သမ္မတကြီး ဦးသိန်းစိန်အား ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်မှ တွေ့ဆုံပါက တင်ပြဆွေးနွေးမည့် အချက်များ ရရှိရန် သျှမ်းပြည်တွင်းနို်င်ငံရေးပါတီ နှင့် လက်နက်ကိုင်အဖွဲ့အစည်းများ ၊ လူမှုအဖွဲ့အစည်းများပါ၀င်သော ဆွေးနွေး ပွဲတရပ်ကို ထိုင်းနယ်စပ်တွင် ၂ ရက် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဂျွန် ၁ ရက်နေ့မှ ၂ ရက်နေ့ အထိ ကျင်းပ ခဲ့ခြင်းဖြစ်သည်။ သျှမ်းအဖွဲ့အစည်း ၁၀ ခုကျော်မှ ကိုယ်စားလှယ် ၅၀ ကျော် တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲနှင့်ပတ်သက်၍ ပါ၀င်ဆွေးနွေးခဲ့သည့် သျှမ်းတိုင်းရင်းသာများဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ̏ ဂျွန်လ ၁၀ ရက်နေ့ကျရင်ဦးသိန်းစိန်နဲ့ RCSS ခေါင်းဆောင်တို့ တွေ့ဆုံ ဖို့ရှိတယ်။ အဲ့ဒီအတွက် လူထုရဲ့သဘောထားကိုသိချင်တယ်ဆိုတဲ့ အတွက်ကြောင့်ပါ။ RCSS/SSA ဟာ စစ်တပ်ဆိုပေမယ့် လူထုကပေါက်ဖွားလာတာဖြစ်တဲ့အတွက်လူထုရဲ့သဘောထားကိုမေးမြန်းရတာ ဖြစ်ပါတယ် ̋ ဟု ပြောပါသည်။
အစိုးရနှင့်တိုင်းရင်းသားများအကြား နိုင်ငံရေးဆွေးနွေးပွဲများပေါ်ပေါက်လာခဲ့ပါက နိုင်ငံတကာအား သက်သေ အဖြစ်ခေါ်ယူရန်၊ ၁၇/၁ ပုဒ်မ ပယ်ဖျက်ပေးဖို့ သမ္မတကြီးထံ တောင်းဆိုရန် အစရှိအချက်များ ဆွေးနွေးခဲ့ကြ ကြောင်း စိုင်းလိတ်ကပြောပါသည်။
“ နိုင်ငံရေးဆွေးနွေးပွဲအခါကျရင် ထိုင်း အမေရိက အီးယူ အစရှိနိုင်ငံတွေကို သက်သေအဖြစ်ခေါ်ဖို့ တင်ပြဖို့ အကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ချီတက်ဖို့ ဒီမိုကရေစီနည်းလမ်းတကျ ပြုပြင်ဖို့ နောင်လာမယ့် ရွေး ကောက်ပွဲတွေမှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ ထားရှိနိုင်အောင် သမ္မတနဲ့တွေ့ရင်တောင်း ဆိုဖို့ စတာတွေ ပါတယ်။ အဓိကကျတဲ့ အချက်ဖြစ်တဲ့ ၁၇/၁ မတရားအသင်းဆက်သွယ်မှု ပုဒ်မ မရှိသင့်တော့ ဘူး။ နိုင်ငံရေး ကျဉ်းသားတွေအကုန်လွတ်ပေးဖို့လို တယ်။ ပြည်ထောင်စုနဲ့ဆိုင်တဲ့ ပြည်ထောင်စုတိုင်းရင်းသား ရေးရာဝန်ကြီး ဌာနထားဖို့လိုတယ်။ အဲဒီဌာနမှာ တိုင်းရင်းသား လက်နက်ကိုင် တွေရဲ့ ပုဂ္ဂိုလ်တွေလဲပါ၀င်ရ မယ်။ တိုင်းရင်းသား များ မိမိစာပေ သင်ယူခွင့်ပေးဖို့ စတဲ့အချက်တွေ ကိုသမ္မတကြီးဆီတောင်းဆိုပေးဖို့ ဆွေးနွေးပွဲ တက်ရောက် ခွင့်ရတဲ့ အဖွဲ့တွေက အကြံပြုသွားပါတယ်။̋ ဟု လည်း စိုင်းလိတ်က သျှမ်းသံတော်ဆင့် အားပြန်လည်ပြောပြ သည်။
သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်အား သမ္မတဦးသိန်းစိန်က ဖိတ်ခေါ်လိုက် သည်မှာ ကောင်းသည့် လက္ခဏာဟုမြင်မိကြောင်း၊ နိုင်ငံရေးဆွေးနွေးမှုအတွက်အစပျိုးတဲ့ခြေလှမ်း အဖြစ်မြင်ကြောင်းပြောဆိုပါသည်။
̏ အပစ်ရပ်ရုံနဲ့ ရေရှည်တည်တ့ံတဲ့ ငြိမ်းချမ်းရေးမဖြစ်နိုင်ဘူး။ ရေရှည်တည်တ့ံတဲ့ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေပွဲစရမယ်။ နိုင်ငံရေးဆွေးနွေးနိုင်အောင်တဖက်နဲ့တဖက် ယုံကြည်မှုတည်ဆောက်ရမယ် ။ အခုလိုမျိုး ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်ကို သမ္မတက ခေါ်လိုက်တယ်ဆိုတာ ယုံကြည်မှုတည်ဆောက် လိုက်တာ ဘဲ။ နိုင်ငံရေးဆွေးနွေးမှု ကိုခြေလှမ်းလှမ်းလိုက်တာဘဲ။ ကျနော်တို့ အနေနဲ့လဲ ဆွေးနွေးပွဲမှာပါ၀င်ခွင့်ရတာ ၀မ်းမြောက်ဝမ်းသာဖြစ်ပါတယ်။ အားလုံးအတွက်အကျိုးရှိရာရှိကြောင်းဖြစ်မယ်လို့မျှော်လင့်ပါတယ်။ အကုန် လုံးပါ၀င်မှ သင့်တော်မယ်လေ ဒါကြောင့်ခုကတည်းက အရှိန်ယူပြီး စလုပ်တာ ကောင်းတယ် ̋ ဟု စိုင်းလိတ် ကပြောဆိုပါသည်။
သျှမ်းပြည်တပ်မတော် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသည် အစိုးရနှင့် ပြည်ထောင်စုအဆင့်ငြိမ်း ချမ်း ရေးတည်ဆောက်ထားသောအဖွဲ့ဖြစ်သော်လည်း အစိုးရဘက်မှ တိုက်ပွဲ တကယ်ရပ်တန့်ခြင်းမရှိ သေးပေ။ အစိုးရနှင့်ထပ်မံတွေ့ဆုံဆွေးနွေးရပါက လူထုရသင့်ရထိုက်သော အခွင့်အရေးများတောင်းဆို ပေးနိုင်ရေး အတွက် အဆိုပါ ချင်းမိုင် ဆွေးနွေးပွဲကို စီစဉ်လိုက်ရခြင်းဖြစ်ကြောင်းလည်းပွဲတက်ရောက်သူများ က ပြောဆိုပါသည်။