တပ်မတော် တိုက်ခိုက်ရေးရဟတ်ယာဉ် MI.35 တစ်စင်း မြစ်ကြီးနားမြို့ တောင်ဘက် မိုုင် ၂၀ အကွာ တာလောကြီးကျေးရွာအနီး ဇန်နဝါရီ ၁၁ ရက်နေ့က ပျက်ကျရာက ဗိုုလ်မှူးအဆင့်ရှိ လေသူရဲတစ်ဦး၊ ဗိုလ်ကြီး
အဆင့်ရှိ လေသူရဲတစ်ဦးနှင့် တပ်ကြပ်အဆင့်ရှိသူတစ်ဦးတို့ သေဆုံးသွားခဲ့သည်။
ပျက်ကျရခြင်းအကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း စက်ချို့ယွင်းမှုဖြစ်ရာက အရေးပေါ်
ဆင်းသက်ခဲ့ရသည်ဟု အစိုးရဘက်က ထုတ်ပြန်သည်။
မြစ်ကြီးနားလေတပ်ဌာနချုပ်မှ တိုက်ခုုိက်ရေးရဟတ်ယာဉ်ဖြစ်ပြီး ဒေသတွင်း ကချင်လွတ်မြောက်ရေးတပ် (KIA) အပေါ် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ယင်းကိစ္စ စစ်လက်နက်ပစ္စည်းနှင့် စစ်သားများပို့ဆောင်မှုပြုနေသော အဆိုပါ ရဟတ်ယာဉ်ကို KIA တပ်များက ဇန်နဝါရီ ၁၁ ရက်၊ ညနေပိုင်းက ပစ်ချနိုင်ခဲ့သည်ဟု KIA သတင်းရပ်ကွက်တစ်ခုက ဆိုသည်။
သို့သော် အင်ဂျင်ပျက်ခြင်းသာ အကြောင်းရင်း ဖြစ်သည်ဟု တပ်မတော်ဘက်က ပြန်လည်ချေပခြင်းများလည်း ရှိနေသည်။