ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
Red Link ၏ ဝေဖန်မှုခံနေရသော အင်တာနက် ဝန်ဆောင်မှု နှေးကွေးခြင်းကိုလည်း ဦးမင်းဆွေလှိုင်က ဝန်ခံပြောကြားလိုက်ပြီး ကိုယ်တိုင်ပင်လျှင် ကျေနပ်မှု မရှိဟုဆိုသည်။ ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူမှာ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏ သားဖြစ်သူ ဦးတိုးနိုင်မန်းဖြစ်ရာ ယခုလအတွင်း ဆက်သွယ်ရေးဝန်ထမ်းများနှင့် ဆက်သွယ်ရေး ဝန်ဆောင်လုပ်ငန်းများလုပ်ဆောင်နေသည့် ကုမ္ပဏီများကို ခေါ်ယူစစ်ဆေးမှုများ ရှိနေသည်ဟူသည့် ထင်မြင်ချက်များနှင့် ပတ်သက်၍လည်း ဦးမင်းဆွေလှိုင်က ရှင်းလင်းထားသည်။
ဆက်သွယ်ရေး လုပ်ငန်းများတွင် ကြိုးနီစနစ် လွှမ်းမိုးနေသည်ဟုဝေဖန်လိုက်သူ Red Link ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင် ကို ၂ဝ၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်အင်တာနက် သုံးစွဲသူများအတွက် ဝန်ဆောင်မှုလုပ်ငန်းများ အတွက်ပြင်ဆင်နေမှု Red Link ကုမ္ပဏီနှင့်ဆက်သွယ်ရေး ဝန်ထမ်းတို့၏ ဆက်ဆံရေးအခြေအနေတို့ကို မဇ္ဈိမကမေးမြန်းထားခြင်းဖြစ်သည်။
ပထမဆုံး မေးချင်တာက ဖုန်းကဒ် စျေးနှုန်းတွေနဲ့ ပတ်သတ်ပြီး လုပ်ငန်းရှင် တယောက်အနေနဲ့ ဘယ်လောက် ဖြစ်သင့်တယ်လို့ ထင်ပါသလဲ။
စျေးနှုန်းက နိုင်ငံတကာစျေးပဲပေါ့။ နိုင်ငံတကာမှာ ဘယ်လောက်နဲ့ရောင်းသလဲ။ ဒီလောက်ပဲပေါ့။ စျေးနှုန်းက သူများမှာ ရောင်းနိုင်ပြီး ကိုယ်က မရောင်းနိုင်ရင် တစ်ခုခုမှားလို့ပေါ့။ ပြည်သူကတော့ နိုင်ငံတကာ စျေးအတိုင်း လိုချင်တာပေါ့။
အကယ်၍ပေါ့ Red Link က ဆက်သွယ်ရေး ၀န်ဆောင်မှုတွေ လုပ်ပိုင်ခွင့်ရမယ်ဆိုရင် Red Link အနေနဲ့ အများပြည်သူတွေ စိတ်ဝင်စားနေတဲ့ ဖုန်းကဒ်တွေကို ဘယ်စျေးလောက်နဲ့ ရောင်းနိုင်မလဲဆိုတာ ပထမဆုံး မေးချင်တယ်။
ကျွန်တော်တို့က Zero Cost (အခမဲ့)တင် မဟုတ်ဘူး။ တစ်အိမ် တက်ဆင်း တံခါးခေါက်ပြီး ကျွန်တော်တို့ဟာ ဝယ်ပါလို့ သွားမှာပဲ။ အလကားပေးရုံတင်မကဘူး အိမ်အရောက်လာပေးမှာ။ မြို့ကြီးတွေမှာဆိုရင် ခြောက်လအတွင်းပေးနိုင်ပါတယ်။ တစ်နိုင်ငံလုံး ဆိုရင်တော့ တစ်နှစ်ခွဲ လောက်အတွင်း ပေးနိုင်ပါတယ်။ နှစ်နှစ် သုံးနှစ်လောက် အတွင်း အကုန်အပြီး ပေးနိုင်ပါတယ်။
