အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်ရန် ကရင်အမျိုးသမီး KWEG ပြင်ဆင်

အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်ရန် ကရင်အမျိုးသမီး KWEG ပြင်ဆင်
by -
ကေအိုင်စီ

ငြိမ်းချမ်းရေးဖြစ်စဉ်များကို လေ့လာစောင့် ကြည့်နိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် အမျိုးသမီးများ ပါ၀င်ပူးပေါင်းနိုင်ရေးအတွက် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စောင့်ကြည့်လေ့ လာမှုသင်တန်းကို ကရင်အမျိုး သမီးများဖွံ့ဖြိုးရေးအဖွဲ့-KWEG က ကျင်းပပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်၊  ဘားအံမြို့၊ ရတနာဒီပ အမှတ်(၉) ရပ်ကွက်ရှိ ကရင်အမျိုးသမီးများဖွံ့ဖြိုးရေးအဖွဲ့ရုံးတွင် မေလ ၂ ရက်မှ ၃ ရက်နေ့အထိ သင်တန်း ပြုလုပ်ခြင်းဖြစ်ပြီး ၎င်းသင်တန်းနှင့် ပတ်သက်၍ KWEG မှ နန့်သန္တာအောင်က ကေအိုင်စီသို့ ယခုလို ပြောသည်။

“ကျမတို့ ဒီသင်တန်းရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို အမျိုးသမီးတွေ ပါ၀င်ပူးပေါင်းနိုင်ဖို့နဲ့ အမျိုးသမီးငယ်တွေကို အမြင်ဖွင့်ပေးတာ ဖြစ်ပါတယ်။ ဒီသင်တန်းမှာ အမျိုးသမီးတွေကို မြို့နယ်အလိုက် ကျမတို့က ခေါ်ယူတာပါ၊” ဟု ပြောသည်။

လက်ရှိ နိုင်ငံပြုပြင်ပြောင်းလဲမှုတွင် အရေးကြီးသည့် အပစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အမျိုးသမီးများ ပါ၀င်လာ နိုင်ရန် ရည်ရွယ်ခြင်းဖြစ်၍ ယခုသင်တန်းမှာ အကျိုးရှိကြောင်း ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ အမျိုးသမီး ဥက္ကဌ နော်ယုဇနဝါ က ပြောသည်။

“အခုလို အမျိုးသမီးများ ငြိမ်းချမ်းရေး စောင့်ကြည်ရေး အမြင်ဖွင့်သင်တန်းဟာ အမြင်အားဖြင့် သေးငယ် ပေမယ့် လို့ နိုင်ငံတော်အတွက် အကျိုးအများကြီး ရှိပါတယ်။ အခုနိုင်ငံက ဖေါ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကို အမျိုးသမီးများအနေနဲ့ ကိုယ်နဲ့မဆိုင်သလို နေနေကြတယ်လေ။ ဒီလိုသင်တန်းလုပ်လိုက်တော့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရာမှာ အမျိုးသမီးပါ၀င်မှုတွေ ရရှိနိုင်တယ်။” ဟု နော်ယုဇနဝါက ကေအိုင်စီသို့ ပြောသည်။

ပထမဆုံးအကြိမ်ဖြစ်သည့် အဆိုပါ နှစ်ရက်တာ သင်တန်းသို့ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ် စသည့်မြို့ နယ်များ နှင့် အခြားဒေသမှ ကရင်အမျိုးသမီး သင်တန်းသူ စုစုပေါင်း ၁၀ ဦး တက်ရောက်ခဲ့ ကြပြီးရှေ့ဆက် လည်း ဒေသအလိုက် သင်တန်းများ လိုက်လံပို့ချပေးသွားရန် ရှိကြောင်း  KWEG က ပြောသည်။