CNF က ချင်းပြည် တပြည်လုံးအတိုင်း အတာဖြင့် လူထုတွေ ့ဆုံဆွေးနွေးပွဲလုပ်ငန်း စတင်

CNF က ချင်းပြည် တပြည်လုံးအတိုင်း အတာဖြင့် လူထုတွေ ့ဆုံဆွေးနွေးပွဲလုပ်ငန်း စတင်
by -
ခိုနူမ်းထုန်

ချင်းအမျိုးသားတပ်ဦး CNF က ချင်းပြည်နယ် တပြည်လုံး အတိုင်း အတာဖြင့် လူထုတွေ ့ ဆုံးဆွေးပွဲ လုပ်ငန်းကို ယခုလမှစတင် အကောင် အထည်ဖေါ် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရ သည်။

ယင်းလူထုတွေ ့ဆုံပွဲကို ချင်းပြည်နယ် မြောက် ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်း စသဖြင့် သက် ဆိုင်ရာ CNF လိုင်စင်ရုံးတာဝန်ခံ များက ဦးစီးပြီး လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ယမန်နေ ့ CNF ၏သတင်းနှင့်ပြန်ကြားရေးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ်တောင်ပိုင်းဖြစ်သည့် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝမြို့ နယ်၊ ရေဇွာနှင့် ဆမီးမြို ့နယ်ခွဲရှိ လူထုများကို မတူပီမြို ့ရှိ CNF လိုင်စင်ရုံး တာဝန်ခံ များမှဦးစီးပြီး လူထုတွေ ့ ဆုံဆွေးနွေးပွဲပြု လုပ်ရန်နှင့်ချင်းပြည်နယ် အလယ်ပိုင်းဖြစ် သည့် ဟားခါး၊ ထန်တလန်နှင့် ဖလမ်းမြို ့ နယ်ရှိ လူထုများကို ထန်တလန် မြို ့CNF လိုင်စင်ရုံး တာဝန်ခံများက ဦးစီးပြီး လုပ်ငန်းအကောင် အထည်ဖေါ် သွား ရန် ဖြစ်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ထို ့အပြင် ချင်းပြည်နယ် မြောက်ပိုင်းတီးတိန်၊ တွီးဇန်မြို ့နယ်နှင့်ကျီခါးမြို ့နယ်ခွဲဒေသများကို တီးတိန်မြို ့ရှိ CNF လိုင်စင်ရုံး တာဝန်ရှိ သူများက ဦးဆောင်ကာ လုပ်ငန်းအကောင်အထည်ဖေါ် သွားရန်ဖြစ်ကြောင်း သိရသည်။

ထိုသို ့လူထု တွေ ့ဆုံပွဲ ပြုလုပ်ရာတွင် ပြည်ထောင်စုအစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို ့ အပစ် အခတ်ရပ်ဆဲရေး သဘောတူညီချက်တွင် အခြေခံရမည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေး၊ ဒီမိုကရေစီရေးနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်းတီးပိုင်ခွင့်ရရှိရေးတို ့နှင့် ပတ်သက် သည့် အချက် များအပေါ် ပြည်သူလူထု၏ ဆန္ဒသဘောထားများ ရယူသွားမည်ဖြစ်သည် ဟုသိရ သည်။

ထို ့အပြင် ပြည်သူလူထုအနေဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက် ရေး လုပ်ငန်းစဉ်တွင် တက်ကြွစွာ ပါ၀င်စေရန်နှင့် ချင်းပြည်သူလူထုမှ ပြည်ထောင်စု တည်ဆောက် ရေးနှင့် ပတ်သက်၍ ဆန္ဒအမှန်ဖေါ်ထုတ်လာစေရန် ဖြစ်ကြောင်း သိရ သည်။

ယင်းလုပ်ငန်းကို ချင်းအမျိုးသားတပ်ဦးနှင့် ပြည်ထောင်စုအစိုးရအကြား (၃)ကြိမ်တိုင်တိုင်် အပစ် အခတ်ရပ်ဆဲရေးနှင့် ပြည်ထောင်စု ဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသဘောတူညီချက်တွင် ချင်းလူထုများနှင့် လွတ်လပ်စွာ တွေ ့ ဆုံဆွေးနွေး ပွဲများပြုလုပ်ရန် သဘောတူခဲ့သည့်အတိုင်း ချင်းအမျိုးသားတပ်ဦးက စတင်အကောင် အထည်ဖေါ်ခြင်း ဖြစ်ကြောင်း သိရ သည်။

ချင်းအမျိုးသားတပ်ဦးသည် ဖက်ဒရယ်စနစ်ထူထောင်ရေး၊ မြန်မာနိုင်ငံ ဒီမိုကရေစီထွန်း ကား ရေးနှင့် ချင်းလူထုများ ကိုယ့်ကြမ္မာကိုယ် ဖန်းတီးပိုင်ခွင့်ရရှိရေးတို ့အတွက် ၁၉၈၈ခုနှစ် မတ်လ (၂၀) တွင် ဖွဲ ့စည်းထူထောင်ခြင်းဖြစ်သည်။

Most read this week