အချိုးကျ ကိုယ်စားလှယ် (Proportional Representation) PR စနစ် သည် လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေ မြန်မာ့တိုင်းရင်းသားလူထုအခြေအနေနှင့် မသင့်လျော်သေး ဟု ကျားဖြူပါတီ ဉက္ကဌ ဦးစိုင်း အိုက်ပေါင်းက ပြောပါသည်။
နောက်တကြိမ် ပြည်ထောင်စု လွှတ်တော် ပြန်ခေါ်လျှင် လက်ရှိ အာဏာရ မြန်မာ အစိုးရက PR စနစ် အသုံး ပြုမည့်အကြောင်း လွှတ်တော်အတွင်းဆွေးနွေးဖွယ်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြပါသည်။
“အင်္ဂလိပ်တို့၊ ပြင်သစ်တို့၊ ဂျာမဏီတို့က ဒီမိုကရေစီတိုင်းပြည်ဖြစ်လာတာ နှစ်ပေါင်း လေးငါးခြောက်ဆယ် လောက်ရှိပြီလေ။ ကျနော်တို့က အခုမှ စလာတာ။ ရွေးကောက်ပွဲအတွေ့အကြုံလဲ သိပ်မရှိသေးဘူး။ ကျ နော်တို့အနေတော့ မနှစ်သက်ဘူး၊ အဲဒီစနစ်ကို လက်မခံဘူး” - ဟု ကျားဖြူပါတီ ဉက္ကဌ စိုင်းအိုက်ပေါင်း ပြောပါသည်။
PR (Proportional Representation) ခေါ် အချိုးကျကိုယ်စားလှယ်စနစ်အား အသုံးပြုမည်ဆိုပါက - ဥပမာ လွှတ်တော်အမတ် ၁၀ ဦး အလိုရှိပြီး ယှဉ်ပြိုင်ပါတီ ၅ ပါတီ၊ ပါတီတခုက ၅၀% ၊ ကျန်ပါတီ နှစ်ခုအနက် တခုက ၃၀% ၊ ၂၀% ဖြင့် ထောက်ခံ မဲများရရှိလျှင် - ၅၀% ဖြင့်ထောက်ခံမဲရရှိသည့်ပါတီက ကိုယ်စားလှယ် ၅ ဦး၊ ၃၀% ခိုင်နှုန်းရရှိသည့် ပါတီက ၃ ဦး၊ ၂၀ % ခိုင်နှုန်းရရှိသည့်ပါတီက ၂ ဦး အောင်နိုင်သူများအားရွေးချယ် ရ မည် ဖြစ်သည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီသည် ၂၀၁၀ ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန်လျာထားသည့်မြို့နယ်အသီးသီးမှ ပညာတတ်လူငယ် ၅ ဦးစီ စာရင်းကောက်ကာ ကိုယ်စားလှယ်လောင်းများ စိစစ်နေကြောင်း ကြားသိရပါသည်။