လားရှိုးပဋိပက္ခ အကြမ်းဖက်မှု ပါဝင်ပတ်သက်သူများအား ရုံးထုတ်စစ်ဆေး

လားရှိုးပဋိပက္ခ အကြမ်းဖက်မှု ပါဝင်ပတ်သက်သူများအား ရုံးထုတ်စစ်ဆေး
by -
သျှမ်းသံတော်ဆင့်

လားရှိုးမြို့တွင် ဖြစ်ပွားခဲ့ပြီးသော ပဋိပက္ခနှင့်ပတ်သက်၍ ပါဝင်ပတ်သက်သူများ အား ရုံးတင်စစ်ဆေးခဲ့ ကြောင်း သိရသည်။

လားရှိုးပဋိပက္ခတွင်ပါဝင်သူများအား ရုံးတင်စစ်ဆေး (ဓါတ်ပုံ- လင်းလင်း(လားရှိုး))

ပဋိပက္ခတွင်ပါဝင်ပတ်သက်သူများဟု ဆိုကာ ဖမ်းဆီးထိန်းသိမ်းထားသူများအနက်  (၂၉)  ဦးကို  အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)အရ  တရားစွဲ ရာ တရားရုံးကစစ်ဆေးပြီး ခြေချုပ်နှင့်ခံဝန် အက် ဥပဒေပုဒ်မ(၁၁)အရ   (၆)လ အတွင်း (၁၄)ရက်လျှင်တစ်ကြိမ်  ကောင်းမွန် စွာနေ ထိုင်ကျင့်ကြံကြောင်း သက်ဆိုင် ရာရဲစခန်း သို့ သတင်းပို့ သွားရန် ယခုလ ၁၃ ရက်နေ့က  လားရှိုးမြို့နယ်တရားရုံး မြို့နယ်တရား သူကြီးက ခြေချုပ်အမိန့်ချမှတ် လိုက်သည်။

၎င်းတို့သည် အများပြည်သူဆိုင်ရာ လမ်းမများပေါ်တွင် ဆူပူအုံကြွမှုကိုဖြစ်ပေါ်စေနိုင်သည့် လူစုလူဝေး  ပြု လုပ်ခြင်းကြောင့်  ရာဇဝတ်ပြစ်မှုကြီးများဖြစ်ပေါ်စေခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေး ချမ်း မှုကို ထိခိုက်အောင်ပြုလုပ်ရေး၊အများပြည်သူအထိတ်တလန့် ဖြစ်စေ ရေးများထပ်မံမဖြစ် ပေါ်အောင် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟုလည်း တရားရုံးအသိုင်းအဝိုင်းကပြောပါသည်။

ဤသို့ဖြင့် ခြေချုပ်အမိန့်ချ  ခံရသူ(၂၉)ဦးအား ပြန်လွှတ်လိုက်ပြီးနောက်   လားရှိုးမြို့ရပ်ကွက်တချို့ရှိ အစ္စလာမ် ဘာသာဝင် အိမ်ထောင်စုများမှာစိုးရိမ်ထိတ်လန့်မှုဖြစ်နေပြီး  ပြောင်းရွှေ့နေ ထိုင်မှုအတွက် ပြုလုပ်ပြင်ဆင် ခဲ့ကြ သည်ကို တွေ့ရှိရသည်။ လားရှိုးမြို့တွင်းတွင်လည်းကောလဟာလသတင်းများ ကြောင့်ပင် ညပိုင်းတွင်လူသွားလူလာ ခြောက်ကပ် သွားသည် ကို တွေ့ရှိ ရသည်။

ထို့အတွက်ကြောင့် လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင် အားဆက်သွယ်မေးမြန်းရာတွင် လားရှိုးမြို့ ရပ်ကွက်တိုင်း၌ နေ့စဉ်နှင့်အမျှ (၂၄)နာရီပတ်လုံး လုံခြုံရေး အစဉ် ချ၍ ကင်းလှည့်ပတ် မှုရှိခဲ့ကြောင်း၊ အရေးပေါ်ပုဒ်မ(၁၄၄) ဆက်လက်ထုတ်ပြန်ထားသည်နှင့်အညီ မသင်္ကာ ဖွယ်ရာလူအုပ်စုများ တွေ့ရှိက ချက်ခြင်းပင်ခေါ်ယူစစ်ဆေးကြောင်းပြောဆိုပါသည်။

လားရှိုးတမြို့လုံးတွင် အရေးပေါ် ပုဒ်မ(၁၄၄)ကို  မေလ ၂၈ ရက်ည(၈:ဝဝ)နာရီမှ စတင်ထုတ်ပြန်ပြီး  ၂၉ ရက် နေ့မှစ၍လုံခြုံရေးအထူးအဖွဲ့ (၅)ဖွဲ့ ဖွဲ့ဖြင့် စောင့်ကြပ်ထားကြောင်းလည်းပြောဆိုပါသည်။

၎င်းကဆက်၍ လားရှိုးမြို့ ရပ်ကွက်များအတွင်း ကောလဟာလသတင်းများထွက်ရှိနေ၍ ပြည်သူများအနေဖြင့် ကြားသိရသောကောလဟာလသတင်းများ မှန်ကန်ခြင်း ရှိ/မရှိကို  ဖုန်းနံပတ် (၀၈၂-၂၆၁၉၉, ၀၈၂-၂၆၃၃၃, ၀၈၂-၂၆၄၄၄)  များထံသို့   လွတ်လပ်စွာဆက်သွယ် မေးမြန်းနိုင်ကြောင်းပြောပြသွားပါသည်။

Most read this week