ညီညွတ်သောတိုင်းရင်းသားများဖယ်ဒရယ်ကောင်စီ UNFC က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လေ့လာဖို့ လာမည့် အပတ်၌ အင်္ဂလန်နိုင်ငံ အိုင်ယာလန် မြောက်ပိုင်းသို့ ထွက်ခွါ မည်ဖြစ်ကြောင်း ကြားသိရသည်။
ဥက္ကဌကြီး အဲန်ဘန်းလဦးဆောင်သည့် အတွင်းရေးမှူး နိုင်ဟံသာ၊ ဒေါက်တာခင်မောင်၊ ချင်းအမျိုးသား တပ်ဦးမှ ဦးဆော်လမွန်၊ လားဟူအဖွဲ့မှ ဦးဆော်လမွန်နှင့် ကေအိုင်အိုမှ ဦးဘွမ်ဝမ်လာရော်တို့ လိုက်ပါကြမည်ဖြစ်ကြောင်း ဆိုပါသည်။
ထို့အပြင် ရခိုင်ပါတီဖြစ်သော ALP မှ လည်းလိုက်ပါမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့်အဖွဲ့လည်း ပြီးခဲ့သည့်လက အိုင်ယာလန်မြောက်ပိုင်း သို့ ငြိမ်းချမ်းရေးသွားရောက် လေ့လာခဲ့ကြသေးသည်။
UNFC သည် ပြီးခဲ့သည့် ဧပြီလကလည်း ဂျပန်နိုင်ငံသို့ သွားရောက်၍ ဂျပန်အစိုးရ၏ ဝန်ကြီးများနှင့်တွေ့ဆုံ ကာ မြန်မာ ပြည် တိုင်းရင်းသားများ ဒေသအတွင်းဖြစ်ပေါ်နေသည့်အခြေအနေများနှင့် တိုင်းရင်းသားများ၏ ရပ်တည် ချက် ဆန္ဒသဘောများကိုဆွေးနွေးတင်ပြခဲ့သည်။ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမြန်မာနိုင်ငံ ငြိမ်းချမ်း ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများတွေ့ဆုံဆွေးနွေးနိုင်ရေး ငြိမ်းချမ်းစွာအဖြေရှာ နိုင်ရေးအတွက် ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်ဟုလည်း UNFC အတွင်းရေးမှူး နိုင်ဟံသာက ပြောပြခဲ့ဖူး သည်။