သမ္မတနှင့် တွေ့ဆုံခဲ့သည့်အပေါ် KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

သမ္မတနှင့် တွေ့ဆုံခဲ့သည့်အပေါ် KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းနှင့် တွေ့ဆုံမေးမြန်းခြင်း
by -
ကေအိုင်စီ

မြန်မာသမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက် အရ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်သည့် ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်အချို့သည် ဇန်နဝါရီလ ၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်း စိန်နှင့် တွေ့ဆုံ၍ ဒုသမ္မတ ဒေါက်တာစိုင်းမောက် ခမ်းနှင့် အတူတကွ ညစာစားခဲ့သလို ဇန်နဝါရီလ ၆ ရက်နေ့တွင်လည်း

မြန်မာသမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက် အရ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်သည့် ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်အချို့သည် ဇန်နဝါရီလ ၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်း စိန်နှင့် တွေ့ဆုံ၍ ဒုသမ္မတ ဒေါက်တာစိုင်းမောက် ခမ်းနှင့် အတူတကွ ညစာစားခဲ့သလို ဇန်နဝါရီလ ၆ ရက်နေ့တွင်လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပြင် ရန်ကုန်ရှိ ကရင်လှုမှုအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခဲ့သည်။ ဤခရီးစဉ်နှင့်ပတ်သက်၍ ကေအဲန်ယူ၏ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်းကို ဇန္နဝါရီလ (၈) ရက်နေ့က တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

Padoh-Mahn-Mahn-Mahn-Photo-KIC

KIC။ ကေအဲန်ယူအနေနဲ့ မြန်မာအစိုးရကို သွားရောက်တွေ့ဆုံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေကို ဘာများ အသိပေးချင်ပါသလဲ။

ဖြေ – ကျနော်တို့ခရီးစဉ်ကတော့ သမ္မတကြီးရဲ့ ဖိတ်ကြားချက်အပေါ်မှာပဲ ကျနော်တို့ သွားရောက်တွေ့ဆုံ တာဖြစ်တယ်။ တပြိုင်နက်တည်းမှာ သမ္မတကြီးကော၊ ဒုသမ္မတကော နောက်ပြီး ကာကွယ်ရေးဦးစီးချုပ်ပါ ကျနော်တို့ တွေ့ဆုံခဲ့ပါတယ်။ ကျနော်တို့ မသွားခင်က ကျနော်တို့ စဉ်းစားတာကတော့ ကေအဲန်ယူနဲ့ အစိုးရကြားမှာရှိတဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စကို ပိုမိုပြီး တော့ ခိုင်မှာအောင်လုပ်ဖို့ရယ်။ ဒုတိယအချက်ကတော့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်စဲနိုင်ဖို့ ကျနော်တို့ ပြောဆိုသွားနိုင်ဖို့ရယ်။ နောက်ပြီး နိုင်ငံရေး အဆက်မပြတ် ဆက်ပြီးဆွေးနွေးနိုင်ဖို့ရယ်ဆိုတဲ့ဟာ စဉ်းစားတဲ့အတိုင်း ကျနော်တို့ အဲဒီကိစ္စတွေကိုတော့ သမ္မတကြီးပဲဖြစ်ဖြစ် ကာကွယ်ရေးဦးစီးချုပ်ပဲဖြစ်ဖြစ် ကျနော်တို့ ပြောဆိုခဲ့တယ်။ သမ္မတကြီး ကတော့ နိုင်ငံရေးအရကိုတော့ အစိုးရက ချမှတ်ထားတဲ့ မူအတိုင်းပဲလို့ ကျနော်တို့သိရတယ်။ ပြောဆိုတဲ့အပိုင်းကတော့ ဒီနိုင်ငံ ရေးပြဿနာကို လွှတ်တော်အတွင်းမှာ ဖြေရှင်းနိုင်ဖို့သဘောကိုတော့ သူ့ရဲ့ ပြောဆိုချက်အပေါ်မှာ ကျနော်တို့ ကောက်ချက်ချလို့ ရတယ်။ တချိန်တည်းမှာပဲ ကျနော်တို့ဘက်ကလည်းပဲ လွှတ်တော်တွင်းမကဘဲ လွှတ်တော်ပြင်ပပါ အဲဒီအခွင့်အလမ်းကို ပေးဖို့ ဆိုတာလည်း ကျနော်တို့ ပြန်ပြီးတော့ ပြောဆိုတာရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးအရ ချဉ်းကပ်မှုကတော့ ကျနော်တို့ နည်း နည်း ကွာဟနေတာကို တွေ့ရတယ်။

