တပ်မှ သိမ်းထားသည့် တောင်ယာများ ပြန်ရရန် ဒေသခံများ တောင်းဆို

တပ်မှ သိမ်းထားသည့် တောင်ယာများ ပြန်ရရန် ဒေသခံများ တောင်းဆို
by -
မဇ္စျိမ

တနသာင်္ရီတိုင်း၊ ပလောက်မြို့နယ်တွင် ယခင်က ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် အစိုးရတပ်တို့ တိုက်ခိုက်ခဲ့ကြသည့် စစ်မြေပြင််ဟောင်းမှ တောင်ယာမြေအချို့အား ယခုတပ်ပိုင်မြေအဖြစ် အသုံးပြုနေသော ကြောင့် ဒေသခံများမှ ပြန်လည်တောင်းဆိုမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တောင်ယာမြေများကို ၂၀၀၁ ခုနှစ်က တပ်မှ သိမ်းယူခဲ့ပြီး အမှတ် ၁၂ တိုင်း ဗဟိုလေ့ကျင့်ရေး သင်တန်း ကျောင်း ဆောက်လုပ်ရန် ဧက ၃,၂၀၀ ကို အသုံးပြုခဲ့သည်။ ထိုမြေများအပြင် ဧက ၄၀၀ ကို တပ်မှ ပိုင်သည်ဟုဆိုကာ သိမ်းယူမည် ဆိုသောကြောင့် ဒေသခံများမှ ပြန်လည်တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ ဦးမူးကပေါ်ထူး က ပြောသည်။

“ကျနော်တို့ကို ဒီမြေတွေဟာ တပ်မတော်ပိုင် မြေပါ ဆိုတာကို ထောက်ခံကြောင်း လက်မှတ်ထိုးခိုင်းတယ်။ တချို့ ကတော့ ကြောက်ပြီး ထိုးပေးလိုက်တယ်။ ဒါပေမယ့် တပ် မလာခင် ကတည်းက ဒီမြေမှာ ကျနော်တို့ လုပ်ကိုင်စားသောက်နေတာပါ။ ဒါ ကျနော်တို့ မြေပါ” ဟု ဆိုသည်။

အဆိုပါဒေသတွင် တပ်မတော်က ၂၀၀၁ ခုနှစ်မှစတင် ဝင်ရောက် တပ်တည်ခဲ့ပြီး ဒေသခံများကမူ လွန်ခဲ့သော ရ၅ နှစ်ကျော် ခန့်ကပင် ကျေးရွာများအဖြစ် တည်ထားခဲ့တာဖြစ်ကြောင်း ဦးမူးကပေါ်ထူး က ပြောသည်။  

ထို့ပြင် ယခု ဧက ၄၀၀ သိမ်းဆည်းလျှင် ဒေသခံများအား မည်သည့် နစ်နာကြေး တစုံတရာမှ အကျိုးခံစားရ မည် မဟုတ်ကြောင်း တပ်ဘက်က ပြောသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်၍  ဒေသခံများက တနသာရီတိုင်း အစိုးရအဖွဲသို ့ စာတင်ထားကြောင်း သိရသည်။

“ကျနော်တို့က ဖြစ်နိုင်ရင် သမ္မတ အထိ စာတင်ချင်တာပါ။ သမ္မတဆီ စာရောက်မရောက် မသေချာလို့ တိုင်းဒေသကြီးအဖွဲ့အထိပဲ စာတင်ထားတာပါ” ဟု ဒေသခံတဦးက ဆိုသည်။

ပထမ သိမ်းယူထားသည့် ဧက ၃,၂၀၀ အတွက် တပ်မတော်အနေဖြင့် ၂၀၁၁ ခုနှစ်မှ စတင်ကာ တောင်ယာ ပိုင်ရှင် ၄၉ ဦးအတွက် သီးနှံလျော်ကြေးအဖြစ် တနှစ်လျှင် သိန်း ၂၀ ခန့် ပေးအပ်ခဲ့ကာ ယာယီအနေ ဖြင့် လုပ်ကိုင်ခွင့်များပေးခဲ့ကြောင်း သိရသည်။

သီးနှံလျှော်ကြေး ပေးချိန်တွင် နယ်မြေမငြိမ်သက်သည့် ကာလဖြစ်၍ ကြောက်ရွံ ့မှုများ စိုးမိုးနေသဖြင့် ထိုငွေကြေးအား လက်ခံခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သတ်၍  အမှတ် ၁၂  တနင်္သာရီတိုင်း ဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းအား မေးမြန်း ရာ တပ်ကြပ်ကြီး တင်ထွန်း က “ကျနော်တို့ မသိဘူး။ အဲဒီကိစ္စလည်း ကျနော်တို့ နယ်မြေမှာ မရှိဘူး” ဟု မဇ္စျိမကို ဖြေကြားခဲ့သည်။