ယခုနှစ် ဖေဖေါ်ဝါရီ ၂၀ ရက်နေ့တွင် ကျရောက်မည့် ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ချင်းအမျိုးသား ခေါင်းဆောင်ကြီး ပူးဝမ္မသူးမောင်း ပုံပါသော အကျင်္ီကို ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ပေါ်တွင် ဖြန့်ဝေ နေကြောင်း သိရသည်။
“ခေါင်းဆောင်ကြီး ၀မ္မသူးမောင်း အသက်ပြန်ရှင်လာသလို ခံစားရတယ်ဗျာ၊” ဟု ဒေသခံ လူကြီး ပူးလဲခွီရှိန်းက ပြောသည်။
ဒေသခံတဦးက အရင်းအနှီးထုတ်ပေးပြီး ချိုးလူငယ်အဖွဲ့မှ အဆိုပါ အထိမ်းအမှတ်အကျင်္ီ အထည် ၁၀၀၀ ကို ယခုလ ရ ရက်နေ့မှ စပြီး ဖြန့်ဝေ ခြင်းဖြစ်သည်ဟု ပြောကြသည်။
အကျင်္ီရှေ့ဖက်တွင် ပူးဝမ္မသူးမောင်းဓါတ်ပုံနှင့် အဝန်းလိုင်းတွင် FEBRUARY 20 ALWAYS ၊ ဟူ၍၄င်း၊ အကျင်္ီကျောဖက်တွင် အောက်ချင်းငှက်ပုံနှင့် အပေါ်ပိုင်းတွင် KCHOPAKHUIHNGUUP၊ အောက်ပိုင်းတွင် CHIN NATIONAL DAY ဟူ၍၄င်းပါရှိသည်။
အလားတူ ချင်းအမျိုးသားပါတီ ကလည်း ပူးဝမ္မသူးမောင်း၏ တော်လှန်ရေးလှုပ်ရှားမှု သမိုင်းအကျဉ်းပါ Pamphlet ကို ထုတ်ဝေဖြန့်ချိနေ ကြကြောင်း သိရသည်။
ပူးဝမ္မသူးမောင်း ဦးဆောင်မှုဖြင့် ၁၉၄၈ ခုနှစ်ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က လူထု ၅၀၀၀ ခန့်တက်ရောက် သည့် ဖလမ်းညီလာခံကြီးက ချင်းအမျိုးသားနေ့ကို မွေးဖွားပေးလိုက်သည်။
“ဖလမ်းညီလာခံဆိုတာက ကျတော်တို့ ချင်းတွေ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို စတင် တည်ထောာင်တဲ့နေ့ ပါ၊” ဟု ချိုး လူငယ်တဦးက ပြောသည်။
CNF နဲ့ သမ္မတ ဦးသိန်းစိန်အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးမှု ရလဒ်ကြောင့် နှစ်ပေါင်းများစွာ တိမ်မြှုပ်လုလု ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်နှင့် မြန်မာနိုင်ငံတဝန်းရှိ ချင်းပြည်သူများ၊ နိုင်ငံတကာရောက် ချင်းပြည်သူများ စည်ကား သိုက်မြိုက်စွာ ကျင်းပကြ မည်ဟုလည်း သိရသည်။