ဇန္နဝါရီလ ၂၉ ရက်နေ့က ချင်းပြည်နယ်ဝန်ကြီးချုပ် ပူးဟုန်းငိုင်းနှင့် ၀န်ကြီးများသည် ဒေသခံ ပြည်သူလူထုထံ ရှေ့လုပ် ငန်းစဉ်များကို ရှင်းလင်းချပြကြသည်ဟု သိရသည်။
ဟားခါးမြိ့တော်ခန်းမတွင် ပြုလုပ်သော အဆိုပါ တွေ့ဆုံရှင်းလင်းပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက် အဆင့် အုပ်ချုပ်ရေးမှူး များ စုံလင်စွာ တက်ရောက်ကြကြောင်း သိရသည်။
တနှစ်ခွဲတာ အုပ်ချုပ်ရေးကာလ သက်ဆိုင်ရာအလိုက် လုပ်ငန်းဆောင်ရွက်မှု၊ ရှေ့လုပ်ငန်း စဉ်တွေကို ၀န်ကြီးချုပ်နှင့် ၀န်ကြီးအသီးသီးက ရှင်းလင်းချပြကြောင်း ဒေသထုတ် သတင်းစာတွင် ဖော်ပြထားသည်။
“၀န်ကြီးချုပ်က လာမည့် ဘတ်ဂျက်နှစ်မှာ ဟားခါးမြို့ပေါ် လျှပ်စစ်မီးအတွက် ကျပ်ငွေ သိန်းပေါင်း ၁၉၇၊ ချင်းပြည်နယ် တခုလုံးအတွက် ကျပ်ငွေ သန်းပေါင်း ၃၈ ကို ဗဟိုသို့ တောင်း ဆိုထားတယ်လို့ ပြောတယ်” ဟု တက်ရောက်သူတဦးက ပြောသည်။
ပြီးခဲ့တဲ့ ဇန္နဝါရီ ဒုတိယပတ်က ဟားခါးမြို့ပေါ်ဒေသခံများ မြို့ပေါ် လျှပ်စစ်မီး ပုံမှန်ရရှိရေး ဆန္ဒဖော် ထုတ်ခဲ့ကြသည်။
အဆိုပါ ရှင်းလင်းပွဲတွင် ချင်းပြည်နယ်တခုလုံး ကျေးရွာ၊ ရပ်ကွက်အဆင့် ရွေးကောက်ပွဲ၊ အာဏာ နှင့်လုပ်ပိုင်ခွင့်တွေကို ၀န်ကြီးချုပ်က ရှင်းလင်းခဲ့ သည်ဟု သိရသည်။
ချင်းပြည်နယ် ကျေးရွာ၊ ရပ်ကွက် အဆင့် အုပ်ချုပ််ရေးမှူး ရွေးကောက်ပွဲကို အပြီးသတ် ကျင်းပပြုလုပ်ပြီး ဖြစ်သော်လည်း ၁၅ ရွာတွင် ရွေးကောက် ပွဲမဖြစ်မြောက်သေးကြောင်း သိရသည်။