Red Link က ဖုန်းကတ်ကို အခမဲ့ပေးမယ်ဆိုတော့ ဆိုတော့ ဝမ်းသာစရာပါပ။ဲ ဒါပေမယ့် အခု Red Link က ဝန်ဆောင်မှုပေးနေတဲ့ အင်တာနက် သုံးစွဲခ စျေးနှုန်းတွေက တော်တော်များနေတယ်လို့ဝေဖန်ကြပါတယ်။ အခုဖုံးကတ် ကိစ္စ ပြောလာတဲ့အခါမှာ လက်တွေ့ကော ဖြစ်နိုင်ရဲ့လား။
စျေးများတယ်ဆိုတာ ကျွန်တော်တို့လည်း ဝန်ခံပါတယ်။ ကျွန်တော်တို့မူကိုက Initial Price (ကနဦး စျေးနှုန်း) ကို Zero(သုည)နဲ့ ပေးဖို့ရည်ရွယ်ချက်ရှိတယ်။ ကျွန်တော်တို့ကလည်း အစိုးရက တောင်းဆိုထားတာတွေ ရှိပါတယ်။ ကျွန်တော်တို့ကိုလည်း တစ်နိုင်ငံလုံး လုပ်ကိုင်ခွင့်လိုင်စင် ဒီနေ့သာပေးလိုက်။ မနက်ဖြန် ကျွန်တော်တို့ Initial Cost ကို Zero ပေးလို့ရတယ်။ အခုက Full (အပြည့်အဝ) လိုင်စင် မရှိသေးဘူး။
ကျွန်တော်တို့က ဆက်သွယ်ရေးအောက်၊ ရတနာပုံ တယ်လီပအောက်မှာ လုပ်နေရတာဆိုတော့ လွတ်လွတ် လပ်လပ် လုပ်ခွင့်မရသေးဘူး။ သူတို့သတ်မှတ်ထားတာတွေရှိတယ်။ သူတို့ကို Sharing လုပ်နေရတာတွေ ရှိတယ်။ ဒါတွေကTransaction Cost တွေပဲ။ ဒါတွေက ပေးနေရတာပဲ။ ကိုယ်တို့ကို လုပ်ပိုင်ခွင့် သာပေးလိုက်မယ်ဆိုရင် မရှိတော့တဲ့အတွက်နိုင်ငံတကာနှုန်းနဲ့ ရောင်းနိုင်ပါတယ်။
REd Link ရဲ့အင်တာနက် ၀န်ဆောင်မှုတွေ အပေါ်မှာလည်းတော်တော်လေး ဝေဖန်နေတာ တွေ့ရပါတယ်။ ဒီအပေါ်မှာကော ဘာတွေပြောချင်ပါသလဲ။
Service (ဝန်ဆောင်မှု) ကိုပြောမယ်ဆိုရင်တော့ ဒီ Service ကကျေနပ် ဖွယ်ရာမရှိပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း မကျေနပ်ပါဘူး။
သုံးတဲ့သူကတော့ ကောင်းကောင်းသုံးချင်တာပဲ။ ဒါကို Service ပေးဖို့က ဝန်ဆောင်မှုပေးတဲ့သူတွေမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့က ကြားခံ ဖြစ်နေပါတယ်။ ဆက်သွယ်ရေးက Miss Management (လွဲချော်သည့် စီမံခန့်ခွဲမှု)နဲ့ မလုပ်ပေးနိုင်ရင် ကျွန်တော်တို့က အခက်အခဲတွေရှိပါတယ်။
ကျွန်တော်တို့ကို ပြည်သူနဲ့သာ တိုက်ရိုက် ချိတ်ဆက် ခွင့်ပေးလိုက်ရင် နိုင်ငံတကာနဲ့ ချိတ်ခွင့်ပေးရင် ကျွန်တော်တို့အကောင်းဆုံး Quality (အရည်အသွေး) ပေးနိုင်ပါတယ်။ ဝေဖန်နေတာလည်း တကယ် မကောင်းလို့ဆိုတာ လက်ခံပါတယ်။
ကျွန်တော်တို့မှာလည်း Limitation (အကန့်အသတ်တွေ) ရှိတယ်။
ဒါဆို အင်တာနက် အမြန်နှုန်းတွေကောင်းဖို့ ကောဘာတွေ လုပ်ဖို့ လိုမယ်ထင်လဲ။
