စစ်တွေ ဆူပူသူများကို ဥပဒေနှင့် အညီ အရေးယူမည်

စစ်တွေ ဆူပူသူများကို ဥပဒေနှင့် အညီ အရေးယူမည်
by -
နိရဥ္စရာ

ဧပြီလ ၂၆ ရက်နေ့က စစ်တွေမြို့နယ်တွင် ပြုလုပ်ခဲ့သော ဆွဲတင်စစ် လူဦးရေ စာရင်းကောက်ခံသူများအား အနှောင့်အယှက် ပြုလုပ်ခဲ့သူများ၊ လူထု ဆူပူ အုံကြွမူ ဖြစ်အောင် လူံ့ဆော်  ဖန်တီးခဲ့သူများအား ဥပဒေနှင့် အညီ အရေး ယူသွားမည် ဖြစ်ကြောင်း အစိုးရ၏ ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဆိုက်တွင် ဖေါ်ပြသည်။

U-Hla-Maung-Tin

ဧပြီလ ၂၆ ရက်နေ့က အိမ်ထောင်စု လူဦးရေ စာရင်းကောက်ယူမူကို စာရင်း ကောက်ယူရေး အဖွဲ့ (၁၈) ဖွဲ့ဖြင့် စစ်တွေမြိ့နယ်ရှိ ဘင်္ဂလီ ဒုက္ခသည် စခန်းများတွင် စာရင်း ကောက်ယူခဲ့ရာ တည်ငြိမ်အေးချမ်းမူကို ပျက်ပြားစေမည့် အပြုအမူများ၊ လူထု ဆူပူအုံကြွမူ ဖြစ်စေမည့် လူံ့ဆော်မူများ ပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။

သို့အတွက် အိမ်ထောင်စု စာရင်းကောက်ယူမည့် အစီအစဉ်ကို ယာယီ ရပ်နားခဲ့ရသည်။

၎င်းနောက်ပိုင်း ညနေ ၃ နာရီတွင် ရခိုင်ပြည်နယ် အစိုးရရုံးတွင် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အစိုးရ အရာရှိကြီးများသည် အစည်းအဝေး တစ်ရပ် အရေးပေါ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ အစည်းအဝေးတွင် လူဝင်မူ ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းမှ အဆိုပါ လုပ်ရပ်သည် တည်ငြိမ်အေးချမ်းမူကို ထိခိုက်စေပြီး ဥပဒေနှင့် မညီသည့် လုပ်ရပ်ဖြစ်သဖြင့် လိုအပ်သလို ထိန်းသိမ်းပေးကြရန်နှင့် လုံခြံုရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများ အနေဖြင့် ဥပဒေနှင့် အညီ ဆောင်ရွက်သွားမည်ဟု ပြောကြားသွားကြောင်း သိရသည်။

ရခိုင်ပြည်နယ် လုံခြံုရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကလည်း ဦးဆောင်ပါ၀င်သူများကို စိစစ်ဖေါ်ထုတ်ပြီး ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယခု စစ်တွေမြို့နယ်တွင် ဆွဲတင်စစ် လူဦးရေ စာရင်း ကောက်ခံရခြင်းမှာ ရခိိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ အပြီးတွင် လူဦးရေ စာရင်း ဇယား အတိုး အလျှော့ တိကျ မှန်ကန်စွာ ရရှိရေး၊ မွေးဖွားခြင်း သေဆုံးခြင်းများကို လိုအပ်သလို စာရင်း အတိုး အလျှော့ ပြုလုပ်နိုင်ရေး၊ ဒုက္ခသည်များအား မိုးမကျမီ အမိုးအကာအောက် ရောက်ရှိရေး၊ ပုံမှန် စားဝတ်နေရေးနှင့် ပြန်လည် ထူထောင်ရေး၊ ဒုက္ခသည် စခန်းများသို့ အခြားဒေသများမှ တရားမဝင် ရောက်ရှိလာမူ ရှိမရှိကို စစ်ဆေးနို်င်ရေးတို့ အတွက် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

သို့သော်လည်း ဒုက္ခသည်စခန်းများသို့ စစ်ဆေးရေးအဖွဲ့များ ရောက်ရှိပြီးနောက် ဆူပူမူများနှင့် အတူ စာရင်းစစ် အဖွဲ့များအား အကြမ်းဖက် တိိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့သည်။ သို့အတွက် တချို့နေရာများတွင် ရော်ဘာ ကျည်ဆံများ အသုံးပြု ပစ်ခတ်ခဲ့ရသည်ဟု သိရသည်။

ရခိုင်ပြည်နယ် အစိိုးရ ပြောခွင့်ရသူ ဦးဝင်းမြိုင်မှ ထိုသို့ တိုက်ခိုက်မူကြောင့် လုံခြံုရေး တပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ဘင်္ဂလီ လူငယ် တစ်ဦး ရော်ဘာကျည်ဆံ ထိမှန်၍ ဒဏ်ရာ ရရှိခဲ့သည်ဟု မီဒီယာများသို့ ထုတ်ဖေါ် ပြောဆိုခဲ့သည်။

အဆိုပါ ဆွဲတင်စစ် လူဦးရေ စာရင်းစစ်ဆေးမူကို ၂၀၁၃ ခုနှစ် မတ်လ အတွင်း မောင်တောမြို့နယ်တွင် ပြုလုပ်ရာ အောင်မြင်စွာ ပြီးစီးခဲ့သည်ဟု သိရသည်။

Most read this week