ငြိမ်းချမ်းရေး ဆန္ဒပြုသူများအား ပုဒ်မ ၁၈ နှင့် မငြိစွန်းစေရန် ပဲခူးရဲတပ်ဖွဲ့မှ သတိပေး

ငြိမ်းချမ်းရေး ဆန္ဒပြုသူများအား ပုဒ်မ ၁၈ နှင့် မငြိစွန်းစေရန် ပဲခူးရဲတပ်ဖွဲ့မှ သတိပေး
by -
မဇ္စျိမ

ပြည်တွင်း ငြိမ်းချမ်းရေး ဆန္ဒပြုသူများအား ယနေ့နံနက် ၁၁နာရီအချိန် ပဲခူးမြို့ဝင် ဆိုင်းဘုတ်အနီးတွင် ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲမှူးဦးဇော်မင်းတို့က တားဆီးကာ ခံဝန်ကတိ လက်မှတ်များ တောင်းခံခဲ့ သည်ဟု ဆန္ဒပြုလမ်းလျှောက်သူများက ပြောသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ ရပ်စဲကာ ငြိမ်းချမ်းမှုကို လိုလားကြောင်း ပြသသည့်အနေဖြင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ရ နာရီအချိန်တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ ့မှ စတင်ကာ ကချင်ပြည်နယ်၊ လိုင်ဇာမြို ့အထိ လမ်းလျှောက် ဆန္ဒပြပွဲကို လူငယ် ၁၅ ယောက်က စတင်လိုက်သည်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္စျိမ) ရန်ကုန်မှ ပဲခူး၊ မန္တလေး၊ စစ်ကိုင်းစသည့် မြို့များကိုု ဖြတ်ပြီး တရက်လျှင် ၁၀ မိုင်နှုန်း လမ်းလျှောက်မည်ဖြစ်၍ ငြိမ်းချမ်းရေးအလံ စိုက်ထူမည့် လိုင်ဇာမြို့အရောက် အချိန် တလခွဲ ကြာမည် ခန့်မှန်းထားသည်။

ငြိမ်းချမ်းရေး ဆန္ဒပြုသူများအား ပုဒ်မ ၁၈ နှင့် မငြိစွန်းစေရန် ပဲခူးရဲတပ်ဖွဲ့မှ သတိပေး

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ ရပ်စဲကာ ငြိမ်းချမ်းမှုကို လိုလားကြောင်း ပြသသည့်အနေဖြင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ရ နာရီအချိန်တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ ့မှ စတင်ကာ ကချင်ပြည်နယ်၊ လိုင်ဇာမြို ့အထိ လမ်းလျှောက် ဆန္ဒပြပွဲကို လူငယ် ၁၅ ယောက်က စတင်လိုက်သည်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္စျိမ) ရန်ကုန်မှ ပဲခူး၊ မန္တလေး၊ စစ်ကိုင်းစသည့် မြို့များကိုု ဖြတ်ပြီး တရက်လျှင် ၁၀ မိုင်နှုန်း လမ်းလျှောက်မည်ဖြစ်၍ ငြိမ်းချမ်းရေးအလံ စိုက်ထူမည့် လိုင်ဇာမြို့အရောက် အချိန် တလခွဲ ကြာမည် ခန့်မှန်းထားသည်။ (ပုံစာ)

ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားသဖြင့် ရန်ကုန်မှ စစ်ပွဲများ ဖြစ်ရာ ကချင်ပြည်နယ်အထိ လမ်းလျှောက်မည့် ငြိမ်းချမ်းရေး လိုလားသူလူငယ်များအဖွဲ့သည် ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှ  ဇန်နဝါရီ ၂၁ ရက်နေ့က စတင်၍ လမ်းလျှောက်ခဲ့ရာ ပဲခူးအရောက်တွင် ယခုလို တားဆီးသတိပေးခံရခြင်းဖြစ်သည်။

“ကျွန်တော်တို့ လက်မှတ်ထိုးပေးလိုက်ပါတယ်။ သူတို့ပြောတဲ့အတိုင်းပဲ ကြည်ကြည်ဖြူဖြူနဲ့ ဆက်ပြီး လမ်းလျှောက်မှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားလို့ဖြစ်ပါတယ်” ဟု လမ်းလျှောက်ဆန္ဒပြုသူ ကိုဇင်ကိုက မဇ္စျိမကို ပြောသည်။

ရဲတပ်ဖွဲ့အင်အား ၂၀၀ ခန့်ဖြင့် ပဲခူးမြို့နယ် အုပ်ချူပ်ရေးမှူးနှင့် ရဲမှူး ဦးဇော်မင်းတို့က ပဲခူးမြို့ဝင် ဆိုင်းဘုတ် အနီးတွင် တားဆီးကာ ၂/၂၀၁၃ အမိန့်အား သိရှိကြောင်းနှင့် ပုဒ်မ၁၈အား မကျူးလွန်ရန် ခံဝန်ကတိလက်မှတ် တောင်းခံခဲ့ကြောင်း သိရသည်။

ထိုသို့သတိပေးခံရသောကြောင့် ပုဒ်မ (၁၈) နှင့် မညှိစွန်းစေရန်အတွက် ရန်ကုန်မှ စတင်ကာ ကိုင်ဆောင်ခဲ့ကြ သည့် ငြိမ်းချမ်းရေးအလံအား ဖြုတ်ချကာ ဆက်လက်ခရီးဆက်နေကြသည်ဟု လမ်းလျှောက်ဆန္ဒပြုသူများမှ ပြောသည်။

အဆိုပါအဖွဲ့သည် ယခုအခါ အင်းတကော်မြို့သို့ ရောက်ရှိနေပြီး ရန်ကုန်မှ ထွက်ခွာသည့် လူအင်အားမှာ ၂၁ ဦး ရှိခဲ့ရာမှ ယခုအခါ လူအင်အား ၂၉ ဦးအထိ တိုးမြင့်လာပြီဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ အခုခရီးသွားပုံစံနဲ့ဘဲ ခရီးဆက်နေပါတယ်။ ဗီနိုင်းတွေ ပိုစတာတွေ ဘာမှ ကိုင်ဆောင်ခြင်း မပြုတော့ပါဘူး” ဟု ကိုဇင်ကိုက ဆက်လက်ပြောဆိုသည်။

Most read this week