လိုအပ်တာက ပုဂ္ဂလိက ဆန်ဆန် အားလုံးကလုပ်မှရမယ်။ ကြိုးနီစနစ်၊ ဗျူရိုကရေစီစနစ် မရှိမှရမယ်။ ဒီလုပ်ငန်းက မိနစ်နဲ့အမျှ နည်းပညာကို ပြောင်းလဲနိုင်ရမယ်။ နောက်တစ်ချက်ကစျေးကွက် ကို ယုံယုံကြည် ကြည်နဲ့ ဖွင့်ပေးစေချင်တယ်။
ဆက်သွယ်ရေးနဲ့ ပတ်သတ်တဲ့ Mobil Project တွေမှာ Red Link အနေနဲ့ ဘာကြောင့်များ ၀င်မပါ ဖြစ်တာလဲ။
Red Link အနေနဲ့ အစည်းအဝေးတွေ တက်ခဲ့တယ်။ သူတို့ရဲ့ ငွေကြေးတွက်ချက်မှုမှာ Per line Cost က
နိုင်ငံတကာနဲ့ယှဉ်ရင် သုံးဆလောက်များနေတယ်။ အဲဒါကြောင့်ကျွန်တော်တို့က အဲဒီပရောဂျက်ပေါ်မှာ ယုံကြည်မှုမရှိလို့ မပါခဲ့ပါဘူး။ ဒီလို သန်းခြောက်ဆယ်သော ပြည်သူအတွက် စဉ်းစားတဲ့ National Level ပရောဂျက်ကို စဉ်းစားတာပညာရှင် ပါကိုပါရမယ်။ စီးပွားရေးပညာရှင်၊ နည်းပညာ ပညာရှင် ပါရမယ်။ ဒါတွေမပါဘဲ အင်ဂျင်နီယာတစ်ယောက် ဆွဲခဲ့တာလေးကို နေရှင်နယ်ပရောဂျက်အဖြစ် ဆွဲခဲ့တာကိုက မှားတယ်လို့ ကျွန်တော်တို့ကယူဆတယ်။ နောင်တစ်ချိန်လုပ်တဲ့ ပရောဂျက်တွေ ဆိုရင်တော့ နားလည်တဲ့ ပညာရှင်တွေ၊ စီးပွားရေး ပညာရှင်တွေ၊ နိုင်ငံတကာနဲ့ ဆက်ဆံလုပ်ကိုင်နေတဲ့သူတွေ ဖိတ်ခေါ်သင့်တယ်။ အဲဒီတုန်းက ပရောဂျက် Plan က တစ်နှစ်တစ်လကြာရင် မြတ်မယ်ဆိုခဲ့တယ်။ ဒီလို မြတ်တယ်ဆိုတာပုံမှန် စီးပွားရေးမှာ မမြတ်ပါဘူး။ ဘိန်းရောင်းမှပဲ မြတ်မယ်။
အခုကတော့ စျေးနှုန်းကိစ္စမှာ တော်တော်လေး ပြဿနာတွေဖြစ်တယ်လည်းကြားပါတယ်။
ဒီကိစ္စမှာ ဆက်သွယ်ရေးနဲ့ နီးစပ်တဲ့ ကုမဏီတွေကိုလည်း စစ်ဆေးနေတယ်လို့ ကြားပါတယ်။ Red Link ကုမဏီ ကောပါ၀င်ပါလား။
ကျွန်တော်တို့ကတော့ အစစ်မခံရတဲ့အတွက် သေချာမသိပါဘူး။ စစ်ဆေးခံရတာကိုတော့ ဘာမှန်းမသိဘူး။ ကျွန်တော်တို့ကလည်း ဘာမှပတ်သက်ထားခြင်း မရှိပါဘူး။ ရှုပ်ထွေးမှုရှိတယ်လို့ ယူဆလို့ပါ။ ကျွန်တော်တို့က အော်ပရေတာပဲ လုပ်ချင်တယ်။
အခုဆို ဆက်သွယ်ရေး ၀န်ကြီးလဲ အပြောင်းအလဲ ဖြစ်သွားပြီ။ ဒီအပြောင်းအလဲ အပေါ်မှာအကောင်း
ဘက်က ဘာမျှော်လင့်လို့ ရနိုင်မယ်လို့ ထင်ပါသလဲ။
