ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ပြည်တွင်းသုံး GSM ဖုန်းများ အသုံးပြုနိုင်ရန်အတွက် သက်ဆိုင် ရာတာဝန် ရှိသူများက ဂြိုလ်တုဆက်သွယ်ရေး ဖုန်းလိုင်းများ စတင်တပ် ဆင်လုပ်ဆောင်နေပြီဖြစ် ကြောင်း သိရသည်။
ဘုရားသုံးဆူမြို့ အမှတ်(၂)ရပ်ကွက်ရှိ မြန်မာ့ ဆက်သွယ်ရေးဌာန ရုံးဝင်းအတွင်း ဒီဇင်ဘာ လ ၁၀ ရက် နေ့မှစ၍ ဖုန်းလိုင်းတိုင်များ စိုက်ထူနေ ရာ ယနေ့နံနက်တွင် ပြီးစီးသွားပြီဖြစ်သည်။ အဆို ပါ GSM ဖုန်း ဆက်သွယ်ရေးလိုင်းကို ယခုလအကုန်တွင် စတင်အသုံးပြု နိုင်တော့မည်ဟု မြန်မာ့ဆက်သွယ်ရေးဌာန နှင့် နီးစပ်သူတစ်ဦး က ပြောသည်။
၎င်းက “မနက်ဖြန်ဆိုရင်တော့ စက်ပစ္စည်းတပ်ဆင်မယ့် သူတွေ ရောက်လာကြတော့မယ်လို့ သိရပါတယ်။ နောက်ပြီး ဒီလအကုန်မှာ ဖွင့်မယ်လို့လည်းကြား တယ်” ဟုပြောသည်။
ဘုရားသုံးဆူမြို့တွင် ဖုန်းလိုင်းတိုင်ထောင်ခြင်းနှင့် စက်ပစ္စည်းများ တပ်ဆင်ခြင်းကို မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းမှ ကန်ထရိုက်ရထားသည့် ရွှေသံလွင်ကုမ္ပဏီက လာရောက် တပ်ဆင်ပေးနေခြင်းဖြစ်ကြောင်း လည်း ၎င်းက ဆက်ပြောသည်။
ယခုတည်ဆောက်ပြီးစီးသွားသည့် GSM ဖုန်းလိုင်းတိုင်သည် အမြင့်ပေ ၁၄၀ ရှိသည့်အတွက် ပြည်သူ များအနေဖြင့် ဘုရားသုံးဆူမြို့မှ သုံးမိုင်ပတ်လည် ဧရိယာအတွင်း GSM ဖုန်းများကို ဆက်သွယ် အသုံးပြုနိုင် ကြမည် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းသုံး GSM ဖုန်းများ ဘုရားသုံးဆူမြို့တွင် အသုံးပြုနိုင်ရန် လာရောက်လုပ်ဆောင်ပေးနေခြင်း နှင့်ပတ် သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသခံများကို လာရောက်ရှင်းလင်း အသိပေးပြော ကြားသွားခဲ့ပြီး ဖြစ်ကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။
ဘုရားသုံးဆူမြို့ ဒေသခံတစ်ဦးက “အဓိကတော့ အခုအစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ကေအဲန်ယူက ဒီဒေသ တွေမှာ ဆက်သွယ်ရေးကောင်းဖို့ အစိုးရကို တောင်းဆိုထားတာတွေရှိတဲ့ အတွက်လာလုပ်ပေး တယ်လို့ သိရတယ်” ဟုပြောသည်။
ဘုရားသုံးဆူမြို့တွင် GSM ဖုန်းလိုင်းတပ်ဆင်ပြီးစီးသွားပါက ပြည်တွင်းဆက်သွယ်ရေးမှာ ပိုမိုလွယ်ကူ ကောင်း မွန်လာမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအတွက်ပါ များစွာအထောက်အ ကူဖြစ်သောကြောင့် ဒေသခံ များက ၀မ်းသာနေကြသည်။
လက်ရှိအချိန်အထိ ဘုရားသုံးဆူမြို့ဒေသခံများသည် ထိုင်းနိုင်ငံတွင် အသုံးပြုနေကြသည့် နံပါတ် ၁၀ လုံးပါ သည့် ထိုင်းဖုန်းများကိုသာ အသုံးပြုနေရဆဲဖြစ်ပြီး ပြည်တွင်းသုံး GSM ဖုန်းကို အသုံးပြုနိုင် တော့မည် ဆိုပါက နှစ် သိန်းတန် GSM ဖုန်းကဒ်များကို စတင်အသုံးပြုကြရတော့မည် ဖြစ်ကြောင်း သိရ သည်။