မြေမြှုပ်ထားသည့် ဗြိတိသျှတိုက်လေယာဉ်များ ရှာဖွေမည့်အဖွဲ့ ရောက်ပြီ

မြေမြှုပ်ထားသည့် ဗြိတိသျှတိုက်လေယာဉ်များ ရှာဖွေမည့်အဖွဲ့ ရောက်ပြီ
by -
မဇ္ဈိမ

ဗြိတိသျှလူမျိုး လေယာဉ်မြတ်နိုးသူ တဦးနှင့်အဖွဲ့သည် ဒုတိယကမ္ဘာစစ်ပြီးစကာလများက မြန်မာနိုင်ငံတွင် မြှုပ်နှံထားခဲ့ သည်ဟု ယုံကြည်ရသော စပစ်ဖိုင်းယားလေယာဉ် ၃၆ စင်းကို ပြန်လည်ရှာဖွေ တူးဖော်ရန်အတွက် တနင်္ဂနွေနေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာကြသည်။

 London's Imperial War Museum)

ထိုလေဆိပ်သည် ယခုအခါ ရန်ကုန်နိုင်ငံတကာ လေဆိပ်အဖြစ်ရှိနေပြီး ယခင်က ဗြိတိသျှလေတပ်ဖွဲ့၏ အခြေစိုက် စခန်းအဖြစ် အသုံးပြုခဲ့သည်။ အခြားမြန်မာနိုင်ငံအတွင်း နှစ်နေရာတွင်လည်း အဆိုပါလေယာဉ် များကို မြှုပ်နှံထားခဲ့ သည်ဟုလည်း ဆိုသည်။

"ဒီလေယာဉ်တွေကို အကောင်းဆုံးအနေအထားနဲ့ တွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု အဖွဲ့ခေါင်းဆောင်
ဒေးဗစ်ကန်ဒဲလ် (David Cundall) က ခရီးရောက်မဆိုက် ပြောကြားသည်ဟု အေပီ သတင်းတွင် ရေးသားထားသည်။

ဘီဘီစီသတင်းဌာန၏ အဆိုအရ ကမ္ဘာတွင် ပျံသန်းနိုင်သည့် အခြေအနေတွင်ရှိသည့် စပစ်ဖိုင်းယား လေယာဉ် ပေါင်း ၅၅ စင်းမျှရှိနေပြီး စုစုပေါင်း အစင်း နှစ်သောင်းမျှ တည်ဆောက်ခဲ့သည်ဟုဆိုသည်။

"စပစ်ဖိုင်းယား လေယာဉ်တစင်းကို တူးဖော်တွေ့ရှိလိုက်တာဟာ ၁၉၂၂ ခုနှစ်က အီဂျစ်ဖာရို ဘုရင်တူတန်ခန်မင် (Pharaoh Tutankhamen) ရဲ့ အုတ်ဂူကို ရှာဖွေ တွေ့ရှိတာနဲ့ အတူတူပါပဲ" ဟု ကန်ဒဲလ် က အေအက်ဖ်ပီ သတင်းဌာနကို ပြောသည်။

ရှာဖွေတွေ့ရှိသမျှ လေယာဉ်တွေရဲ့ ၃၀% ကို ကန်ဒဲလ်က ရရှိမှာဖြစ်ပြီး သူ့အဖွဲ့ဝင်တွေက ၂၀% နဲ့ ကျန် ၅၀% ကိုတော့ မြန်မာနိုင်ငံက ရရှိမည်ဖြစ်သည်။

စပစ်ဖိုင်းယား လေယာဉ်များသည် ဗြိတိန်နိုင်ငံ၏ အကောင်းဆုံးတိုက်လေယာဉ်များဖြစ်ပြီး ၁၉၄၀ ဗြိတိန်လေ ကြောင်း စစ်ပွဲ (Battle of Britain) ကာလကအလွန်ထင် ရှားခဲ့သောလေယာဉ်များဖြစ်သည်။ အလွန်မြန်သော တယောက်စီး စပစ်ဖိုင်းယား တိုက်လေယာဉ်များသည် ထိုစစ်ပွဲအတွင်း ဂျာမန်ဗုံးကြဲလေယာဉ် များအပေါ် တသုတ်ပြီးတသုတ် ထိုးဆင်း တိုက်ခိုက်ခဲ့သည်။