နံသာတောင်ကျေးရွာ ပရဟိတကျောင်းသို့ ရက္ခအလင်းတန်းမှ ပစ္စည်းများ လှူဒါန်း

နံသာတောင်ကျေးရွာ ပရဟိတကျောင်းသို့ ရက္ခအလင်းတန်းမှ ပစ္စည်းများ လှူဒါန်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်း နံသာတောင်ကျေးရွာရှိ ပရဟိတစာသင်ကျောင်း၌ ပညာ သင်ယူနေ သော ကျောင်းသူ/သားများအတွက် ရန်ကုန်အခြေစိုက် ရက္ခအလင်းတန်းအဖွဲ့မှ ပစ္စည်းများ လာရောက် လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။

nanthardoung

ပစ္စည်းလှူဒါန်း ခြင်းနှင့်ပတ်သက်၍ နံသာတောင်ကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးစရဏက နိရဥ္စရာသို့ယ ခုလိုမိန့်ကြားသည်။

“မနေ့က နံသာတောင်ရွာကို နေ့လည် ၁ နာရီလောက်မှာ ရောက်ပါတယ်။ သူတို့လှူခဲ့တဲ့ ပစ္စည်းတွေကတော့ ကျပ် ၅ သိန်းဖိုးလောက်ရှိပါတယ်။ အဓိကသူတို့ လှူခဲ့တဲ့ပစ္စည်းတွေက မော်တာစက်၊ တီရှပ်၊ ဂွမ်းကပ်အိပ်ရာ၊ ခြင် ထောင်တွေ ဖြစ်ပါတယ်” ဟု ဆိုသည်။

ရက္ခအလင်းတန်းမှ နယက ဒေါ်မာမာကျော်ဇောဦး ဆောင်ပြီး အလှူပစ္စည်းများကို ပေးအပ်ပြီးနောက် ကျောင်း ထိုင်ဆရာတော် ဦးစရာဏ၊ ရက္ခအလင်းတန်းမှ နာယက ဒေါ်မာမာကျော်ဇော၊ ကျောင်းသူ/သား၊ တောင်ပြိုမှ ဆက်သွယ်ရေးတာဝန်ရှိတချို့၊ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းဆရာတချို့တို့နှင့် အတူ မိတ်ဆက် ဆွေးနွေးပွဲ တခုကိုလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဘင်္ဂလား-မြန်မာနယ်စပ် နံသာတောင်ကျေးရွာ၌ ရခိုင်အမျိုးသမီး/သားပညာဒါန ပရဟိတစာသင်ကျောင်း၌ ကျောင်းသူ/သား စုစုပေါင်း ၂၁၀ ရှိပြီး ကျောင်းဆရာ/မ စုစုပေါင်း ၂၃ ယောက်ရှိသည်ဟု သိရသည်။

အဆိုပါကျောင်းဆရာနှင့် ကျောင်းသားများအတွက် ရှေ့ဆက်တာဝန်ယူ လုပ်ဆောင်ရမည့် အခြေအနေနှင့် ပတ်သက်ပြီးဆရာတော်က ဆက်လက်မိန့်ကြားသည်။

“ဦးဇင်းက ဒီကျောင်းကို မတည်လာတဲ့ သူဖြစ်တော့ အစစအရာရာတာဝန်ယူပြီး လုပ်ဆောင် နေရပါတယ်။ ခု ဖေဖေါ်ဝါရီနဲ့ မတ်လမှာ ကျောင်းဆရာ/မ ၂၃ယောက်ကို လစာပေးဖို့ ထောက်ပံ့ငွေ မရှိဘူး။ ပြီးရင် အမြဲတန်း ကျောင်းမှာ တာဝန်ယူ ကျွေးမွေးနေရတဲ့ ကျောင်းသူ/သား ၃၅ယောက် အတွက် စားနပ် ရိက္ခမရှိဘူး။ ဒီအချက် တွေဟာ တကဲ့ပြဿနာကြီး တရပ်ဖြစ်နေပါတယ်” ဟု မိန့်သည်။

ပရဟိတ ကျောင်း၌ငှားထားသည့် ကျောင်းဆရာတဦးလျှင် တလကိုထောက်ပံ့ငွေ ကျပ် ၃ သောင်းနှင့် ဆန်တ အိတ် စီပေးရကြောင်း၊ အဆိုပါ ပရဟိတ စာသင်ကျောင်း၌ သူငယ်တန်းကနေ ၁၀ တန်းအထိကျောင်း သူ/သား များကို နံသာတောင် ဆရာတော်ဦးစာရဏကမှ အခက်ခဲမျိုးစုံဖြင့် တာဝန်ယူ သင်ပေးနေသည်ဟု သိရသည်။

လက်ရှိကျောင်းသူ/သားများမှာ ပြိုပျက်နေသော ဘုန်းကြီးသင်္ခန်း၌သာ ပညာသင်နေရကြောင်း၊ သို့ဖြစ်၍ စာသင်ရန် ကျောင်းဆောင်တခုနှင့် ကျောင်းသားများ ရေသုံးဆောင်ဖို့ အုတ်ကန်တခု အရေး တကြီးလိုအပ် နေသည်ဟု ဆိုသည်။

ရခိုင်ပြည်၌ ဖြစ်ပွားခဲ့သော ဇွန်လ အရေးအခင်းပြီးနောက်ပိုင်း အစိုးရကျောင်းများ မဖွင့်လှစ်နိုင်ဘဲ ဖြစ်နေ၍ ကိုယ်ထူ ကိုယ်ထ စနစ်ဖြင့် နံသာတောင်ကျေးရွာရှိ ပရဟိတစာသင်ကျောင်းကို ၂၀၁၂-ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် စတင်ထူ ထောင်ခဲ့သည်ဟု သိရသည်။

Most read this week