မြောက်ဦး ဒုံဘွယ်ကျေးရွာ တိုက်ခိုက်သူများ ရဲတပ်ဖွဲ့မှ ဖမ်းဆီး ဖေါ်ထုတ်နိုင်ခြင်း မရှိသေး

မြောက်ဦး ဒုံဘွယ်ကျေးရွာ တိုက်ခိုက်သူများ ရဲတပ်ဖွဲ့မှ ဖမ်းဆီး ဖေါ်ထုတ်နိုင်ခြင်း မရှိသေး

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဒုံဘွယ် ကျေးရွာမှ ကွမ်းခင်း လုပ်ကိုင်စားသောက်နေသူ မိသားစု (၂) စုအား အမည်မသိ မျက်နာဖုံးစွပ် လူတစ်စုမှ တုတ်ဓါးများဖြင့် ၀င်ရောက် တိုက်ခိုက်သွားသည်မှာ တပတ်ခန့်  ရှိလာပြီ ဖြစ်သော်လည်း ရဲတပ်ဖွဲ့မှ ဖမ်းဆီး ဖေါ်ထုတ် အရေးယူခြင်း မရှိသေးကြောင်း ဒေသခံရွာသားများက ပြောသည်။

ရခိုင်မှ ကွမ်းခင်း၊ အပျက်အစီး အခိုးအပျောက် မရှိစေရန် တောင်သူများမှာ ညစောင့် အိပ်ကြရသည်။

File0143-300x225

ယခုကဲ့သို့ ဖမ်းဆီး ဖေါ်ထုတ်ခြင်း မရှိသဖြင့် သက်ဆိုင်ရာ ရဲစခန်းမှူး အပေါ် ဒေသခံများက သံသယ ၀င်နေကြသည်ဟု ဆိုသည်။

“ဒီတိုက်ခိုက်မူကို ကျူးလွန်တာက ရှမ်းတောင် မွတ်ဆလင်ရွာက လူတွေ ဖြစ်တယ်ဆိုတာ အတိအကျ ပြောထား ပေမယ့် မြောင်းဘွေရဲစခန်းမှူးက သူတို့ကို မဖမ်းဘဲ လက်မ မွတ်ဆလင်ရွာက ရွာသားတွေကို ဖမ်းဖို့ စီစဉ်နေတယ်လို့ သိရတယ်။ ခုလို လုပ်နေတဲ့ အတွက် တရားခံတွေကဆီက ငွေစားထားတယ်လို့ သံသယ ဖြစ်နေကြပါတယ်” ဟု ရွာသား တစ်ဦးက ပြောသည်။

လွန်ခဲ့သော ကြာသပတေးနေ့ ဖေဖေါ်ဝါရီလ ရ ရက်နေ့ ညဉ့် ၁၁ နာရီ အချိန်တွင် မျက်နာဖုံး စွပ်ထားသော လူ ၁၀ ဦးခန့်သည် မြောက်ဦးမြို့နယ် ရခိုင် ဒုံဘွယ် ကျေးရွာမှ ကိုမောင်ရွှေသန်း (၂၅)နှစ်နှင့် ဦးသာထွန်း (၅၂) နှစ်ခန် ့ မိသားစုတို့  ရွာနှင့် မနီမဝေးတွင် လုပ်ကိုင် စားသောက်နေသော ပြောင်းခင်းနှင့် ကွမ်းခင်းသို့ တုတ်ဓါးများ ကိုင်ဆောင်ကာ ၀င်ရောက်လာကြောင်း၊ ကိုမောင်ရွှေသန်းနှင့် ဦးသာထွန်းတို့ ဇနီးများ အပါအဝင် မိသားစု လေးဦးစလုံးကို ဖမ်းဆီးပြီး ကြိုးနှင့် ချည်နှောင်စဉ် ကိုမောင်ရွှေသန်း၏ ဇနီးဖြစ်သူမှာ ထွက်ပြေး လွှတ်မြောက် သွားပြီး ရွာသို့ ချက်ချင်း အကြောင်းကြားခဲ့သည်ဟု သိရသည်။

ရွာသားများလိုက်ပါသွားရာ အကြမ်းဖက်လိုသူများသည် ကိုမောင်ရွှေသန်းအား ရိုက်ပုတ်ပြီး ထွက်ပြေး သွားခဲ့သည်ဟု ဆိုသည်။ ဒုံဘွယ်ကျေးရွာ ဆရာတော်အား လျှောက်ထား မေးကြည့်ရာ ယခုလို ပြောသည်။

“သူတို့က သတ်မှာ။ ကိုမောင်ရွှေသန်းရဲ့ အမျိုးသမီး လွှတ်သွားတဲ့ အတွက် သူတို့က သတ်ဖို့မရလိုက်ဘူး။ ကံကောင်းသွားတယ်။ ဒါကြောင့်ကိုမောင်ရွှေသန်းကို ရိုက်ပုတ် ကန်ကျောက်ပြီး ထွက်ပြေးသွားကြပါတယ်။ ကိုမောင်ရွှေသန်း အပြောအရတော့ ရွာအနားမှာ တည်ရှိတဲ့ ရှမ်းတောင်ရွာက ဘင်္ဂလီတွေလို့ ပြောပါတယ်” ဟု ဆိုသည်။

ကိုမောင်ရွှေသန်းတွင် မျက်နာနှင့် ခန္ဓာကိုယ်တို့တွင် အနည်းငယ် ဒဏ်ရာ ရရှိခဲ့ပြီး ဦးသာထွန်းကိုမူ တစ်စုံတစ်ရာ တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း ဆရာတော်က ဆိုသည်။

မြောင်းဘွေ ရဲစခန်းမှူး အနေဖြင့် ယခုအချိန်ထိ အကြမ်းဖက်သူများအား  တစ်စုံတစ်ရာ ဖေါ်ထုတ် အရေးယူမူ မရှိ သေးသဖြင့် မဆိုင်သူများမှာပါ ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြသည် သာမက  ပြန်လည် ဆူပူမူများ ပေါ်ပေါက်လာနိုင်သဖြင့် အမြန်ဆုံး တရားခံများကို ဖေါ်ထုတ် အရေးယူရန်လည်း အများပြည်သူက လိုလားနေကြသည်ဟု သိရသည်။

၎င်းပြင် ဒေသ အာဏာပိုင်များသည် ရခိုင်အမျိုးသားများထံမှ တုတ်ဓါးလက်နက်များကို သိမ်းယူထားပြီး ရခိုင်လူမျိုးများ၏ အသက်အိုးအိမ်ကိုမူ ကာကွယ်မူ မပေးနိုင်ဘဲ ဖြစ်နေသဖြင့် အာဏာပိုင်များ၏ လုပ်ရပ် အပေါ်မှာလည်း ဒေသခံ ပြည်သူများက အထူး မကျေမနပ် ဖြစ်နေကြသည်ဟု သိရသည်။