ချင်းပြည်တောင်ပိုင်းတွင် ယခုနှစ်မှ စတင် ထွက်ရှိသည့် အဘိုးတန် ရိုးစိမ်း သစ်ခွတွေ အရောင်းသွက်နေ ကြောင်း သိရသည်။
လက်ရှိ ကန်ပက်လက်မြို့နယ်အတွင်းမှ ထွက်ရှိသည့် သစ်ခွပိဿာ အနည်းဆုံး ၂ သောင်းခန့် မန္တလေးစျေး ကွက်သို့ ရောက်ရှိနေကြောင်း ထို့အပြင် မင်းတပ်နယ်က ထွက်ရှိသည့် သစ်ခွတွေ လည်း မန္တလေးစျေးကွက်သို့ တင်ပို့နေကြကြောင်း သိရသည်။
“တပိဿာကို ကျပ်ငွေ ၅ ထောင်နဲ့ လာရောက်ကောက်ယူကြပြီး မန္တလေးမှာ ကျပ်ငွေ ၉ ထောင်နဲ့ပြန်သွင်း တယ်” ဟု ဒေသခံ တဦးဖြစ်တဲ့ ဆလိုင်းမျိုးချစ်က ပြောသည်။
သစ်ခွများအား ပြီးခဲ့တဲ့ နို၀င်ဘာလ ကတည်းက ကောက်ယူခဲ့ကြသလို သစ်ပင်ခုတ် လှဲကာ ကောက်ယူနေ သဖြင့် သဘာဝသစ်တော ပြုန်းတီးမှာ စိုးရိမ်ကြောင်း ၎င်းကဆက်ပြောသည်။
“အဲဒီ ကိစ္စကို ပြည်နယ်သစ်တော ၀န်ကြီးမှ အရေးယူ ဆောင်ရွက်ရေးကို သတင်း ပို့ထားတယ်” ဟု ဆလိုင်းမျိုးချစ်က ပြောသည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးလုပ်ငန်းတွေ မနှေး အမြန် လုပ်ဆောင်ပေး သင့်ကြောင်း ဒေသခံလူကြီးတွေက ပြောကြသည်။
စည်းကမ်းမဲ့ သစ်ခွ ခူးယူမှုအပေါ် မင်းတပ်မြို့နယ်အတွင်း တာဝန်ရှိများက အရေးယူမှု ရှိသော်လည်း ကန်ပက် လက်မြို့နယ်တွင်မူ တစုံတရာ အရေးယူမှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် မင်းတပ်မြို့နယ် အတွင်း ပြည်သူများသည် တောင်ဇလပ်ပန်းများကို တပိသာ ၈၀၀ နှုန်းဖြင့် ကောက်ယူပြီး တောင်ဇလပ်ဝိုင်များ ထုတ်လုပ်နေကြကြောင်း သိရသည်။
“အဲဒီကိစ္စက ကောင်းတယ်ဆိုပေမဲ့ တောင်ဇလပ်မျိုးပြုတ်မှာလည်း စိုးရိမ်ရတယ်” ဟု မင်းတပ်ဒေသခံ တဦးက ပြောသည်။