ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်
by -
သျှမ်းသံတော်ဆင့်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။အဲဒီထဲမှာ အစိုးရနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည် ဆောက်နေဆဲဖြစ်တဲ့ ကရင် နီအမျိုးသားတိုးတက်ရေးပါတီ KNPP လည်း ပါတယ်လို့ဆိုပါတယ်။ အခုလို အပစ်ရပ်ရေး နဲ့ ငြိမ်းချမ်းရေးအတွက် အလုပ်များ နေချိန်မှာ ဒီ သျှမ်း-ကယား ဆွေးနွေးရေးအပေါ် ဘယ်လို သဘောထားသလဲ ဆိုတာသိရ အောင် KNPP ရဲ့အတွင်းရေးမှူး ၁ ခူးဦးရယ် ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

KNPP နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ကယားပြည်နယ် လွိုင်ကော်မြို့တွင် မတ်လ ရ ရက်နေ့က သဘောတူလက်မှတ် ရေးထိုးစဉ် (ဓာတ်ပုံ - ကန္တာရဝတီတိုင်းမ်)

မေး။    ။ သျှမ်း- ကယားငြိမ်းချမ်းရေးအတွက် လားရှိုးမှာ ပူးပေါင်းလုပ်ဆောင်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဘယ်လို မြင်ပါသလဲ။

ဖြေ။    ။ ကျနော်တို့အနေနဲ့ အသေးစိပ်ဘယ်လိုစီစဉ်ပြီးလုပ်ကြမယ်လို့တော့ မကြားသိရသေးပါဘူး။ ပြောတာကတော့ သျှမ်း- ကယားမှာရှိတဲ့ နိုင်ငံရေးပါတီ လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးခေါ်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လို ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးမယ်လို့တော့ ယေဘုယျ အားဖြင့်သိထားပါတယ်။ ဘယ်လို ရည်ရွယ် ချက်တွေကြီးကြီးမားမားထားပြီး လုပ်နေကြလဲဆို တာတော့ ကျနော်တို့မသိရသေးဘူး။  ကျနော်တို့ကိုဖိတ်တယ်လို့တော့ကြား တာပါဘဲ။ ကျနော်တို့လွယ်ကော်မှာ ရှိတဲ့ဆက်ဆံရေးရုံးကတဆင့်ပေါ့နော်။ ကျနော်တို့ဘက်ကလဲ တက်ရောက်မယ် မတက်ရောက်သေးပါဘူးလို့မသိရသေးပါဘူး ကျနော်တို့မဆုံးဖြတ်ရသေးဘူးလေ။

မေး။    ။ ရခိုင်တွေ သျှမ်းတွေလို ဆရာတို့အနေနဲ့ ကရင်နီပြည်နယ်အတွက် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည် ဆောက်ခြင်း ဆွေးနွေးပွဲ သီးသန့်လုပ်ဖို့အစီအစဉ်ရှိလားခင်ဗျ။

ဖြေ။    ။ ဒါကတော့ ကျနော်တို့ရဲ့သွားမယ့်လမ်းကြောင်းအပေါ်မှာမူတည်တယ်။ ကျနော်တို့ဆီမှာ သတ်သတ်မှတ်မှတ် နိုင်ငံရေးပါတီလို့ပြောရင်  ကြံ့ခိုင်ရေး ပါတီကလွဲရင်ကျန်တဲ့ပါတီတွေကလဲ အခိုင်အမာမရှိဘူး။ ဒါပေမယ့် NLD တို့ကရုံးတွေ ဘာတွေလာဖွင့်ထားတယ်။ နောက်တခုက သျှမ်းပြည်နယ်မှာအခြေပြုပြီးတော့ မှတ်ပုံတင်ထားတဲ့ ကယန်းအမျိုးသား ပါတီဆိုတဲ့ ပါတီလဲတခုရှိတယ်။ ကျနော်တို့ဆီမှာ အခုဘဲသူတို့ရုံး လာစိုက်တယ်ဆိုတာမျိုးတွေတော့ ရှိတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာတော့ ကျနော်တို့ဘာသာ ကျနော်တို့တွေ့ကြတာတော့ရှိတယ်။ ကျနော်တို့ကြားမှာ နားလည်မှုတွေ ရယူတာ ဘာတွေလုပ်ကြမယ် အသေးစိတ်ဆွေးနွေးညှိနှိုင်းတာတော့ရှိတယ်။

