မြန်မာသို့ ခိုလှုံလာသည့် ဘင်္ဂလာဒေချ့်မှ ဗုဒ္ဓဘာသာဝင်များ အတွက် ဆန်အိတ် ၁၀၀ လှူဒါန်း

မြန်မာသို့ ခိုလှုံလာသည့် ဘင်္ဂလာဒေချ့်မှ ဗုဒ္ဓဘာသာဝင်များ အတွက် ဆန်အိတ် ၁၀၀ လှူဒါန်း
by -
နိရဥ္စရာ

ရန်ကုန်မြို့ ကျောက်မြောင်း သာရေး နာရေး ကူညီမှုအ သင်းမှ မောင်တောမြို့နယ်သို့ ခိုလုံရန် ၀င်ရောက် လာကြသော တစ်ဘက်နိုင်ငံမှ ဗုဒ္ဂ္ဓဘာသာဝင်များ အတွက် ဆန်အိတ် (၁၀၀) လှူဒါန်းလိုက်ကြောင်း သတင်း ရရှိသည်။

narinjara17ဆန်အိတ် ၁၀၀ ဖိုးနှင့် ညီမျှသောငွေများကို ခိုလှုံရန် ရောက်လာကြသည့် ဒုက္ခသည်များ အရေးကို အကျိုး ဆောင်ပေးနေသော  မောင်တောမြို့ ဗဟိုကျောင်းဆရာတော် အာစရထံသို့ တိုက်ရို်က်ပေးပို့ လှူဒါန်းခဲ့သည်ဟု ဆိုသည်။

“ ငွေလှူတာက မနေ့က မေလ ၁၆ ရက်နေ့မှာ လှူတာပါ။ လူကိုယ်တိုင်လာပြီး လှူတာတော့ မဟုတ်ပါဘူး။ ဆန်အိတ် ၁၀၀ နဲ့ ညီမျှတဲ့ငွေကို  ရန်ကုန်ကို သွားလည်တဲ့ မောင်တောက ဦးအောင်မင်းနိုင်နဲ့ လွဲပေး လိုက်တာပါ” ဟု မောင်တော ဗဟိုကျောင်း ဆရာတော် ဦးအာစာရက နိရဥ္စရာသို့ မိန့်ကြားသည်။

ဘင်္ဂလာဒေချ့် နိုင်ငံရှိ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ စစ်တကောင်း တောင်တန်းနယ်မှ မြန်မာနိုင်ငံထဲသို့  အကြောင်းအမျိုးကြောင့်  ပြောင်းရွေ့ အခြေချရန် ၀င်ရောက်လာသူ မိသားစုပေါင်းမှာ  ၂၅၁ စု၊ လူဦးရေ အားဖြင့် ၈၀၀ကျော်ရှိနေပြီး ဖြစ်သည်။

ထိုအထဲမှ လတ်တလော ၀င်ရောက်လာသူ  မိသားစု  ၂၀ (လူပေါင်း ၆၀) ခန့်မှာ မောင်တော ဗဟိုကျောင်း တွင် ဆက်လက် ခိုလှုံနေဆဲ ဖြစ်ကြောင်း ဆရာတော်က ပြောသည်။

“အခု အချိန်ထိ ဆရာတော်ကျောင်းမှာ လူပေါင်း ၆၀ လောက် ရှိပါသေးတယ်။ သူတို့အတွက် ဆန်အိတ် ၁၀၀ ဆိုတာကတာ့ မလုံလောက်ဘူး။ မိသားစုတစ်စုကို တလအတွက် ဆန် ၂ အိတ်နုန်းနဲ့ထောက်ပံ့ရပါတယ်။ ဦးဇင်းကတော့ သူတို့ကို နောင်နှစ် စပါးပေါ်တဲ့ အချိန်ထိ  အကူအညီတွေ ပေးကြဖို့ စေတနာရှင်တွေကို မေတ္တာရပ်ခံထားတယ်။  ဒါကြောင့် မိုးမကျမီ သူတို့အတွက် ဆန်နဲ့ တခြားလိုအပ်တဲ့ ရိက္ခာ၊ ဆေးဝါးတွေကို  ရနိုင်သလောက် စုဆောင်း  နေတာ ဖြစ်ပါတယ်။”

အစပိုင်းတွင်း မောင်တောမြို့ရှိ လူမှု ကယ်ဆယ်ရေး အဖွဲ့အစည်းများနှင့် အာဏာပိုင်များမှ ထောက်ပံံ့မှု တချို့ရရှိခဲ့ သော်လည်း နောက်ပိုင်းတွင် အဆိုပါ ထောက်ပံ့ ကူညီမှုများမှာ အကြောင်း အမျိုးမျိုးကြောင်း ရပ်တန့်ခဲ့ ကြောင်း သိရသည်။

အလားတူ မြောက်ဦး၊ ကျောက်တော်နှင့် စစ်တွေမြို့တို့တွင်လည်း ဘင်္ဂလာဒေ့ချ်နို်င်ငံမှ ပြောင်းရွေ့ လာကြသူများကို ကူညီ ထောက်ပံ့ရန် အလှူငွေများ ကောက်ခံနေကြောင်း ၀ံလက် ဖောင်ဒေးရှင်း မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့်  ကိုခိုင် ကောင်းစံက ပြောသည်။

“ ကျွန်တော်တို့ အလှူငွေကောက်ခံထားတာက အခု ကျပ်သိန်း ၅၀ ရနေပါပြီ။  နောက်ပြီးတော့တခြား အလှူရှင် တွေ လှူထား တဲ့ငွေတွေကို ဒီရက် ပိုင်းအတွင်းမှာ ကောက်ပြီး သွားလှူမှာဖြစ်ပါတယ်။ ဒီမှာ လောလောဆယ် မုန်တိုင်းနဲ့  နည်းနည်း နောက်ကျနေတာဖြစ်ပါတယ်” ဟု ဆိုသည်။

ဒုက္ခသည်များအတွက် လတ်တလော အရေးတကြီး လိုအပ်နေသည်မှာ စားနပ် ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မူပင် ဖြစ်ကြောင်း ပြောသည်။ သူတို့ ဘဝ အနာဂတ် အရေးမှာလည်း မေးခွန်း ထုတ်စရာ အခြေအနေတွင် ရှိနေသးကြောင်း ကို်ခိုင်ကောင်းစံက ပြောသည်။

ဘင်္ဂလာဒေ့ချ်နို်င်တွင် လုပ်ကိုင် စား သောက်ရန် အခက်အခဲရှိပြီး ကလေးများပညာရေးနှင့် အနာဂတ် ဘဝရပ်တည်ရေး အပါအဝင် တခြား အကြောင်းများကြောင့် မြန်မာဘက်သို့  ပြောင်းရွေ့လာရခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဘက်သို့ ပြောင်းရွေ့လာသူ တစ်ဦးဖြစ်သူ ကိုအောင်ကျော်လှက ပြောသည်။

Most read this week