ရန်ကုန်တွင် ဆူဇူကီး မော်တော်ကား ပြန်လည် ထုတ်လုပ်မည်

ရန်ကုန်တွင် ဆူဇူကီး မော်တော်ကား ပြန်လည် ထုတ်လုပ်မည်
by -
မဇ္ဈိမ

ဆူဇူကီး မော်တော်ယာဉ် ကုမ္ပဏီက မြန်မာနိုင်ငံအတွင်း ဝင်ရောက်၍ ကားထုတ်လုပ်မှှု လုပ်ငန်းများ ပြန်လည်
လုပ်ကိုင်တော့မည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့က ကြေညာလိုက်သည်။

ဆူဇူကီး ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံအတွင်း ကားထုတ်လုပ်ရေး လုပ်ငန်းအား ယခင်ကတည်းက လုပ်ကိုင်ခဲ့သော်လည်း လွန်ခဲ့သည့် ၂ နှစ်ခန့်က ရပ်ဆိုင်းခဲ့ပြီးနောက် ယခု ပြန်လည်ထုတ်လုပ် ရန် ကြေညာခဲ့ခြင်း ဖြစ်သည်။

မြန်မာအစိုးရက ဆူဇူကီး ကုမ္ပဏီအား မြန်မာနိုင်ငံထဲတွင် ကားထုတ်လုပ်မှှုများ ပြန်လည် စတင်ခွင့်နှင့် အရောင်းပြခန်း ဖွင့်လှစ် ရောင်းချနိုင်ရေး အတွက် ဆူဇူကီး(မြန်မာ) မော်တော် ကုမ္ပဏီလိမိတက်ကို လုပ်ကိုင်ခွင့် ပြုလိုက်ပြီ ဖြစ်သည်ဟု ဂျပန် မော်တော်ကား ကုမ္ပဏီကြီး ဖြစ်သည့် ဆူဇူကီး၏ကြေညာ ချက်ထဲတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံအတွင်း ထိုလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ဆူဇူကီး ကုမ္ပဏီက ရာနှှုန်းပြည့် ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။

“ရန်ကုန်မှာ ရှိပြီးသားဖြစ်တဲ့ စက်ရုံတရုံမှာ ထရပ်ကား (compact truck Carry) တွေကို ထုတ်လုပ်ဖို့  ဆူဇူကီး (မြန်မာ) မော်တော် ကုမ္ပဏီ လိမိတက် ကနေ စီစဉ်ထားပါတယ်” ဟု ဆူဇူကီး ကုမ္ပဏီ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ထို့အပြင် “စီးပွါးရေး လွတ်လပ်လာမှှုနဲ့ လိုက်လျောညီထွေ ဖြစ်စေဖို့ အခြေခံ အဆောက်အအုံ တွေကို အားဖြည့်ပေးတဲ့ အနေနဲ့၊ ကားထုတ်လုပ်မှှု နဲ့  ကားရောင်းချတဲ့ လုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ ချဲ့ထွင် လုပ်ကိုင်ဖို့ စီစဉ်ထားပါတယ်” ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ဖြစ်သည့် ရန်ကုန်တွင် ကားထုတ်လုပ် ရောင်းဝယ်ရေး လုပ်ငန်းများ ပြန်လည် စတင်နိုင်ရန် အတွက် အမေရိကန် ဒေါ်လာ ရ သန်း ခန့် ရင်းနှီးမြှုပ်နှံလိမ့်မည်ဟု ဆူဇူကီး ကုမ္ပဏီက ဆိုထားပြီး မေလထဲတွင် စတင်ထုတ်လုပ်ရန် မျှော်မှန်းထားသည်ဟု သိရသည်။

“ကနဦးတွင် စက်ရုံအနေဖြင့် ပြည်တွင်း စျေးကွက်အတွက် လစဉ် Carry မီနီ ထရပ်ကား စီးရေ ၁၀၀ ထုတ်လုပ်မည်ဖြစ်ကာ ပြည်တွင်း အလုပ်သမား ၉၀ ခန့်ဖြင့် လုပ်ငန်းလည်ပတ်လိမ့်မည်” ဟု AFP သတင်းဌာနက ရေးသားဖော်ပြထားသည်။

သီလဝါ အထူး စီးပွါးရေးဇုန်တွင် ဆူဇူကီး ကုမ္ပဏီ အနေဖြင့် ၂၀၁၅ ခုနှစ်ထက် နောက်မကျဘဲ မော်တော်ကား ထုတ်လုပ်ရေး စက်ရုံ တခု တည်ဆောက်ဖွင့်လှစ် သွားမည် ဆိုသည့်၊ ၂၀၁၂ ခုနှစ် အောက်တိုဘာလ က ထုတ်ပြန်ခဲ့သော ကြေညာချက်နှင့် ပတ်သတ်၍မူ ထပ်မံ ပြောဆိုသွားခြင်း မရှိပေ။

ဆူဇူကီး ကုမ္ပဏီ၏ ယခု ကြေညာချက်သည်၊ ဂျပန်နိုင်ငံ၏ အကြီးဆုံး စီးပွါးရေး အဖွဲ့ဖြစ်သည့် Keidanren အဖွဲ့မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ချိန်နှင့်လည်း တိုက်ဆိုင်နေပြီး ထိုအဖွဲ့သည် နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန် အပြင် အခြား ဝန်ကြီးများနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဂျပန် အစိုးရသည် မြန်မာနိုင်ငံက ဂျပန်သို့ ပြန်လည် ဆပ်ရန် ကျန်ရှိနေသည့် ကြွေးမြီ၏ ၆၀ ရာခိုင်နှှုန်းခန့် ဖြစ်သော ဒေါ်လာ ၃.၂ ဘီလီယံကို လွန်ခဲ့သည့် အပတ်က လျှော်ပေးခဲ့သည်။

Most read this week