စာသင်ကျောင်းများရှိရာ ကျေးရွာတိုင်းသို့ ကျောင်းဆရာ/ မများ ကျောင်းတိုင်းစေ့ မရောက်နိုင်သေး

စာသင်ကျောင်းများရှိရာ ကျေးရွာတိုင်းသို့ ကျောင်းဆရာ/ မများ ကျောင်းတိုင်းစေ့ မရောက်နိုင်သေး
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်တွင် စာသင်ကျောင်းများရှိရာ ဝေးလံခေါင်ပါးတဲ့ ကျေးလက်ကျောင်းတိုင်းသို့ ကျောင်း ဆရာ/မများ ကျောင်း တိုင်းစေ့အောင် သွားရောက်တာဝန် မထမ်းဆောင်နိုင်သေးကြောင်း ကယားပြည်နယ် ဗမာတိုင်းရင်းသားဝန်ကြီး ဦးစိန်ဦး က ပြောပါတယ်။

"ကယားပြည်နယ်အတွင်း ကျေးရွာ ၅၁၁ ရွာရှိတဲ့အနက် စာသင်ကျောင်းက ၄၀၇ ကျောင်းရှိတယ်။ တနည်းအားဖြင့် ကျေးရွာ အားလုံးနီးပါး စာသင်ကျောင်းရှိနေတဲ့သဘော ရှေးခေတ်ကတည်းကနိုင်ငံ့ခေါင်း ဆောင် တွေက အမျှော်အမြင်ကြီးလို့ ဝေးလံခေါင် ပါးတဲ့ နေရာထိ ကျောင်းတွေဖွင့်ထားတယ်။ ဒီကနေ့ အဲဒီကျောင်းတွေကို ကျောင်းတိုင်းစေ့အောင် ကျနော်တို့ ရောက်နိုင်သလား ဆိုတာ မရောက်ရှိနိုင်သေးဘူး။"

ဝန်ကြီးက မတ်လ ၃၀ ရက်နေ့က အ.ထ.က ဖရူဆိုမြို့ တော်ဝင်သဇင်ခန်းမ မှာ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံ/ တက္ကသိုလ်ကျောင်းဆင်း မိသားစု ညီအစ်ကိုမောင်နှ မများ စတုတ္ထအကြိမ်မြောက် တွေ့ဆုံပွဲ အခမ်းအနားမှာ ဆရာ/မတွေကို ပြောကြားသွားတာဖြစ်ပါတယ်။

"ကျနော်တို့ ပြည်နယ်ဒေသတွေမှာတကယ့်ကို ဝေးလံတဲ့နေရာတွေအထိ ဆရာ/မဆိုတာ ရတဲ့လစာရိက္ခာနဲ့ ဝါသနာ၊ စေတနာ၊ ဂရုဏာ၊ အနစ်နာ ဒီစိတ်ဓာတ်နဲ့ ဒီနေရာရောက်အောင်သွားပြီးတော့မှ အဲဒီဒေသကလေးကို ပညာမတတ် တတ်အောင်သင်ပေးတယ်။ သင်ကြားပို့ချပေးတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်" လို့ ဝန်ကြီးက ဆက်ပြောပါတယ်။

ကယားပြည်နယ်မှ ဖွံ့ဖြိုးရေးဆင်း ကျောင်းဆရာ/မများ တွေ့ဆုံပွဲ ကျင်းပနေကြစဉ် (ဓါတ်ပုံ-ကေတီ)

ကျောင်းဆရာ/မ တွေထဲကလည်း ပြောင်းလဲလာတဲ့ အစိုးရအသစ်လက်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေထဲမှာ နေရာတော်တော်များများ တာဝန်ထမ်းဆောင်နေကြရတယ်လို့ ပြောပါတယ်။

"ဆရာကြီးဆရာမတွေဟာ ဖွံ့ဖြိုးရေးစိတ်ဓါတ်ကာလကတည်းက တက်ရောက်ကတည်းက ဆရာ/မတာဝန်ကို ထမ်းဆောင်ခဲ့ကြတယ်။ တချို့လည်းအငြိမ်းစားရပြီး တချို့လည်းဒီကနေ့တိုင်အောင် နိုင်ငံ့တာဝန် ထမ်းဆောင်နေတယ်။ ဒါကြောင့်မို့လို့ အင်မတန်လေးစား စရာကောင်းတဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ ဒီလိုပြန်ကြည့်တဲ့အခါမှာ ဖွံ့ဖြိုးရေးတက္ကသိုလ်ကဆင်းတဲ့ ကျနော်တို့ တက္ကသိုလ်သင် တန်းဆင်းတွေထဲ ကနေပြီးတော့ ဒီကနေ့ နိုင်ငံတော်မှာ အမြင့်ဆုံးဖြစ်တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ် လွှတ်တော် လွှတ်တော်သုံးရပ်မှာ ပြည်နယ်ကိုယ်စား ဒီကနေ့ တာဝန်ထမ်းဆောင်တဲ့ ပုဂ္ဂိုလ်တွေ အများကြီး မွေးထုတ်ပေးနေ တာ တွေ့ရတယ်။ ပြည်နယ်တာဝန် ပြည်နယ်အစိုးရ အဖွဲ့တာဝန်တွေယူထားတဲ့ ပုဂ္ဂိုလ်တွေ ဒီသင်တန်းဆင်းတွေထဲက အများကြီး ထွက်ပေါ်လာတယ်"

ဖွံ့ဖြိုးရေးတက္ကသိုလ်ကျောင်းမှာ စစ်ကိုင်းတိုင်း ရွာသစ်ကြီးတွင် ဖွင့်လှစ်ထားတာဖြစ်ပြီး မြန်မာတနိုင်ငံလုံးမှ တိုင်းရင်းသား လူမျိုးပေါင်းစုံက ဆရာအတတ်သင်ပညာကို သင်ယူဆည်းပူး လေ့လာကြတာ ဖြစ်ပါတယ်။ ၎င်းကျောင်းဆင်းတွေအနေနဲ့ ကယားပြည်နယ်မှ စုစုပေါင်း ဆရာ/မဦးရေ ရ၀၀ ခန့်ရှိပြီလို့ သိရပါတယ်။

Most read this week