JSMK-2012-students-singing-feb131ကရင်ပြည်နယ်အတွင်း (Free Burma Rangers-FBR)မှ တနှစ်ကြာမြင့်သည့် ကော်သူးလေ တောတွင်းဆေးသင် တန်းကျောင်း (JSMK) သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၈ ရက်နေ့က ကျင်းပပြုလုပ် ပြီးစီးခဲ့ကြောင်း FBR အင်တာနက်စာမျက်နှာ၌ ဖော်ပြထားသည်။
JSMK ဆေးသင်တန်း တက်ရောက်ခဲ့ကြသည့် ကရင်ပြည်နယ်ရှိ ဒေသအသီးသီးမှ ကရင်လူငယ်သင်တန်း သား ၁၈ ဦးအတွက် ပြုလုပ်သည့် ဆေးသင်တန်းဆင်းပွဲ အခမ်းအနားသို့ သင်တန်းဆရာများ၊ FBR မှ တာဝန်ရှိသူများ၊ ဒေသဆိုင်ရာ ကရင် ခေါင်းဆောင်များနှင့် ကျောင်းပတ်ဝန်းကျင်မှ ရွာသားများ တက်ရောက် ခဲ့ကြသည်။
၁၂ လ(တနှစ်)ကြာမြင့်သည့် ၎င်းဆေးသင်တန်း၏ ပထမ ၂ လတွင် ကိုယ်လက်ကြံ့ခိုင်ရေး၊ သချင်္ာ၊ အင်္ဂလိပ်စာ၊ သိပ္ပံနှင့် လူနာ များ၏ ရောဂါဇစ်မြစ် လေ့လာမှုများ၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဘာသာရပ်များကို သင်ကြားခဲ့ရပြီး နောက်ပိုင်း ၈ လတွင် ကရင် ပြည်နယ်အတွင်းရှိ ကျေးရွာများ၊ IDP နယ်မြေများရှိ ဆေးခန်းများတွင် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ကြသည်ဟု FBR က ပြောသည်။
JSMK ၏ ကရင်ဆေးဘက်ဆိုင်ရာ ဒါရိုက်တာ Toh က “တောတောင်ထဲမှာ ပညာသင်ကြားရတာ အင်မတန်ကို ခက်ခဲတဲ့ဘဝပါ။ ဒါပေမယ့် သင်တန်းသားအားလုံးဟာ တနှစ်တာလုံးမှာ သင်တန်းဆရာတွေနဲ့ ၀န်ထမ်းတွေ သင်ကြားပေးခဲ့တာကို စိတ်ဝင်စား ကြတယ်။ အစားအသောက်တွေကို ကိုယ်တိုင်သယ်ယူထမ်းပိုးပြီး သင်တန်းကျောင်းကို လည်ပတ်သွားရပေမဲ့ ကျောင်းသားတွေ ဟာ မငြီးငြူဘဲ အကောင်းဆုံးလုပ်သွားကြ တယ်။ ဒါ ကရင်ပြည်နယ်ရဲ့ အနာဂတ် ကျန်းမာရေးလုပ်ငန်း တိုးတက်လာဖို့အတွက် မျှော်လင့်ချက်ပါပဲ” ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း သင်တန်းဆင်း ကျောင်းသူကျောင်းသားများက FBR အဖွဲ့ဝင်များ အခြေစိုက်သည့် ဒေသအသီးသီးမှ လူနာများအား ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးခဲ့သည်။
FBR အဖွဲ့သည် မြန်မာပြည်၏ တိုင်းရင်းသားဒေသများတွင် မြန်မာစစ်တပ်၏ အဖိနှိပ်ခံနေရသော ဌာနေမဲ့ လူထုများအတွက် ကျန်းမာရေး၊ ပညာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများကို လုပ်ဆောင်ပေးနေသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။