သို့သော်ကျနော်တို့ပြောတဲ့နိုင်ငံရေးပါတီတွေနဲ့ တွေ့ကြတာတော့မရှိဖူးသေးပါဘူး။ အခုချိန်မှာ ကျနော်တို့ KNPP အနေနဲ့ အစိုးရနဲ့ အပစ်ရပ်ဖို့လက်မှတ်ရေးထိုး တာလဲရှိ ပြီး ပြီ။ အပစ်ခတ်ရပ်စဲရေးဘက်မှာ ကျနော်တို့ အစမှာဘဲရှိသေးတာမို့ လုပ်စရာကိုင်စရာတွေလဲ အများကြီးရှိပါတယ်။ အစိုးရနဲ့လဲ ယုံကြည်မှုရဖို့ ပိုမိုပြီးတော့မှ ယုံကြည်မှုတည်ဆောက်ဖို့လိုအပ်တယ်။ အဲ့ကြောင့်မို့လို့ ပိုမိုပြီးခိုင်မာတဲ့အပစ် အခတ်ရပ်စဲရေးကို ကျနော်တို့လုပ်နေတယ်။ အဲတာတွေပြီးမှဘဲ ကျနော်တို့ တခြားသောနိုင်ငံရေးပါတီအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ လိုရင်လိုသလို ရှေ့ဆက်ပြီးလုပ်သွားဖို့ရှိပါတယ်။ ဒီအတွက်ဖြစ်နိုင်ချေကတော့ အခြေအနေပေါ်မှာ လဲမူတည်ပါ တယ်။

မေး။    ။ အဲလိုဆိုရင် အခုလားရှိုးမှာလုပ်ဖို့ စီစဉ်နေတဲ့ သျှမ်း- ကယား ကြား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက် ခြင်းဆွေးနွေးပွဲဟာ ကယားပြည်နယ်တခုလုံးအတွက် ဘယ်လောက်ကိုယ်စားပြုမယ်လို့ ဆရာတို့သုံးသပ်လိုပါသလဲခင်ဗျ။

ဖြေ။    ။ တပ်အပ်မပြောတတ်ဘူး။ သူတို့ဘယ်အဖွဲ့အစည်း ဘယ်ပါတီတွေကိုဖိတ်သလဲ ကျနော်တို့လဲမသိရ ဘူး။ ဖိတ်ကြားခံရတဲ့  ပါတီအဖွဲ့အစည်းတွေကလဲ ဘယ်လောက်ကိုယ်စားပြုမှုရှိသလဲဆိုတာ ကျနော်တို့လဲ မသိရဘူးလေ။

မေး။    ။ ဦးခွန်ထွန်းဦးတို့ ဦးဆောင်နေတဲ့ ဒီဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၁၂ ခု လက်နက်ကိုင်အဖွဲ့အစည်း ၁၃ ခုဖိတ်ထား တယ်လို့ ဆိုပါတယ်။ ဆိုတော့ ငြိမ်းချမ်းရေးခိုင်မာဖို့အတွက် ဘယ်လိုမြင်ပါသလဲ။

ဖြေ။    ။ ငြိမ်းချမ်းရေးအတွက်ပူးပေါင်းလုပ်ဆောင်မယ်ဆိုတာကိုကဘဲ ကောင်းတဲ့အလားအလာ ဘဲလေ။ ကောင်းပါတယ်။ ကျနော်ထင်တာကတော့ စုသင့်တဲ့နေရာမှာစုတယ်။ နောက်တဆင့်ကတော့ ပိုမိုကျယ်ပြန့်တဲ့ တွေ့ဆုံမှု တွေရှိသင့်တယ် လို့ ကျနော်တို့အဲလိုဘဲထင်တာဘဲလေ။

ဂျန္နဝါရီလ ၂၉ ရက် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ သျှမ်း-ကယား ဆွေးနွေးပွဲအတွက် တွေ့ဆုံဆွေးနွေး ပြင်ဆင်ရေး ကျင်းပခဲ့ပြီး နိုင်ငံရေးပါတီ ၉ ခုကနေ ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း သျှမ်းပြည်နယ် ကယားပြည်နယ်ဆွေးနွေးပွဲကို အခုလ မတ်ခ်ျလ ၂၀ ကနေ  ၂၂ ရက် နေ့အထိ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပမယ်လို့သိရပါတယ်။