ကောင်းသော အပြောင်းအလဲပဲ မျှော်လင့်ပါတယ်။ ကြားရတာကတော့ ပြည်တွင်း လုပ်ငန်းရှင်တွေကိုလည်း ဦးစားပေးချင်တယ်လို့ သမ္မတကြီးက ညွှန်ကြားထားတာရှိတယ်လို့ကြားပါတယ်။ ကြိုဆိုပါတယ်။ ပြည်တွင်းမှာလည်း တကယ်မတတ်ဘဲနဲ့လုပ်နေတဲ့ ပညာရှင်တွေ ကြီးစိုးသွားမှာကို ကျွန်တော်တို့က မလိုလားပါဘူး။ ကျွန်တော်တို့လည်း ပညာရှင်ဘဝကနေ တစ်ဆင့်ချင်း တက်လာတာပါ။ ကျွန်တော်တို့ဆို လည်း တစ်ကျပ်တစ်ပြားကအစ စိစစ်ပြီး လုပ်ကိုင်မှ ဒီလိုလုပ်ငန်းမျိုးက လုပ်နိုင်တာပါ။ တစ်ကျပ်ရင်း တစ်ဆယ်မြတ်တဲ့ လုပ်ငန်းမဟုတ်ပါဘူး။ ကျွမ်းကျင်တဲ့ပညာရှင်တွေ မပါဘဲနဲ့ လုပ်နိုင်တဲ့လုပ်ငန်းမဟုတ်ပါဘူး။
ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်မဲ့ ကုမ္ပဏီ နှစ်ခုရှိပြီးပြီပေါ့။ ရတနာပုံ တယ်လီပို့နဲ့ မြန်မာ့ဆက်သွယ်ရေး
ပေါ့ ။ နောက်နှစ်ခုကိုလဲ ထပ်ခေါ်ထားတော့ လေးခုပေါ့။ လေးခုတင် လုံလောက်မယ်လို့ ထင်ပါသလား။
အိုင်ဒီယာမျိုးစုံပေါ့။ မိုဘိုင်းအော်ပရေတာ ကမ္ဘာပေါ်မှာ အများကြီး ှကမလငလန မဖြစ်တော့ဘူး။ လေးခုဆိုတာ လုံလောက်တယ် ပြောလို့ရတယ်။ ဒါပေမယ့် အခြေအနေပေါ်မှာမူတည်တာပေါ့။ ကျွန်တော့်အမြင်တော့ စပေးတာက လေးခုထက်မကပေးသင့်တယ်ထင်တယ်။ ပြုတ်သွားနိုင်တာ ရှိသေးတာကိုး။
Sea Game မှာ ၀ုိင်ဖိုင်လွှင့်ခွင့် ကို Red Link က ရတယ်လို့ သိရပါတယ်။
အဲဒီမှာ ကျွန်တော်တို့ စကားအသုံးအနှုန်းကိုတော့ နည်းနည်းစိတ်မကောင်းဖြစ်မိပါတယ်။ လုပ်ခွင့်ရတယ်လို့
ပြောလိုက်တော့ ကျွန်တော်တို့က လုပ်ပိုင်ခွင့်ရသလို ဖြစ်နေတယ်။ အခုဟာက ကျွန်တော်တို့က Sea Game မှာ ၀ုိင်ဖိုင် သုံးလို့ရအောင် အခမဲ့ လှူတာ။ အခုကဆက်သွယ်ရေးဘက်က ပြောတာက Red Link ကို လုပ်ပိုင်ခွင့်ပေးတယ်ဆိုတော့ ကျွန်တော်တို့က ပြောရရင်ရွှေတိဂုံမှာ ရွှေသင်္ကန်းကပ်ဖို့ လှူတာကို ရွှေသင်္ကန်းကပ်ခွင့် လိုင်စင် ပေးလိုက်သလို ဖြစ်နေတယ်။ နားမလည်လို့ ပြောတာလည်းဖြစ်မှာပါ။ ကျွန်တော်တို့က ၂ဝ၁၃ Sea Game မှာ ဒီတိုင်းပြည်မှာ လုပ်လို့ Contribute လုပ်လို့ Free စပွန်စာ ပေးတာ၊ကုမ္ပဏီပေါင်း ၅ဝ လောက် ဝင်ပြိုင်တဲ့အထဲမှာမှ ကျွန်တော်တို့တစ်ဦးတည်း ရခဲ့တာ။ အမှန်တကယ်က ကျွန်တော်တို့ တစ်ဦးတည်းပဲ။ ဒါပေမယ့် နိုင်ငံတော် အကြီးအကဲတွေက တစ်ဦးမဟုတ်ဘူး။ နှစ်ဦးပေးပါဆိုလို့ Sky net ပါ ပါလာတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ Brand ကို ၂ဝ၁၃ Sea Game နဲ့ အတူ ကြော်ငြာမယ်။ လုပ်ပိုင်ခွင့်ပေးတယ် ဆိုတော့ အများပြည်သူတွေအမြင်မှာ Red Link ကခရိုနီတွေတော့ ရပြန်ပြီ ထင်မှာပေါ့။