KIC – အခု ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ဆရာတို့ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ရှိတယ်လို့ ဆိုပြီး နောက်ဆုံးတော့ မလုပ်ဖြစ်တော့ တဲ့ အကြောင်းအရင်းကို ကျနော်တို့ကို ရှင်းပြပေးလို့ ရမလား။

ဖြေ – ကျနော်တို့ အစီအစဉ် မရှိတော့ပါဘူး။ မရှိတော့ဘူးဆိုတာက ကျနော်တို့ တွေ့ဆုံဆွေးနွေးပွဲကလည်း တရားဝင် တွေ့ဆုံ ဆွေးနွေးပွဲ မဟုတ်ဘူးပေါ့လေ။ သမ္မတကြီးရဲ့ ဖိတ်ကြားချက်အရ စတိတ်မန့် (ထုတ်ပြန်ကြေညာချက်)လေးနဲ့ ထုတ်ပြန်လိုက်ရင် ရမယ်လို့ ဆိုတဲ့သဘောမျိုးနဲ့ မလုပ်ပေးတော့ပါဘူး။

KIC – ကေအဲန်ယူက အစိုးရနဲ့ သွားရောက်တွေ့ဆုံတဲ့အချိန်မှာ တဖက်က ကချင်ဒေသဘက်ဒေသဖက်မှာလည်း တိုက်ပွဲတွေက အဆက်မပြတ် ဖြစ်ပွားနေတဲ့အပေါ်မှာ ဒါဟာ အစိုးရက တိုင်းရင်းသားတွေကို သွေးခွဲအုပ်ချုပ်တဲ့ပုံစံမျိုးပဲဆိုပြီးတော့ ဝေဖန်မှုအသံ တွေ ရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လို သုံးသပ်မိပါသလဲ။

ဖြေ – အစိုးရအနေနဲ့ သွေးခွဲအုပ်ချုပ်တဲ့ လုပ်ရပ် ပုံစံမျိုးကတော့ အခုမှ မဟုတ်ပါဘူး။ အရင်ကတည်း ဒီပုံစံမျိုးနဲ့ပဲ လုပ်သွားနေ တာပဲ။ ဒါပေမယ့် ကျနော်တို့ဘက်ကလည်း အဲဒီအသွင်သဏ္ဍာန်မျိုးမဟုတ်ဘဲ အားလုံးပါလာနိုင်အောင် ကျနော်တို့ တစ်စုတ စည်းတည်း ဖြစ်လာနိုင်ဖို့ကိုတော့ ကျနော်တို့အားလုံး ၀ုိင်းပြီးတော့ ကြိုးစားဖို့ လိုတာပေါ့။ ဒါကြောင့်မို့လို့ပဲ ကျနော်တို့လည်း အဖွဲ့အစည်းအတွင်းမှာလည်း အများကြီးစဉ်းစားပါတယ်။ သွားသင့် မသွားသင့်ဆိုတဲ့ကိစ္စကိုလေ။ ဒီလို ကချင်ဘက်မှာ တိုက်ပွဲ တွေ ပြင်းထန်တဲ့အချိန်မှာ ကေအဲန်ယူအနေနဲ့ သွားမယ်ဆိုရင် ဘာတွေ သက်ရောက်မှုတွေ ရှိလာနိုင်မလဲဆိုတာ ကျနော်တို့ ကြို စဉ်းစားပါတယ်။ နောက်ဆုံးတော့ ကျနော်တို့ ပြန်လည်ပြီး စဉ်းစားဆုံးဖြတ်လိုက်တဲ့ အခါကျတော့ တစ်စုံတစ်ရာ ကချင်အတွက် သော်လည်းကောင်း၊ တခြားရှေ့ဆက်လာမယ့် ငြိမ်းချမ်းရေးရဲ့ ဖြစ်စဉ်ကိုသော်လည်းကောင်း အဲဒီအပေါ်မှာ ကျနော်တို့ ပြော ဆိုနိုင်ဖို့ အခွင့်အရေးလည်းရှိနိုင်မယ်ဆိုတာမျိုး ကို စဉ်းစားပြီးမှပဲ ကျနော်တို့ ဆုံးဖြတ်ပြီးမှပဲ သွားတာဖြစ်ပါတယ်။ အဲဒီသွားတဲ့ အတိုင်းပဲ ကျနော်တို့လည်းပဲ သမ္မတကြီးနဲ့ တွေ့တဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တဲ့အချိန်မှာလည်း ဒီကိစ္စ တွေကိုလည်း ကျနော်တို့ ပြောဖြစ်ပါတယ်။ အဲဒါကတော့ ကျနော်တို့ တစ်ခုလုံး ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ကျနော်တို့ အဆင့်တွေ အများကြီး ကြံုရအုံးမယ်ဖြစ်ပါတယ်။ အချိန်တွေလည်း ယူရအုံးမှာဖြစ်ပါတယ်။ မဟုတ်မချင်းကတော့ ဒါကို ပြေလည်နိုင်မှာ မဟုတ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်ရေးအရ အပစ်ခတ်ရပ်စဲရေး အနေအထားကနေ တစ်ဆင့် ကျနော်တို့ ကျော်လွှား ပေးနိုင်ရင် နိုင်ငံရေးအရ ဆက်ဆွေးနွေးဖို့ရှိပါတယ်။ နိုင်ငံရေးအရ ဆက်ဆွေးနွေးဖို့ မဆောင်ရွက်နိုင်ဘူးဆိုလို့ရှိရင်လည်း ကျနော်တို့ အပစ်ခတ်ရပ်စဲရေး ခိုင်မြဲမှာမဟုတ်ဘူးဆိုတာလည်း ကျနော်တို့ အားလုံးအသိပဲ ဖြစ်ပါတယ်။

