မီဇိုရမ်တွင် Swine Fever ကြောင့် ၀က်အမြောက်အများသေဆုံး

မီဇိုရမ်တွင် Swine Fever ကြောင့် ၀က်အမြောက်အများသေဆုံး
by -
ခိုနူမ်းထုန်

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်တွင် Classic Swine Fever (၀က်များတွင် ဖြစ်တတ်သည့် ကျောက်ရောဂါ) ကြောင့် ယခုလ ဆန်းပိုင်း ကစပြီး သေဆုံးခဲ့သော ၀က်အကောင်ရေ ၄၀ ကျော်ရှိနေပြီဖြစ် ကြောင်း မီဇိုရမ်ပြည်နယ် AH & Vety ဌာနမှ အတည်ပြုပြောဆိုခဲ့ သည်။

Classic Swine Fever သည် လူအတွက် ကြီးကြီးမားမား အန္တရာယ်မဖြစ်စေနိုင်သော်လည်း အဆိုပါရောဂါမှ တဆင့် ပိုမို ကြောက်စရာကောင်းသော Porcine Reproductive and Respiratory Syndrome (၀က်နားရွက်ပြာ ရောဂါ) အဆင့်ထိ ဖြစ်ပေါ်လာနိုင်သည်ဟု AH & Vety ဌာနကို ကိုးကားပြီး မီဇိုရမ်နေ့စဉ်ထုတ် The Aizawl Post သတင်းစာတွင် ဖော်ပြထားသည်။

မီဇိုရမ်ပြည်နယ်ရှိ ၀က်များတွင် ယခုဖြစ်ပွားလျက်ရှိသည့် Swine Fever သည် မြန်မာနိုင်ငံဘက်မှ တင်သွင်းလာသော ၀က် တွေကနေတဆင့် စတင်ပြန့်ပွားလာတာဖြစ်နိုင်ကြောင်း၊ Porcine Reproductive and Respiratory Syndrome ရောဂါ ဟုတ်မဟုတ်ကို သက်ဆိုင်ရာ ဓာတ်ခွဲခန်းတွေ မှာ စစ်ဆေးနေဆဲဖြစ်သည်ဟု သတင်းစာကဆိုသည်။

ယခုလို ဒေသတွင်း ၀က်ရောဂါပြန့်ပွားလာပြီး ၀က်သေဆုံးမှုများကြောင့် ယခင်က အလုအယက် ၀ယ်ယူနေ ရသော ၀က်သားဆိုင်တန်းများတွင် ခုအခါမှာတော့ ခြောက်ကပ်ပြီး ဆိုင်တန်းတွေ မှာ ရောင်းချထားသော ၀က်သားများ တောင်လိုပုံနေတော့သည်ဟု သတင်းစာကဆက်ဆိုသည်။

“ခါတိုင်းဆိုရင် ဝက်သားရောင်းတဲ့ အတန်းမှာဆိုရင် ဝက်သာဝယ်ဖို့ တန်းစီပြီးစောင့်နေရတယ်၊ အလုအယက်ဝယ်နေရ တာ၊ ဝက်တွေ သေတယ်ဆိုတဲ့ သတင်းထွက်လာပြီးတဲ့နောက်မှာတော့ ဝက်သား ဝယ်တဲ့သူ မရှိသလောက်ပါပဲ၊ အသားတွေလည်း ပုံနေတာဘဲ”  ဟု ဒေသခံအိမ်ရှင်မတဦး ကပြောသည်။

၂၀၀၉ခုနှစ်တွင်လည်း ဤရောဂါကြောင့် မီဇိုရမ်တွင် ၀က်ကောင်ရေ ၅၀၀ ကျော်သေ ဆုံးခဲ့ပြီး ဖြစ် သည်။