ကယားပြည်နယ်အတွင်း လိုင်စင်မဲ့ကားတွေ နေရာတော်တော်များများမှ ဝင်ရောက်လာသဖြင့် လိုင်စင်မဲ့ကား များ ဖောင်းပွမှု မရှိရလေအောင် ယာဉ်စည်းကမ်းများကိုလည်း ထိန်းသိမ်းနိုင်အောင်ဆိုပြီး လမ်းတွေပေါ် သွားလာလျက်ရှိတဲ့ လိုင်စင်မဲ့ကားတွေကို စစ်ဆေးပြီး ဖမ်းဆီးဖို့ အကန့်အသတ်မရှိ ပြည်နယ်အစိုးရကနေ အမိန့်ထုတ်ပြန်ထားပါတယ်။
ပြည်နယ်အစိုးရကနေ အမိန့်ထုတ်ပြန်ထားချက်အရ စတင်စစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ ယခုအချိန် မှာ ကားသွားလာမှုတွေ နည်းပါးနေပြီး လိုင်စင်မဲ့ရှိတဲ့ ကားပိုင်ရှင်တွေလည်း လမ်းပြင်ပ မမောင်းရဲတော့ပဲ အိမ်ထဲ ခြံဝင်းအတွင်းမှာသာ သိမ်းထားကြရပါတယ်။
ယခုလိုပြုလုပ်ရခြင်းနဲ့ပတ်သက်လို့ ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန် အောင်က ယခုလိုရှင်းပြသွားပါတယ်။
"ဒီလို without ကားတွေကို ထားမယ်ဆိုရင် ဖေါင်းပွ မယ်ပေါ့လေး ဖေါင်းပွလာတာနဲ့အမျှ ယာဉ်တိုက်မှုတွေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ ဖေါ်ဆောင် တဲ့နေရာမှာ ခက်ခဲတာပေါ့နော။ အဲဒါကြောင့်မလို့ နောက်ပြီးတော့မှ ဗမာပြည်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မှ ဆောင်ရွက်နေတယ် ကျွန်တော်တို့ ကယားပြည် ဘက်မှာ ဆောင်ရွက်တဲ့ အတွက်ကားတွေက ကျွန်တော်တို့ ဆီမှာ လာစုနေသလို ဖြစ် တာပေါ့နော။ ဒီတော့ ကျွန်တော့တို့ လိုက်မဖမ်းဘူး၊ လမ်းပေါ်၊ မြို့ပေါ်တက်လာရင်တော့ ဖမ်းမယ်လို့ ကျွန်တော်တို့အဲဒီလိုပြောထား တာပေါ့နော။ ဒီလိုအမိန့်ထုတ်ထား တယ်။"
ပြည်နယ်အစိုးရကနေ အခုလို အမိန့်ထုတ်ပြန်လိုက်ပြီးနောက် မြို့နယ်အလိုက် အထွေထွေအုပ်ချုပ်ရေးရုံးမှ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ မြို့နယ်အလိုက် ရဲတပ်ဖွဲ့ဝင်တွေက သွားလာနေကြတဲ့ ကားတွေစစ်ဆေးမှုတွေပြု လုပ်နေကြပါတယ်။
လိုင်စင်မဲ့ကားပိုင်ရှင်တွေအနေနဲ့ ပြည်နယ်အစိုးရသော်လည်းကောင်း၊ ပြည်ထောင်စု အစိုးရသော်လည်း ကောင်း တရားဝင်ဖြစ်အောင် ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ အသနားစာတင်ပြနိုင်ရင်တော့ ပြည်နယ်အဆင့် အတွင်း သွားလာလို့ရနိုင်တဲ့ လိုင်စင်တွေကို ကြိုးစားဆောင်ရွက်ပေးနိုင်ဖို့ အစီအစဉ် ရှိနိုင်တယ်လို့ ဆိုပါတယ်။
"တရားဝင်ဖြစ်အောင်ဆောင်ရွက်ပေးနိုင်ဖို့ မေတ္တာရပ်ခံ၊ အသနားခံပြီးတော့မှ တောင်းရင် ကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာဖြစ်လည်း ဆိုတော့ ဒီလိုပြောရင်းဆိုရင်းနဲ့ နောက်ဆုံး ကျွန်တော်တို့ ကယားပြည်နယ် အနေနဲ့ ကားတွေ၊ ဆိုင်ကယ်တွေ၊ တရားဝင်ဖြစ်အောင်လုပ်ခဲ့တာပေါ့ . . သို့သော်လည်း ဘဲကျွန်တော်တို့ လုပ်ခဲ့တဲ့ ကယားပြည်နယ်က ဆိုင်ကယ်တွေဟာ ကျွှန်တော်တို့ ကယားပြည်မှာဘဲ စီးလို့ရတာပေါ့" ဝန်ကြီးက ဆက်ပြောသွားပါ တယ်။
ယခုလိုလမ်းတွေပေါ် သွားလာလျှက်ရှိတဲ့ ယာဉ်တွေကို ဇွန်လ ၃ ရက်နေ့မှာစတင် စစ်ဆေးခဲ့တာဖြစ်ပြီး လိုင်စင်မဲ့ ယာဉ်တွေကို တွေ့ရှိပါက ဖမ်းဆီးသိမ်းဆည်းမည့်အပြင် ယာဉ်မောင်းကိုလဲ ဥပဒေနဲ့ အညီ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။