ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း လုပ်သားများအတွက် နိုင်ငံကူးလက်မှတ် ရရှိရန် အလုပ်သမား မှတ်ပုံတင််ခွင့် ထပ်မံရရှိရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း အလုပ်သမား ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးမြင့်သိန်း က ဆိုသည်။
ထိုင်းနိုင်ငံမှ သတ်မှတ်ထားသည့် မြန်မာရွှေ့ပြောင်း လုပ်သားများ စာရင်းတင််ခွင့် ကာလမှာ ဧပြီလ ၁၁ ရက်နေ့တွင် ကုန်ဆုံးသွားပြီး စာရင်းမတင် ရသေးသောသူ အမြောက်အများ ကျန်ရှိနေသေးသည်ဟု ဆိုသည်။
“၁၁ ရက်၊ ၄ လမှာတော့ သူတို ့ စာရင်းတင်ခြင်း လုပ်ငန်း လုပ်ပေးတဲ့ ကာလကို ပိတ်လိုက်ပြီ။ ထက်ပြီး Register လုပ် (မှတ်ပုံတင်) ခွင့် ပေးပါလို့ မြန်မာ အစိုးရဘက်က တောင်းဆိုထားတယ်။ သူတို့ လုပ်ပေးမယ်၊ မလုပ်ပေးဘူး ဆိုတာ ထပ်ကြိုးစားရဦးမယ်” ဟု ဒု-ဝန်ကြီး က ပြောသည်။
ထိုင်းနိုင်ငံမှ စာရင်းတင်ထားသော မြန်မာရွှေ ့ပြောင်းလုပ်သားမှာ ၃ သိန်းကျော် ရှိပြီး မြန်မာနိုင်ငံသို့ လာရောက် စာရင်းတင်သော ရွှေ့ပြောင်း လုပ်သားမှာ ၂ သိန်း ၁ သောင်းရှိကြောင်း ဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ စာရင်းတင်ခြင်း လုပ်ငန်းမှာ ထိုင်နိုင်ငံ၊ မြို့များတွင် လုပ်ကိုင်နေသူများအတွက် အဆင်ပြေသော်လည်း နယ်စပ်တွင်လုပ်ကိုင်နေသူများ အတွက် အခက်အခက်များရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ ပြောင်းလုပ်သားများ အခွင့်အရေးကွန်ယက် က ဆိုသည်။
စာရင်းတင်ခြင်း စနစ်အပြင် ပွဲစားများ ကြားဝင် ဆောင်ရွက်နေ၍ စျေးနှုန်းကြီးမြင့်မှုများလည်း ရှိနေကြောင်း ကွန်ယက်မှ ဦးစိန်ဌေး က မဇ္စျိမကို ပြောသည်။
“စာရင်းတင်တာကိုက အလုပ်ရှင်ရဲ ့ ခွင့်ပြုချက်ပါမှ တင်လို ့ရတာလေ။ ဒါပေမယ့် အခု အပြင်မှာ ဖြစ်နေတာက အလုပ်ရှင်က တင်ချင်ရင်တောင်မှ ထိုင်းနိုင်ငံ အစွန်အဖျားက အလုပ်သမားတွေက သိပ်မတင်ချင်ကြဘူး။ အလုပ်ရှင်က သူဟာနဲ့သူ သွားတင်တာတွေကလည်း ပြန်ကျဖို့ သိပ်မလွယ်ဘူး။ ပွဲစားတွေ တင်ရင် တလနဲ့ ကျတယ်။ ဒီ Register လုပ်တဲ့ အပိုင်းမှာ ပွဲစားတွေက ကြီးစိုးတာ များတယ်။ စျေးနှုန်းကလည်း သတ်မှတ်တဲ့ စျေးနှုန်းနဲ့ အများကြီး ကွာနေတယ်” ဟု ဆိုသည်။
စာရင်းတင်ရန် တရားဝင် သတ်မှတ် ကုန်ကျငွေမှာ ထိုင်း ဘတ်ငွေ ၂,၆၀၀ မှ ၃,၆၀၀ အထိသာ ရှိသော်လည်း အပြင်ပေါက်စျေးမှာ ထိုင်းဘတ်ငွေ ၉,၀၀၀ မှ ၁၂,၀၀၀ အထိ ရှိနေကြောင်း အလုပ်သမားများထံမှ သိရသည်။
ထိုကြောင့် တရက် နေ့စားခ ဘတ် ၈၀ မှ ၉၀ ဝန်းကျင်သာ ရရှိသည့် ထိုင်းနိုင်ငံ အစွန်အဖျားတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများ သည် စာရင်းတင်ရန် ကုန်ကျငွေကို မတက်နိုင်ကြကြောင်း ကွန်ယက်က ပြောသည်။
ယာယီ နိုင်ငံကူးလက်မှတ် ရရှိပြီးသူမှာ ၁ သိန်းခန့် ရှိပြီး မရရှိသေးသူမှာ လူဦးရေ ၉ သိန်းခန့် ကျန်ရှိ၍ ထို ယာယီ နိုင်ငံကူးလက်မှတ် လုပ်ဆောင်မှုများကို ဧပြီလ ၁၄ ရက်နေ့မှ ၃ လ ထပ်တိုး ပေးမည်ဟုလည်း အလုပ်သမားဝန်ကြီး ဌာနမှ သိရသည်။
“ထိုင်းအစိုးရနဲ့ မြန်မာအစိုးရနဲ့ ထားဝယ်မှာ တွေ့တုန်းက ဗီဇာကြေး ဘတ် ၅၀၀ လျှော့ပေးမယ်လို့ ပြောပြီးသား ရှိတယ်။ ဒါပေမယ့် သူတို့ ပြည်ထဲရေးက အမိန့်နဲ့ ညွှန်ကြားချက်တွေ ထုတ်ရဦးမယ်။ အခု အချိန်အဲဒါတွေ မထုတ်ပြန်သေးတဲ့အတွက် အခု ရွှေ့ပြောင်းအလုပ်သမားတွေ ဒီအခွင့်အရေး မရသေးဘူး” ဟု ဒု-ဝန်ကြီး ဦးမြင့်သိန်း က ပြောသည်။