အစိုးရအနေနှင့် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ရန် လှုံ့ဆော်မှုအပါအဝင် အကြမ်းဖက်မှုများကို အစွမ်းကုန် တားဆီးကိုင်တွယ် ဆောင်ရွက်မည်ဟု မတ်လ ၂၅ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။
ကျူးလွန်သူများကို အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများဖြင့် ကိုယ်တွယ် အရေးယူမည်ဟု ဖော်ပြ ပါရှိသည်။
ထို့ပြင် အဓိကရုဏ်းများကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသော ဒုက္ခသည်များ၏ အရေးပေါ် စားဝတ်နေရေး လုံခြုံရေးကို အပြည့်အဝ ကူညီဆောင်ရွက်သွားကာ အခြေအနေ တည်ငြိမ်လာသည့်နှင့်အမျှ ပြန်လည်နေရာချ ထားရေးကို အမြန်ဆုံးဆောင်ရွက်သွားမည်ဟု ဆိုသည်။
ဒုက္ခသည်များအတွက် လူသားချင်းစာနာသည့် အကူအညီများ ပေးနိုင်ရန် အစိုးရအနေနှင့် လူထုအခြေပြု အဖွဲ့အစည်းများ၊ ပုဂ္ဂလိကများ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကာ ပဋိပက္ခကြောင့် ခံစားထိခိုက်နေရသည့် လူ့အဖွဲ့အစည်းများကြား ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်မည့်
ဆွေးနွေးမှုများနှင့် စိတ်ခံစားမှုများကို ကုစားနိုင်မည့် အလုပ်ရုံဆွေးနွေးပွဲများကို အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဟု အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာသည်။
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိခိုက်စေမည့် အကြမ်းဖက်မှုများ၊ ဘာသာရေး အစွန်းရောက်မှုများကို ရှောင်ရှားကြပါရန်လည်း ပြည်သူလူထုအား တိုက်တွန်းထားသည်။