တကယ်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က Contribute လုပ်တာပါ။ကျွန်တော်တို့က လှူဒါန်းတာပေါ့။ လှူဒါန်းတဲ့ ပမာဏနဲ့ညီတဲ့ ကြော်ငြာခွင့်တော့ ကျွန်တော်တို့ကို အားကစားဝန်ကြီးဌာနက ပြန်ပေးမှာပေါ့။
ဘယ်နေရာတွေမှာ ၀န်ဆောင်မှု ပေးမှာပါလဲ။
ကျွန်တော်တို့ ရထားတာကမြန်မာနိုင်ငံအောက်ပိုင်းအတွက် ရထားပါတယ်။ ရန်ကုန်၊ ပုသိမ် (ငွေဆောင်)ပေါ့။ အဲဒီမှာ ကျွန်တော်တို့ Wifi Hotspot တွေ လွှင့်ပေးမယ်။
ကျွန်တော်တို့က ဒီကာလမှာfree ပေးချင်တဲ့ ရည်ရွယ်ချက်ရှိတယ်။ မူချထားတာကလည်း free ပါ။ ကျွန်တော်တို့ ဒီမှာပါဝင်ဖို့လည်း တကယ်ကို ယှဉ်ပြိုင်ခဲ့ရတာပါ။ ဒါကြောင့် Local ကုမ္ပဏီတစ်ခုအနေနဲ့ လုပ်ကိုင်ခွင့်ရတာကို ဂုဏ်ယူပါတယ်။
အမြန်နှုန်းကိုရော ဘယ်လိုများ အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးမှာပါလဲ။
အဲဒီကိစ္စကိုလည်း ကျွန်တော်တို့ ဒုဝန်ကြီး ဦးသောင်းတင်ကို သွားတွေ့ဖို့ စီစဉ်ထားပါတယ်။ သူကလည်း အင်တာနက် မြန်ဆန်ရေးကိုတော်တော်လေး အာရုံစိုက်နေတယ်။ကျွန်တော်တို့ကလည်း အင်ဂျင်နီယာတွေ Technician တွေဖြစ်တဲ့အတွက် သူ့ကိုလည်း အကောင်းဆုံးအကြံဉာဏ်တွေ ပေးမယ်။ အဓိကကတော့ ဒီမှာက ပစ္စည်းတွေလည်းရှိတယ်။Bandwidth တွေလည်းရှိတယ်။ ဒါပေမဲ့ Fully Utilized မလုပ်နိုင်ဘူး။ Poor Management ဖြစ်နေတယ်။
Poor Management ကဘာတွေကို ရည်ရွယ်ပါသလဲ။
Poor Management ကအစိုးရ ဝန်ကြီးဌာနက ဝန်ထမ်းတွေကိုင်တွယ်တဲ့အတွက် limitation တွေရှိမှာပေါ့။ lack of Technical Knowledge ပေါ့ ။ နောက်တစ်ခုက ဗျူရိုကရေစီစနစ်တွေ ရှိကောင်းရှိနိုင်တယ်။ အိုင်တီသမားက Configuration တစ်ခု ပြောင်းဖို့အတွက်ကိုအထက်ကို စာတင်ရတယ်။ အထက်က ခွင့်ပြုမှဆိုရင် အထက်ကလည်း နားလည်ချင်မှ နားလည်မယ်။ ကိုယ့်ရဲ့တာဝန်က မြန်ဆန်ဖို့ ဆိုတာကိုကိုင်တွယ်တဲ့လူက နားလည်ဖို့လိုတယ်။ မမြန်သေးသရွေ့ ငါမှားနေတယ်ဆိုတာ သိရမယ်။ ငါမလုပ်နိုင်လည်း ငါထွက်မယ်ဆိုတဲ့ စိတ်ဓါတ်ကို ဒီဝန်ကြီးဌာန
မှာရှိတဲ့ အင်ဂျင်နီယာ level အထိက ရှိမှ ပြည်သူ ဗဟိုပြု ဆားဗစ်ကို သွားလို့ရမယ်။