KIC – အခု ခရီးစဉ်မှာ မြန်မာ အစိုးရ တာဝန်ရှိသူတွေအပြင် ပြည်တွင်းက ကရင်လူမှုအဖွဲ့အစည်း တွေနဲ့လည်းတွေ့ဆုံခဲ့တယ်လို့ သိရှိရပါတယ်။ ကရင်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့တဲ့နေရာမှာ ဆရာတို့ ဘာတွေများ ချပြ ဆွေးနွေးဖြစ်ခဲ့ပါသလဲ။

ဖြေ -ကရင်လူ့အဖွဲ့အစည်းနဲ့တွေ့တာက ကျနော်တို့ သမ္မကြီးနဲ့ တွေ့ဆုံမှု အခြေအနေအပေါ်မှာပဲ ရှင်းပြတဲ့အပိုင်းပဲ ရှိပါတယ်။ သူတို့လည်း ပြန်လည်မေးမြန်းမှုတွေ အဲဒီအနေအထားမှာပဲရှိပါတယ်။ အထူးသဖြင့်တော့ သူတို့ အဓိက စိုးရိမ်စိတ်ရှိတာကတော့ ဥပဒေတစ်ခုဖြစ်တဲ့ မတရားအသင်းနဲ့ ဆက်သွယ်မှုဆိုတဲ့ ၁၇/၁ကိုတော့ အဲဒါကို ရုပ်သိမ်းပေးဖို့ပေါ့။ အဲဒါတွေကို သူတို့က စိုးရိမ် စိတ် ရှိတာပေါ့။ အဲဒါတွေကို အစိုးရက မရုပ်သိမ်းပေးဘူးဆိုလို့ရှိရင် သူတို့အတွက်က ကျနော်တို့နဲ့ ထိတွေ့ဆက်ဆံတဲ့ နေရာမှာ သူတို့အတွက် အများကြီး စိုးရိမ်တယ်ပေါ့လေ။ အဲဒီအပေါ်မှာလည်း အဓိက သူတို့ပြောဆိုသွား တာရှိပါတယ်။

KIC – နောက်ဆုံးအနေနဲ့ အခု ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ဘာများထပ်ပြောချင်ပါသလဲ။

ဖြေ – မရှိတော့ပါဘူး။ အဲဒီလောက်ပါပဲ ပြည့်စုံလောက်ပါပြီ။