ကယားပြည်နယ် တက္ကသိုလ်ဝင်တန်း အောင်ချက် ဆယ်ရာခိုင်နှုန်းကျော် ကျဆင်း

ကယားပြည်နယ် တက္ကသိုလ်ဝင်တန်း အောင်ချက် ဆယ်ရာခိုင်နှုန်းကျော် ကျဆင်း
by -
ကန္တာရဝတီတိုင်း(မ်)

ယခု၂၀၁၃ နှစ် ကယားပြည်နယ် ရဲ့ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းဟာ ဆယ်ရာခိုင်းနှုန်းကျော် ကျဆင်းနေတယ်လို့  ပြည်နယ်ပညာရေးမှူးရုံးမှ ပြုစုထားတဲ့ အောင်ချက် ရာခိုင်နှုန်းမှတ်တမ်းအရ သိရှိရပါတယ်။

ယခုနှစ် ကယားပြည်နယ်ရဲ့ အောင်ချက်ရာခိုင်နှုန်းဟာ ၂၅.၅၂ ရာခိုင်နှုန်းဖြစ်ပြီး ယခင် ၂၀၁၂ ခုနှစ် အောင်ချက်ရာခိုင်နှုန်း ၃၆.၇၇ နဲ့ နိုင်းယှဉ်ရင်တော ၁၁.၂၅ ရာခိုင်နှုန်း ကွာခြားနေတာကို တွေ့ရပါတယ်။

ယခုလို တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းကျဆင်းတဲ့  ကိစ္စနဲ့ ပတ်သက်ပြီး ကယားပြည်နယ် ပညာရေးမှူးရုံးသို့ သွားရောက် ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ လက်ခံ ဖြေကြားခြင်း မရှိပါဘူး။

ကယားပြည်နယ်ရဲ့ ခုနှစ်မြို့နယ်ထဲက ဖြေဆိုသူ ကျောင်းသူကျောင်းသားပေါင်း ဦးရေဟာ ၃၁၀၃ ဦးရှိပြီး အောင်မြင်သူ ရ၉၁ ဦးသာရှိပါတယ်။

ဂုဏ်ထူးရှင်တွေကတော့ ၆ ဘာသာဂုဏ်ထူးရှင် ၁ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၄ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ရ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၂၄ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၁၀၈ ဦးဖြစ်ပါတယ်။

ယခု ၂၀၁၃ ခုနှစ်ရဲ့ အောင်ချက်ရာခိုင်နှုန်းဟာ ယခင် ၂၀၁၁ ခုနှစ်မှ စ၍ ပြုစုခဲ့သော အောင်ချက်ရာခိုင်နှုန်းပြ ဇယားအရ အနိမ့်ဆုံး ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

Most read this week