ဆွီဒင်လုပ် လက်နက်များ မြန်မာသို့ ရောက်ရှိသွားမှှု အိန္ဒိယ ဖြေရှင်းရမည်

ဆွီဒင်လုပ် လက်နက်များ မြန်မာသို့ ရောက်ရှိသွားမှှု အိန္ဒိယ ဖြေရှင်းရမည်
by -
မဇ္စျိမ

ဥရောပမှ မြန်မာနိုင်ငံအား ရောင်းချရန် ပိတ်ပင်ထားသော ဆွီဒင်လုပ် လက်နက်များ အိန္ဒိယနိုင်ငံ မှတဆင့်
မြန်မာနို်င်ငံသို့ မည်ကဲ့သို့ ရောက်ရှိသွားသည်ကို ရှင်းလင်း ပြောကြားပေးရန် ဆွီဒင်က အိန္ဒိယအား သောကြာနေ့ တွင် တောင်းဆိုလိုက်သည်။

အိန္ဒိယ စစ်တပ်မှ ဆွီဒင်လုပ် လက်နက်များ ဝယ်ယူခဲ့ကြောင်း ထုတ်ဖော်နိုင်ခဲ့ပြီးနောက် ဆွီဒင် ကုန်သွယ်ရေး ဝန်ကြီး Ewa Bjorling အား ကိုးကား၍ အိန္ဒိယနိုင်ငံထုတ် Hindustan Times သတင်းစာတွင် ရေးသားထားသည်။

ဆွီဒင်နိုင်ငံ၏ ပို့ကုန်ထိန်းချုပ်ရေး အေဂျင်စီက လက်နက်ကိစ္စ စုံစမ်းစစ်ဆေးမှှုများ ပြုလုပ်နေကြောင်း ဆိုခဲ့ပြီးနောက် တရက်အကြာတွင် ထိုထုတ်ပြန်ချက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။   

မြန်မာနိုင်ငံတွင် တွေ့ရှိရသော ထိုလက်နက်များသည် အိန္ဒိယမှ ဖြစ်ကြောင်း ဆွီဒင် လက်နက် မပြန့်ပွါးရေးနှင့် ပို့ကုန်ထိန်းချုပ်ရေး အေဂျင်စီ (ISP) က ဝန်ကြီးအား သတင်းပို့ထားသည်။

ဆွီဒင် မီဒီယာတွင် ယခုအပတ်အတွင်း ထုတ်ပြန်ခဲ့သော မြန်မာ အလွတ် ဓါတ်ပုံဆရာ တယောက် ရိုက်ကူးခဲ့သည့် ဓါတ်ပုံများတွင် မြန်မာအစိုးရ စစ်တပ်မှ ကျန်ရစ်ခဲ့သည့် M3 Carl Gustaf တင့်ကားဖျက် ရိုင်ဖယ်နှင့် ကျည်ခွံများကို တွေ့ရသည်။

ထိုဓါတ်ပုံများအနက် တပုံတွင် လက်နက်၏ နံပါတ်စဉ် (serial number) ကို ထင်ထင်ရှားရှား တွေ့နိုင်သည်။

“ဒီလက်နက်တွေရဲ့ နံပါတ်စဉ်တွေအရ ဘယ်မှာ၊ ဘယ်တုန်းက၊ ဘာကို ဆိုတဲ့ သတင်း အချက်အလက်တွေ ရနိုင်တဲ့အတွက် ဘယ့်နှယ့်လုပ် အဲဒီရောက်သွားရတယ်ဆိုတာ ခြေရာခံလို့ ရနိုင်ပါတယ်” ဟု ISP ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ဥရောပ သမဂ္ဂသည် ၁၉၉၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းဝယ်မှှု ပိတ်ပင်ထားခဲ့သည်။

Most read this week