မြန်မာနိုင်ငံ၏ မြစ်ကြီး သုံးစင်း မှ ရေချိုများအား အကျိုးရှိစွာ အသုံးချနိုင်ရေး အပါအဝင်ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေးနှင့် မြစ်ကြောင်းထိန်းသိမ်းရေး ကိစ္စများအတွက် ADB က ဝိုင်းဝန်း ကူညိီမည်ဟု သိရသည်။
အဆိုပါ ကိစ္စအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဥက္ကဌ MR. HARUHIKO KUR0DA ဦိးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဖေဖေါ်ဝါရီလ ရ ရက်နေ့က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြ ပါရှိသည်။
ထိုအပြင် စားနပ်ရိက္ခာ ထုတ်လုပ်မှုတွင် အရေးပါသည့် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဒေသဖွံ့ဖြိုးရေး အတွက် ကူညီဆောင်ရွက်ရေး၊ အိန္ဒိယ -မြန်မာ - ထိုင်း မော်တော်ကားလမ်း ဖေါက်လုပ်မှု၊ မြန်မာ-လာအို မဲခေါင်
မြစ်ကူးတံတား ဆောက်လုပ်မှုနှင့် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများတွင် ADB က ကူညီိ ဆောင်ရွက်မည်ဟုလည်း ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသည့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်မှု၊ ဆက်သွယ်ရေး လမ်းကြောင်းများ ဖွံ့ဖြိုးမှုနှင့် ရေရှည်စွမ်းအင် ဖွံ့ဖြိုးမှုတို့အတွက် ADB က နည်းပညာနှင့် ငွေကြေး အကူအညီများ ပံ့ပိုုးရန်တို့ကို ဆွေးနွေးသည်ဟု ယနေ့ထုတ် သတင်းစာ၌ ဆက်လက် ဖော်ပြသည်။
မြန်မာနိုင်ငံတွင် လက်ရှိ လုပ်ကိုင်နေသော လျှပ်စစ်စီမံကိန်းများအနက် JVA အဆင့် ၄ ခု၊ MOA အဆင့် ၂၅ ခု၊ MOU အဆင့် ၂၀ ခုတို့ရှိထားပြီး ဖြစ်သည်။
ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ စီမံကိန်းများအနေဖြင့် MOU အဆင့် သုံးခုရှိပြီး လေစွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး စိီမံကိန်းများအနေဖြင့် MOU အဆင့်သုံးခုတို့ကို ဆောင်ရွက်ထားပြီး ဖြစ်သည်။