၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အတန်း တင်စားမေးပွဲနဲ့ တိုက်ဆိုင်

၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အတန်း တင်စားမေးပွဲနဲ့ တိုက်ဆိုင်
by -
ခိုနူမ်းထုန်

၂၀၁၃ ခုနှစ်ဖေဖေါ်ဝါရီ (၂၀) တွင် ကျင်းပမည့် ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ ပွဲတော် သဘင်တွင် ချင်းပြည်နယ်ရှိ ပညာရေး ၀န်ထမ်း များ၊ ကျောင်းသူ၊ ကျောင်းသားများ ပါ၀င်ဆင်နွှဲနိုင်မည် မဟုတ်ကြောင်း သိရသည်။

ပြည်ထောင်စု အစိုးရနှင့် ချင်းအမျိုးသား တပ်ဦးတို့ ဆွေးနွေး သဘော တူညီချက်အကျိုးဆက်အဖြစ် ချင်းအမျိုးသားနေ့တွင် အစိုးရဝန်ထမ်းများ တက်တက်ကြွကြွ ပါ၀င် ဆင်နွှဲနိုင်ရေး အတွက် ချင်းပြည် နယ်အတွင်း ရုံးပိတ်ပေးရန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့ က ပြည်နယ်အစိုးရ၊ ပြည်နယ် လွှတ်တော်နှင့် ချင်းအမျိုးသား တပ်ဦးတို့အကြား ဆွေးနွေးခဲ့ကြသည်။

9150126

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Pu Lal Maung Cung က “ပြည်နယ်အစိုးရနဲ့ စီအဲန်အက်ဖ် ဆွေးနွေးချက် အရ ပြည်နယ် ပညာရေးမှူးကို ချင်းအမျိုးသားနေ့ မှာ ကျောင်းသားတွေ စာမေးပွဲမဖြေဖို့၊ ရက်ရွှေ့ပေးဖို့ ကျတော် ဆွေးနွေးတယ်၊ ပညာရေးမှူးက အထက်ညွန်ကြား ချက်ဖြစ်တယ် လို့ပဲ တုံ့ပြန် တယ်” ဟု ပြောဆိုသည်။

သတင်းများအရ အမှတ် (၂) အခြေခံ ပညာဦးစီးဌာနအောက် ချင်းပြည်နယ်အပါအဝင် အထက် ဗမာပြည်တွင် ယခုလ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှစပြီး ဒုတိယနှစ်ဆုံး စာမေးပွဲကို စတင်ပြုလုပ်ကြမည် ဖြစ်သည်ဟု သိရသည်။

ထန်တလန်မြို့ပေါ် မှ အလယ်တန်း ကျောင်းဆရာတဦးကလည်း “ဖေဖေါ်ဝါရီ ၂၀ ရက်နေ့တော့ ဘာပဲဖြစ်ဖြစ် ပိတ်ပေးသင့်ပါတယ်၊ ကျတော်တို့လည်း ချင်းအမျိုး သားနေ့ ကို ဆင်နွှဲ့ ချင်တာပေါ့ဗျာ၊ ကျောင်းသား တွေကလည်း စာကို စိတ်ဝင်စားမှာ မဟုတ်ပါ ဘူး၊ အားလုံးပေါ့” ဟု ပြောသည်။

ယခုနှစ်တွင် ကျရောက်မည့် ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့သည် နှစ်ပေါင်းများစွာ ကျင်းပခွင့်မရှိတော့ သည့် အမျိုးသားနေ့အား ပြန်လည်ကျင်းပခွင့် ရရှိသည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်း ဒီလိုဖြစ်လာဖို့ ဆောင်ရွက်ပေးတဲ့ အစိုးရ နဲ့ ချင်းအ မျိုးသား တပ်ဦးတို့ အပေါ်လည်း အထူး ကျေးဇူး တင်ကြောင်း ဟားခါးမြို့ပေါ်မှ မြို့မိမြို့ဖ တဦးက ဆိုသည်။

ပြည်နယ်မြို့တော် ဟားခါးမြို့ ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြား ထားသည့် ပြည် တွင်း ပြည်ပ အထူး ဧည့်သည်တော်များ၊ နိုင်ငံကျော် ချင်းအဆိုတော် များပါ၀င်တက်ရောက် မည်ဟုလည်း သိရ သည်။

ထန်တလန်မြို့ ချင်းအမျိုးသားနေ့တွင်မူ နှစ်စဉ်နှစ်တိုင်း စည်းကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိ သည့် တောင်ကြော ဘော် လုံးပွဲ အပါအဝင် ချင်းရိုးရာ အကပဒေသာ၊ ရိုးရာ အားကစားမျိုးစုံ ပါ၀င်စေလျက် ကျင်းပသွားမည်ဖြစ်ကြောင်း၊ အိမ်တိုင်း ချင်းပြည်နယ်အလံကို လွှင့်ထူကြ မည်ဖြစ်ကြောင်းလည်းပြောကြ သည်။

Most read this week