ပြည်သူ ဗဟိုပြု တကယ်သွားချင်ရင်တော့ Mindset ကို ပြောင်းရမယ်။ပြည်သူက နှေးနေပါတယ်လို့ ပြောတာကို လက်ခံပြီးတော့ ငါဘယ်လိုမြန်အောင် လုပ်ရမလဲဆိုတာ ပြောင်းဖို့လိုနေပြီ။ အဲဒါကိုလည်း ဒုဝန်ကြီး ဦးသောင်းတင်ကို ပြောထားပါတယ်။ သူလည်း ကြိုးစားနေတယ်။
အခုဒီအပြောင်းအလဲမှာတော့ ကောင်းသွားနိုင်တယ်လို့ ယူဆပါတယ်။ ဒါပေမယ့်လည်း စောင့်ကြည့်ရမှာပေါ့။
Sea Game အမြန်နှုန်းနဲ့ ပတ်သတ်ပြီး ဘယ်လောက် ပမာဏအတွင်း ပေးရမယ်လို့ သတ်မှတ်ထား
တာ ရှိပါသလဲ။
Sea Game မှာ လိုအပ်တာကBandwith နဲ့သုံးတဲ့ အနေအထားညီမျှဖို့ပါ။ ဒါပေမယ့် Bandwith ကပြဿနာမရှိပါဘူး။ လိုတာကတော့ Poor Management မဖြစ်ဖို့ပါ။ကျွန်တော်တို့ အမြဲတမ်းပြောထားတာ ရှိပါတယ်။ အင်တာနက်မြန်ဖို့ဆိုရင် ပညာရှင်ကို နိုင်ငံခြားက ခေါ်စရာမလိုပါဘူး။ ပြည်တွင်းမှာရှိတဲ့ ပညာရှင်လက်ထဲကို တစ်ရက်လောက်ပဲပေးထည့်လိုက်ပါ။ မြန်လာပါလိမ့်မယ်။ အခုလက်ရှိ တစ်နိုင်ငံလုံး သုံးနေတဲ့ Bandwith က 14 Gဆိုတော့ ကျွန်တော်တို့ မှန်းတာကနောက်ထပ် 10G အထက်တော့ လိုပါလိမ့်မယ်။ တကယ့်ကို Hight Speed နဲ့ သွားမယ်ဆိုရင်ပေါ့။ လာအိုမှာဆိုရင် Sea Game မတိုင်မီနဲ့ Sea Game အတွင်းမှာ Bandwith ကို သုံးဆချဲ့တယ်။
Sea Game မှာ ၀ုိင်ဖိုင်ပေးခွင့်ရတာက အရင်ဆက်သွယ်ရေး ၀န်ကြီး လက်ထက်က လုပ်ခဲ့တာပါလား။
အဲဒါက တင်ဒါရွေးချယ်ရေးအဖွဲ့ဆိုတာရှိပါတယ်။ အဲဒီမှာ ဒုဝန်ကြီး ဦးသောင်းတင်က ဒုဥက္ကဋ္ဌအနေနဲ့ လုပ်တာပါ။ အရင်ဝန်ကြီးနဲ့ မဆိုင်ပါဘူး။ လက်ရှိ ပြည်တွင်းမှာ သုံးနေရတာက ရှိနေတဲ့ Bandwith ထက်စာရင်နှေးတယ်လို့ပြောနိုင်ပါသလား။ Gateway မှာ ရှိတဲ့ Management က တော်တော်လေးကို အားနည်းနေတယ် ဆိုနိုင်ပါတယ်။ လက်ရှိသုံးတဲ့ အနေအထားနဲ့ဆို 14Gက လုံလောက်ပါတယ်။ ဒါပေမယ့် မိုဘိုင်းသုံးတဲ့ User များနေတယ် ဆိုရင်တော့ မလုံလောက်ဘူးပေါ့။ ကျွန်တော်တို့ Red Link Subscriber တွေဆိုရင်လည်းတော်တော်ကို ကြာပါတယ်။ အဲဒီတော့ Bandwith မရှိရင်ကျွန်တော်တို့က အရောင်း ခဏရပ်၊ရှိမှ ပြန်ရောင်း အဲဒီလို လုပ်နေရတယ်။
နောက်ဆုံးမေးခွန်းပါ ဆက်သွယ်ရေး ဥပဒေကြမ်းအပေါ် ဘယ်လိုအမြင်ရှိပါသလဲ။
လက်ရှိဥပဒေကို ဝန်ကြီးကိုလုပ်ပိုင်ခွင့်ပေးလွန်းတာကို ထောက်ပြထားတယ်။ နောက်တစ်ခုက နိုင်ငံတကာနဲ့ ချိတ်ဆက်တဲ့အပိုင်းမှာ အားလုံးကို ဆက်သွယ်ရေးက ကိုင်ထားတော့ ကြိုးနီစနစ်ဆန်တယ်လို့ ထောက်ပြချင် ပါတယ်။