၆၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ ကမ္ဘာအနှံ့ကျင်းပ

၆၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ ကမ္ဘာအနှံ့ကျင်းပ
by -
ဟွန်းဟကောင်း၊ မိကျလွန်းထော
၁၃၇၀ ခုနှစ် တပို့တွဲလဆုတ် ၁ ရက်နေ့တွင် ကျရောက်ခဲ့သော ၆၂ ကြိမ်မြောက်မွန်အမျိုးသား နေ့ကို မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရှိသော မွန်အမျိုးသားတို့သည်လည်း မိမိတို့ သက်ဆိုင်ရာ ဒေသအသီးသီး၌ ဆင်နွှဲကျင်းပကြသည်။ မြန်မာနိုင်ငံတွင် မွန်အမျိုးသားနေ့ကို ရန်ကုန်၊ မန္တလေးနှင့် မွန်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် ...

၁၃၇၀ ခုနှစ် တပို့တွဲလဆုတ် ၁ ရက်နေ့တွင် ကျရောက်ခဲ့သော ၆၂ ကြိမ်မြောက်မွန်အမျိုးသား နေ့ကို မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရှိသော မွန်အမျိုးသားတို့သည်လည်း မိမိတို့ သက်ဆိုင်ရာ ဒေသအသီးသီး၌ ဆင်နွှဲကျင်းပကြသည်။

မြန်မာနိုင်ငံတွင် မွန်အမျိုးသားနေ့ကို ရန်ကုန်၊ မန္တလေးနှင့် မွန်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပကြပြီး မွန်ဒေသတစ်ခုလုံး၏ ဗဟိုအနေဖြင့် ယခုနှစ်တွင် ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာ၌ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ ကြီးမှူးကျင်းပခဲ့ပြီး ပရိတ် သတ်တစ်သောင်းခွဲမျှ တက်ရောက်ခဲ့သည်။ ထိုအခမ်းအနားတွင် မွန်တို့၏ သမိုင်းကြောင်း၊ စာပေ၊ ယဉ်ကျေးမှုနှင့် ဓမ္မစေတီမင်းကြီး၏ အပိန္နဆောက်ခေါင်းလောင်းကြီးအကြောင်းကို ဖတ် ကြားခဲ့ကြသည်ဟု ၆၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေး ကော်မတီဥက္ကဌ ဒေါက်တာ မင်းစိုးလင်းက ပြော သည်။

ဒေါက်တာ မင်းစိုးလင်း၏ ပြောပြချက်အရ အခမ်းအနားကို နံနက် ရ နာရီတွင် စတင်ခဲ့ပြီး နေ့ ခင်း ၁၁ နာရီခန့်တွင် မည်သည့် အနှောင့်အယှက် အတားအဆီးမျှမရှိပဲ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီး အခမ်းအနားတွင် ဖတ်ကြားရမည့် စာတမ်းထဲတွင် အာဏာပိုင်များမှ အပိုဒ် ၂ ပိုဒ်ကို ဆင်ဆာဖြတ်ခိုင်းခဲ့သော်လည်း ၎င်းတို့မှ မည်သည့်အပိုဒ်ကိုမျှ မပယ်ထုတ်ခဲ့ပဲ မူရင်းရှိသည့်အတိုင်းကိုသာ ဖတ်ကြားခဲ့သည်။ ထိုစာတမ်းသည် ရန်ကုန်တိုင်းမှ တနင်္သာရီတိုင်း ရေဖြူ မြို့နယ်အထိ မွန်အမျိုးသားနေ့ကျင်းပသော နေရာတိုင်းတွင် ဖြန့်ဝေထားပြီးသား ဖြစ်သည်ဟု ဆိုသည်။

မွန်ပြည်နယ်တွင် ဤကဲ့သို့ လွတ်လပ်စွာကျင်းပခွင့်ရခဲ့သော်လည်း နှစ်စဉ်နှစ်တိုင်း သိမ်ဖြူ ကွင်းနှင့် ပဒုမ္မာကွင်းတို့တွင် ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့သော ရန်ကုန်မြို့ကြီးပေါ်တွင် ၁၉၉၅ ခုနှစ်နောက်ပိုင်းမှစပြီး အာဏာပိုင်များမှ ပိတ်ပင်ထားခဲ့သောကြောင့် ယခုအချိန်အထိ မွန် အမျိုးသားနေ့ ဟူသော ဆိုင်းဘုတ်ကို တင်ခွင့်မရခဲ့ပေ။ ထို့ကြောင့် ရန်ကုန်မြို့ပေါ်ရှိ မွန်လူမျိုး များသည် ရန်ကုန် Sedona Hotel ကြီးတွင် မိတ်ဆုံစားပွဲနှင့် တွေ့ဆုံပွဲအနေဖြင့် ကျင်းပခဲ့ပြီး ပရိတ်သတ် ၄၀၀ ကျော်မျှ တက်ရောက်ခဲ့သည်ဟု အခမ်းအနားကျင်းပရေး ကော်မတီဝင်တစ် ဦးက ပြောသည်။

အလားတူပင် ပြည်ပနိုင်ငံများတွင်လည်း မွန်လူမျိုးများ စုပေါင်းနေထိုင်ရာ (Australia, London,Norway,Fort wayne, Arizona, Korea, Singapore, Malaysia, Sirilanka,Thailand) စသော ဒေသအသီးသီးတွင်လည်း မွန်အမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ အထူးသဖြင့် မွန်လူမျိုးတို့ အများဆုံးနေထိုင်သော ထိုင်းနိုင်ငံတွင် မွန်အမျိုး သားနေ့ကို နေရာ အနှံ့ ကျင်းပခဲ့ကြသည်။

မွန်အမျိုးသားနေ့သည် သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တနင်္လာနေ့တွင် သမလမင်းနှင့် ၀ိမလမင်းတို့ ဟံသာဝတီမွန်နိုင်ငံတော်ကို တည်ထောင်ထားခဲ့သည့် နေ့ဖြစ်သောကြောင့် မွန် အမျိုးသားများအားလုံးအတွက် မေ့မရနိုင်သော နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်ပါသည်။