခဲ့သူပါတယ်။

လူငယ်အများစုဟာ လူနေမှုဘဝအခြေအနေ မလုံလောက်မှု ဘဝတက်လမ်းအတွက် အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေ မရှိတဲ့အတွက်ကြောင့် ယခုလို မူးယစ်ဆေးဝါးသုံးစွဲမှု လမ်းကြောင်းပေါ် ပိုပြီး ရောက်ရှိသွားကြတာ ဖြစ်တယ်လို့ ကရင်နီပြည်လူငယ်များသမဂ္ဂ UKSY မှ ခွန်းအားသန်းက ပြောပါတယ်။

“လူတွေက  ကျောင်းပြီးရင်တောင်မှ တော်ရုံတန်ရုံ အသိုင်းအဝိုင်းထဲမှာ လုပ်စရာမရှိသလို ဖြစ်နေ တယ်။ ဟေးလားဝါးလားနဲ့ တခုတည်းသောအား ကောင်းကောင်းနဲ့ ရှိနေတဲ့လမ်းက ဘာလဲဆိုရင် မူးယစ်ဆေးဝါး သုံးစွဲမှု လမ်းကြောင်းပေါ့နော်။ ဆိုတော့ အဲဒီ လမ်းကြောင်းတွေ ရေးစီးကြောင်းတွေပေါ် အားလုံးမျောနေတာတွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ဖြစ်စေချင်တာက မူးယစ်ဆေးဝါး လျော့ကျဖို့ဆိုရင် သေချာတယ်…  ဒီနိုင်ငံအစိုးရကိုယ်နှိုက်က STATE HOLDER တွေအားလုံးပေါင်းပြီးတော့ PLAN ကောင်းကောင်းလေးလိုပါတယ်”

ကယားပြည်နယ်အတွင်း မူး ယစ်ဆေးဝါးကင်းစင်ရေး နဲ့ပတ်သက် ပြီး KNPP နဲ့ အစိုးရတို့ရဲ့ ပထမအကြိမ် ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည့်အတွက် ယခု ဒုတိယ အကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးမှု သဘောတူညီချက် လက်မှတ်ရေးထိုးစဉ်မှာတော့ အချက်တခုအနေနဲ့ ထည့်သွင်းခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

အခုလို ကယားပြည်နယ်အတွင်း မူးယစ်ဆေးဝါးကဲ့သို့သော ပြဿနာများကို အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ အပစ်ခတ်ရပ်စဲရေး ယူပြီးသည့်နောက် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ပြီး အမြန်ဆုံးအကောင်ထည်ဖော် ဖြေရှင်းပေး နိုင်ဖို့ မျှော်လင့်ကြောင်း ခုလိုဆက်ပြောပါတယ်။

“အကောင်ထည် ဖော်စေချင်တာပေါ့။ မြန်မာပြည် တပြည်လုံးရဲ့ပြဿနာ ၊ ကျနော်တို့ပြည်နယ်ရဲ့ ပြဿနာကဟာ နိုင်ငံရေးပြဿနာပဲ။ အဲတော့ နိုင်ငံရေးပြဿနာပြေ လည်မှ အေးချမ်း တယ်လို့ကျနော်တို့ ပြောလို့ရမှာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံး အကောင်ထည်ဖော်ဖို့ပေါ့နော်။ ကျနော်တို့ အပစ်ခတ်ရပ်စဲရေး ယူပြီးမှ   သေချာပြီဆိုတာနဲ့ နိုင်ငံရေးဆွေးနွေး ပွဲတွေအမြန်ဆုံး အကောင်ထည်ဖော်ပြီးမှ တကယ့်ပြဿနာအရင်းမြစ်ကို အဖြေရှာပြီး ၀ိုင်းဝန်း ဆောင်ရွက်ကြမှပဲ ကျနော်တို့ ကျနော်တို့တိုင်းပြည်က အမြန်ဆုံး ငြိမ်းချမ်းမယ်လို့  ယူဆပါတယ်"

ဒီကိစ္စကိုတော့ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မှာ အစိုးရနှင့် KNPP တို့ ထပ်မံထည့်တွင်း ဆွေးနွေး ခဲ့ကြပါတယ်။

ဆွေးနွေးပွဲအပြီးမှာ  မူးယစ်ဆေးဝါးပပျောက်ရေးနှင့် လူမှုဘဝ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို နိုင်ငံတော် အစိုးရ၊ ပြည်နယ်အစိုးရနဲ့ KNPP တို့ ပူးပေါင်းဆောင်ရွက်ဖို့ကို ယခင် ဇွန်လ ၉ ရက်နေ့ ပထမအကြိမ် ငြိမ်းချမ်းရေးတွေ့ဆုံပွဲမှာ ကတည်းကပင် သဘောတူညီ ထားကြပြီးဖြစ်လို့ ယခုဆွေးနွေးပွဲ အပြီးမှာတော့ သဘောတူညီချက် ထုတ်ပြန်ကြေငြာတဲ့ အချက်တွေထဲ ထည့်သွင်းခြင်း မပြုလုပ်တော့ပါဘူး။

Most read this week