ဧရာဝတီမြစ်နှင့် စစ်တောင်းမြစ်တို့တွင် ရေတိုက်စားမှုများကြောင့် မြစ်ကမ်းများ ပြိုကျကာ နေအိမ်များ ပျက်စီးလာသည့်အတွက် မြစ်နှင့်နီးသော ဒေသများရှိ လူတထောင်ကျော်ခန့် နေထိုင်စရာ ပျောက်ခဲ့သည်ဟု အလုပ်သမားအရေးနှင့် ပတ်သတ်ပြီး အဆိုပါဒေသတွင် ဆောင်ရွက်နေသူ ကိုချစ်ဦးမောင်က ပြောသည်။
တိုက်ကြီးမြို့နယ်ရှိ ကြွေပုဂံချောင်း ကျေးရွာ၊ မွန်ပြည်နယ် ကျိူက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာ (ည) ရပ်ကွက် အုပ်စုရှိ ရွာမရပ်ကွက် နှင့် ဆိပ်ကမ်းသာ ရပ်ကွက်တို့ တွင် ရေတိုက်စားမှုကြောင့် နေထိုင်ရေး အခက်တွေ့နေသည်ဟု ထိုဒေသများသို့ သွားရောက်သည့် လူမှု အဖွဲ့အစည်းများမှ ပြောသည်။
“မြစ်ရေ တိုက်စားမှုကြောင့် အဖျောက်က မြစ်ကမ်းပါးတွေဟာ တရက်ကို ၅ ပေ လောက် ပြိုကျနေတယ်။ သိမ်ဇရပ်ဘက်မှာလည်း အဲလိုပဲ။ ဒေသခံတွေ စားဝတ်နေရေး ကျပ်တည်းတဲ့ အပြင်နေစရာပါ ပျောက်နေရတယ်” ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုချစ်ဦးမောင်က ပြောသည်။
ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ကြွေပုဂံချောင်း ကျေးရွာတွင် ဧရာဝတီ မြစ်ရေတိုက်စားမှုကြောင့် အိမ်ထောင်စု ၁၆၅ စု၊ နှင့် မွန်ပြည်နယ် သိမ်ဇရပ်ကျေးရွာ အုပ်စု ရွာမရပ်ကွက်နှင့် ဆိပ်ကမ်းသာရပ်ကွက် တို့တွင် စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် အိမ်ထောင်စု ၁၆၈ စု အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ကိုချစ်ဦးမောင်က ပြောသည်။
“ကျွန်မတို့ အခုရေထိန်းတာဘောင်ဘေးမှာ တဲထိုးနေရပါတယ်။ စားဝတ်နေရေး ခက်ခဲတဲ့အပြင် နေရေးပါ အခက်တွေ့နေရပါတယ်။ လာကူညီမဲ့လူလဲ မရှိတော့ ကျွန်မတို့ အရမ်းအားငယ်နေရပါတယ်” ဟု အဖျောက်ကျေးရွာဒေသခံ မခိုင်လွင်က ပြောသည်။
အဆို်ပါ မြစ်ရေတိုက်စားမှုကြောင့် ဒေသခံများ နေထိုင်ရေးခက်ခဲလာမှုနှင့် ပတ်သတ်၍ အဆိုပါ ဒေသများတွင်ကျေးရွာဖွံ့ဖြိုးရေး ကော်မတီများ ဖွဲစည်းထားကြောင်း သိရသည်။
ထိုသို့ ရေတိုက်စားမှုများသည် မြစ်အတွင်းမှ သဲကျောက်များ များပြားလာခြင်းကြောင့် ဖြစ်သည်ပာု သဘာဝ
ပတ်ဝန်းကျင် ပညာရှင် ဒေါ်ဒေဝီသန့်ဇင် က ပြောသည်။
ထို့အပြင် “ဒီလို မြစ်ရေတိုက်စားမှုတွေကို ကာကွယ်ချင်ရင် မြစ်ကမ်းနံဘေးမှာ ၀ါးပင်စိုက်သင့် ပါတယ်။ ဒီလိုဆိုရင် နည်းနည်းသက်သာတာပေါ့။ ”ပာု ၎င်းက ဆက်လက်ပြောဆိုသည်။