ကျောက်ဖြူ မွတ်ဆလင် ဒုက္ခသည်များ ထွက်ပြေး

ကျောက်ဖြူ မွတ်ဆလင် ဒုက္ခသည်များ ထွက်ပြေး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့  ကျောက်တလုံး မွတ်ဆလင် ကယ်ဆယ်ရေး ဒုက္ခသည် စခန်းမှ ဒုက္ခသည် ၁၂ ဦး  ထွက်ပြေးသွားသည်ဟု သတင်းရရှိသည်။

ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ကျောက်တစ်လုံးရှိ ဆားပြင်ကွင်း ဘင်္ဂါလီကယ်ဆယ်ရေးစခန်းမှ ထွက်ပြေး သွားကြခြင်း ဖြစ်သည်ဟု အမည်မဖေါ်လိုသူ ရဲအရာရှိ တစ်ဦးက ပြောသည်။

“ ဒီလ ၁၃ ရက်နေ့ က ထွက်ပြေးသွားတာပါ။ အဲဒီ ထွက်ပြေးသွားတဲ့ အကြောင်းကို ကျွန်တော် အထက် အရာရှိတွေကို အကြောင်းကြားထားပါတယ်။ ခုတော့ အဲဒီ ကယ်ဆယ်ရေးစခန်းကိုသွားပြီး ကျောက်ဖြူမြို့ ရဲအုပ် မြင့်ခင်တို့ အဖွဲ့က စုံစမ်း စစ်ဆေးနေပါတယ်” ဟု ဆိုသည်။

ထွက်ပြေးသွားသူများမှာ နူရ်ဆလင် (ခ) တင်မောင်လှ (၃၅နှစ်)၊ ကျော်အေးနိုင် (၁၈နှစ်)၊ ညီလေး (၂၅ နှစ်)၊ ဘိုတာ (ခ) သိန်း အောင် (၃၅ နှစ်)၊ မာမက်ရော်ဖီး (ခ) ဇော်လင်းထွန်း (၁၅နှစ်)၊ ရော်ဖီး (ခ) မြထွန်း (၂၀)နှစ်၊ ပျောက် ကျား (ခ) မောင်စော တင် (၄၀ နှစ်)၊  ဂျာကေ (ခ) မောင်လှ (၃၀နှစ်)၊ မျိုးအေး (၂၆နှစ်)၊ အာမီအူးဆောင်း (ခ) မောင်လှသိန်း (၂၂နှစ်)၊ ချိုလေး  (၁၃နှစ်)၊ ကာဒယ် (ခ) မောင်မောင်ချေ (၁၇ နှစ်)တို့ ဖြစ်သည်။

ထွက်ပြေးရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး အသေအချာ မသိရသေးသော်လည်း စခန်းမှ ထွက်ဆိုချက် များနှင့် ပတ်သက်ပြီး သူက ယခုလို ပြောသည်။

“ အဲဒီနေ့ ညနေ ရနာရီခွဲအချိန်မှာ အဲဒီလူတွေဟာ ကယ်ဆယ်ရေးစခန်းလမ်းမပေါ်မှာ ရှိနေသေးတယ်။ ဒါကြောင့် သူတို့ကို ကယ်ဆယ်ရေးစခန်းထဲကို ၀င်ကြဖို့ စခန်းက ဆယ်အိမ်မှူး ဦးရွှေသိန်းက ပြောခဲ့တယ် လို့ ပြောတယ်။ ညအိပ်ရာဝင်ရမယ့် ညဉ့် ၁၂ နာရီထိ စခန်းထဲကို ရောက်မလာတာကြောင့်  လိုက်လံရှာဖွေ တဲ့ခါ မတွေ့တော့ဘူးလို့  ဆယ်အိမ်မှူး ဦးရွှေသိန်းက ထွက်ဆိုပါတယ်” ဟု ဆိုသည်။

ထွက်ပြေးသွားသူများအထဲမှ ၂ ဦးကိုသာ ပြန်ဖမ်းမိပြီး ကျန် ၁၀ ဦးမှ ပျောက်ဆုံးနေသဖြင့် ကျောက်ဖြူ ဒေသခံများ အကြား စိုးရိမ်မူလည်း တိုးပွားနေသည်ဟု သိရသည်။

ထွက်ပြေးသွားသူများကို ယခုအခါ လုံခြံုရေး တပ်ဖွဲ့ဝင်များ အပူတပြင်း လိုက်လံရှာဖွေနေသည်ဟု သတင်း ရရှိသည်။

Most read this week