အမုန်းပွားစေရေးနှင့် အကြမ်းဖက်မှုဖြစ်ပေါ်စေရေး ဆန့်ကျင်ရေးမူ အစိုးရလုပ်ဆောင်သင့်ဟု ပဋိပက္ခ လေ့လာသူပြော

အမုန်းပွားစေရေးနှင့် အကြမ်းဖက်မှုဖြစ်ပေါ်စေရေး ဆန့်ကျင်ရေးမူ အစိုးရလုပ်ဆောင်သင့်ဟု ပဋိပက္ခ လေ့လာသူပြော
by -
မဇ္စျိမ

တိုင်းရင်းသားလူမျိူးအချင်းချင်း အမုန်းပွားစေရေးကို လုံးဝဆန့်ကျင်ပြီး အကြမ်းဖက်မှု ကို လုံးဝဆန့်ကျင်သည့်မူတစ်ခု မြန်မာအစိုးရအနေဖြင့် စတင်လုပ်ဆောင်ချိန်ကျ ရောက်ပြီဖြစ်ကြောင်း လူမှုရေးပညာရှင် တစ်ဦးဖြစ်သည့် တရုတ်လူမျိုး Mr. Igor Biazevic က ပြော လိုက်သည်။

 ဇွန်လ ၁၁ ရက်က တော်ဝင်နှင်းဆီတွင် ပြုလုပ်ခဲ့သည့် Buddhism & Non Violence Public Talk ဟောပြောဆွေးနွေးပွဲတွင် ပြောလိုက်ခြင်းဖြစ်ပြီး ယင်းပွဲကို ဆွေးနွေးသူသုံးဦး
ဖြစ်သော တရုတ်လူမျိုး Mr. Igor Biazevic, Mr. Ajam Sulak Sivaraksa နှင့် စာရေးဆရာ ဦးတင်မောင်သန်း တို့ကပြောဆို ဆွေးနွေးခဲ့ကြပါသည်။

Mr. Igor Biazevic က "နိုင်ငံတော်က အကြမ်းဖက်မှုတွေ မဖြစ်လာအောင်လုပ်ဖို့ တာဝန်ရှိပါတယ်။ မြန်မာ အစိုးရက ပဋိပက္ခတွေအပေါ်မှာ ကြားနေမဟုတ်ဘဲ အမုန်းပွားစေရေး လှုံ့ဆော်ပြောဆိုမှုတွေ၊ အမုန်းတရားဖြစ်စေတဲ့ လုပ်ငန်းတွေဆန့်ကျင်ဖို့ အချိန်ရောက်နေပါပြီ" ဟု ပြောသည်။

ထိုဆွေးနွေးပွဲတွင်  Mr. Ajam Sulak Sivaraksa ကလည်း လူမျိုးတစ်မျိုးနှင့် တစ်မျိုး ချစ်ကြည်လာနိုင်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး ဘာသာတရားနှင့် နိုင်ငံရေးမှာ လုံးဝ ခွဲခြား၍ မရကြောင်းလည်း ပြောသည်။

Mr. Igor Biazevic က ဆက်လက်၍ "အစိုးရက ပဋိပက္ခတွေကို လက်တွေ့ကျကျဆန့်ကျင်ဖို့ အချိန်ကျရောက် ပါပြီ။ စကားလုံးတွေနဲ့ မလုံလောက်ပါဘူး။ အစိုးရက အမုန်းပွားစေရေးနဲ့ အကြမ်းဖက်မှု ဆန့်ကျင်ဖို့မှု တစ်ခု ထုတ်ပြန်ဖို့လိုပါတယ်။ အကြမ်းဖက်မှုတွေ မဖြစ်လာအောင် နိုင်ငံတော်မှာ တာဝန်ရှိပါတယ်" ဟုလည်းပြောကြားခဲ့သည်။

၎င်းဆွေးနွေးပွဲတွင် ဆွေးနွေးသူ ဦးတင်မောင်သန်းကလည်း မြန်မာနိုင်ငံ၏ ပဋိပက္ခအရေးများသည် အလွန်ကျယ်ပြန့်ပြီး ၎င်းအရေးများတွင် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးများပါဝင်ကြောင်း ၎င်းက
ပြောခဲ့သည်။

ပဋိပက္ခအရေးများတွင် အစိုးရတစ်ဖက်တည်းမှ မဟုတ်ဘဲ မီဒီယာနှင့် အခြားပါဝင်ပတ်သတ်သူများလည်း ပူးပေါင်းရန် လိုအပ်သည်ဟုလည်း Mr. Igor Biazevic က ပြောကြားသည်။