ရန်ကုန် မလေးရှားသံရုံးရှေ့ ဆန္ဒပြရန် လျှောက်ထားမှု သက်ဆိုင်ရာက ခွင့်မပြု

ရန်ကုန် မလေးရှားသံရုံးရှေ့ ဆန္ဒပြရန် လျှောက်ထားမှု သက်ဆိုင်ရာက ခွင့်မပြု
by -
နိရဥ္ဇရာ

ရန်ကုန်မြို့ရှိ မလေးရှားသံရုံးရှေ့တွင် လူပေါင်း ၁၀၀ ကျော် ဆန္ဒပြရန် လူမူဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် လျှောက်ထားမှုကို သက်ဆိုင်ရာမှ ခွင့်မပြုကြောင်း သတင်း ရရှိသည်။

malay ဇွန် ၁၄ ရက် နေ့စွဲပါ ရုံးတံဆိပ်ဖြင့်  ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှဆန္ဒပြရန် ခွင့်မပြုကြောင်း ထုတ်ပြန်ပေးခဲ့ သည်ဟု သတင်းရရှိသည်။

မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ရခြင်းအကြောင်းအရင်းမှာ မလေးရှား နိုင်ငံတွင် ရှိသော အခြား နိုင်ငံခြားသားများ တန်းတူ မြန်မာနိုင်ငံသားများကိုလည်း ဥပဒေကြောင်း အရ ကာကွယ် စောင့်ရှောက်ဖို ့နှုင့် တန်းတူ အခွင့်အရေး ပေးရေး အတွက် ဖြစ်ကြောင်း မြန်မာ့ လူမှုဘဝ ဖွံဖြိုး တိုးတက်ရေး ကွန်ရက်မှ ဦးသက်နိုင်က ပြောသည်။
ဆန္ဒထုတ်ဖော်ပွဲကို ဇွန်လ ၁၅ ရက် နံနက် ၁၀ နာရီ မိနစ် သုံးဆယ်မှ ၁၁ နာရီ အထိ မြန်မာနိုင်ငံ ရန်ကုန်မြို့ မလေးရှား သံရုံး အရှေ့ လမ်းတဖက်ခြမ်းတွင် ငြိမ်းချမ်းစွာ ပြုလုပ် စီစဉ်ခဲ့သည်ဟု ဆိုသည်။ မလေးရှားတွင်ရောက် ရှိနေသော မြန်မာနိုင်ငံသားများ  ယခုထက်ပိုမိုသည့် အခြေအနေမျိုး ဆိုးဝါးစွာ ခံစားလာရပါက ဆန္ဒပြမှုကို မဖြစ်မနေ  ပြုလုပ်သွားမည် ဖြစ်ကြောင်း လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့ဝင် ကိုနေမျိုးဇင်က ပြောကြားသည်။

မလေးရှားသံရုံးရှေ့တွင် ဆန္ဒ ဖေါ်ထုတ်ပွဲ ပြုလုပ်မည် ဆိုသဖြင့် လူငယ် အချို့ လာရောက် ခဲ့ကြသည်ဟု ဆိုသည်။
ဆန္ဒပြရန်ရောက်ရှိလာသော လူငယ်များထဲ တစ်ဦး ဖြစ်သူ ကိုမျိုးဇော်က နိရဥ္စရာသို ့ ယခု လို ့ ပြောသည်။

“ကျနော်တို ့ကမလေးရှားမှာ အကြမ်းဖက် ခံနေရတဲ ့မြန်မာတွေ အတွက် မလေးရှားသံရုံးရှေ ့မှာ ဆန္ဒပြဖို ့ လာကြတာပါ။ အစိုးရက ခွင့်မပြုဘူး ဆိုတာတော့ မသိဘူး။ ဒီနေ ့ ပြမယ်ဆိုတော့ လာကြတာပါ။ ခွင့်ပြုချက်မရဘူး ဆိုတာ ဒီကိုရောက်မှ သိပါတယ် “ဟု ပြောသည်။

ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဇွန် ၁၄ ရက် နေ့စွဲဖြင့်  ပေးပို့သော စာတွင် ဆန္ဒပြခွင့်မပြုသည့် အကြောင်းအရင်းမှာ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်၊ အလုပ်သမား အလုပ် အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း ဦးဆောင်သည့် အထူး ကိုယ်စားလှယ် အဖွဲ့သည် မလေးရှားနိုင်ငံသို့ ရောက်ရှိနေပြီး ဖြစ်ကြောင်း၊ နိုင်ငံအတွင်းရှိ သံရုံးရှေ့တွင် ဆောင်ရွက်ခြင်းဖြစ်၍ လုံခြုံရေးအရ ပြဿနာများ မဖြစ်ပွားစေရန် အတွက် ငြင်းပယ် ခြင်း ဖြစ်ကြောင်း ပါရှိသည်ဟု ဆိုသည်။

မလေးရှား နိုင်ငံတွင် မေ ၃၀ ရက်မှ စတင်ပြီး  မြန်မာ နိုင်ငံသားများ အပေါ် အုပ်စုဖွဲ့  အကြမ်းဖက် တိုက်ခိုက်မှုများ ရှိခဲ့ပြီး၊  တရားဝင် စာရင်းများအရ လူခုနှုစ်ဦး သေဆုံးခဲ့ကာ  ၁၀ ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့ကြသည်ဟု ထုတ်ပြန်ထားသော စာရင်းဇယား အရ သိရသည်။

Most read this week