ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးသည် ABSDF ၏ အဖြစ်ချင်ဆုံးဆန္ဒ

ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးသည် ABSDF ၏ အဖြစ်ချင်ဆုံးဆန္ဒ
by -
မဇ္စျိမ

တနင်္လာနေ့က ဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံပြီး နောက်ပိုင်း ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ  ဒီမိုကရက် တစ် တပ်ဦး က မြန်မာနိုင်ငံတွင် ၎င်းတို့၏ အဖြစ်ချင်ဆုံးဆန္ဒကို ထုတ်ဖော် ပြောဆိုလိုက်ကြောင်း သိရသည်။

ABSDF တပ်ဖွဲ့ဝင်  ရဲဘော် ကျော်ကို က “ABSDF အနေနဲ့ အဖြစ်ချင်ဆုံးကတော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးပါ” ဟု မဇ္စျိမ ကို ဖြေကြားသည်။

ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးသည် ABSDF ၏ အဖြစ်ချင်ဆုံးဆန္ဒ

 ရဲဘော် ကျော်ကို သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် တဦးဖြစ်သည်။

တနင်္လာနေ့က Myanmar Peace Center တွင်  အစိုးရနှင့် ABSDF တို့အကြား အပြန်အလှန် ညှိနှိုင်းဆွေးနွေး ပွဲများ ကျင်းပခဲ့ကြောင်း  ရန်ကုန်သို့ ရောက်ရှိလာသည့်  ABSDF ညှိနှိုင်းရေးအဖွဲ့ဝင် ရဲဘော်ကျော်ကို က ဆက်ပြောသည်။

၎င်းက “ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးတွေ ဆက်လုပ်နိုင်ဖို့အတွက် ကျနော်တို့ ABSDF က ညှိနှိုင်းဆွေနွေးရေးအဖွဲ့နဲ့ သူတို့ MPC (Myanmar Peace Center) ဘက်က Technical team (နည်းလမ်းရှာဖွေရေးအဖွဲ့) ပေါ့ဗျာ။ အပြန်အလှန် ညှိနှိုင်းဆွေးနွေးတဲ့ ပွဲပေါ့ဆွေးနွေးပါတယ်” ဟု ဆိုသည်။

ဝန်ကြီး ဦးအောင်မင်း နှင့်  ယနေ့ မနက်ပိုင်းက  နှစ်ဘက်ကိုယ်စားလှယ် အဖွဲ့ဝင်များ အပြန်အလှန်
နှုတ်ဆက်စကားပြောဆိုပြီး  နေ့လည် ၁ နာရီတွင် ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ကြောင်း သတင်းရရှိ သည်။

ဆွေးနွေးပွဲနှင့် ပါတ်သက်ပြီး ရဲဘော်ကျော်ကို က “ဆွေးနွေးပွဲ ရလဒ်တွေနဲ့ ပါတ်သက်ပြီး ကျနော်တို့ ဘာမှ မပြောနိုင်သေးဘူး။ မနက်ဖြန်လည်း ဆက်ဆွေးနွေးရဦးမှာ” ဟု မဇ္စျိမ ကိုပြောသည်။

အစိုးရနှင့် ABSDF နှစ်ဘက်အမြင်များအား အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဖလှယ်ခဲ့ကြပြီး ကျေနပ် အားရမှုရှိကြောင်း ၎င်း တို့၏ မျော်လင့်ချက်နှင့် ပါတ်သက်ပြီး “ကျနော်တို့ အကောင်းဆုံး အတွက် ၀ိုင်းဝန်း ကြိုးစားနေတာပါ။ အဲလိုပဲဖြစ်မယ်လို့ ကျနော် မျှော်လင့်ပါတယ်” ဟု ပြောဆိုသွားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မီတီနှင့် ၃ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးဖြစ်သလို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက လေ့လာရေးခရီးစဉ်အဖြစ် လာရောက်ခဲ့ဖူးသည်။

ကျောင်းသားတပ်မတော်ခေါ် ABSDF မှာ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ အင်အားစု အားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေးနှင့် ဒီမိုကရေစီရေး၊ လူ့အခွင့် အရေးနှင့် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တို့ကို အာမခံချက် ရှိသည့် အခြေခံဥပဒေတရပ် ပေါ်ပေါက် ရေးတို့အား ရည်မှန်းချက်ထားရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလက ထုတ်ပြန်ကြေငြာခဲ့ သည်။

ABSDF ခေါ် ကျောင်းသားတပ်မတော်သည် ရှစ််လေးလုံးအရေးတော်ပုံကြီးမှ ပေါက်ဖွားခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်တွင် ဖွဲ့စည်း ထူထောင်ခဲ့ပြီး စစ်အာဏာရှင်စနစ်အောက်မှ လွှတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု စနစ်ပေါ်ထွန်းရေး လက်နက်ကိုင် တိုက်ပွဲဝင်နေကြဆဲ ဖြစ်သည်။

ပြည်သူလူထု၏ ၁၉၈၈ ဒီမိုကရေစီ တောင်းဆိုအုံကြွမှုအား စစ်တပ်မှ အကြမ်းဖက် ဖြိုခွင်းလိုက်ပြီးနောက် လက်နက် ကိုင် တော်လှန်ရေးလုပ်ရန် နယ်စပ်ဒေသများသို့ ကျောင်းသားလူငယ်များ ထောင်နှင့်ချီ၍
ရောက်ရှိသွားခဲ့ကြခြင်း လည်းဖြစ်သည်။

တော်လှန်ရေး ကာလအတွင်း မကဒတ တပ်ဖွဲ့ဝင် ရဲဘော် ၆၂၇ ဦး၊ ထိခိုက်ဒဏ်ရာရ ရဲဘော် ၃၉၉ ဦး ပေးဆပ်ခဲ့ရသည်။

Most read this week