မိသားစုဝင်ငွေအတွက် စခန်းပြင်ပ အလုပ်ထွက်လုပ်သူ ဒုက္ခသည် ၂ ဦး အသတ်ခံရ

မိသားစုဝင်ငွေအတွက် စခန်းပြင်ပ အလုပ်ထွက်လုပ်သူ ဒုက္ခသည် ၂ ဦး အသတ်ခံရ
by -
ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မယ်လဒုက္ခသည်စခန်းမှ မိသားစုဝင်ငွေ ရရှိရေးအတွက် စခန်းပြင်ပ ထွက်၍ အလုပ်လုပ်သူ ဒုက္ခသည်နှစ်ဦး မယ်လစခန်းတောင်ဘက်ခြမ်း နှစ်မိုင် အကွာရှိ ညာ့မူကလိုးရွာနှင့် ထီးမောထာ့ရွာ အကြားတွင် အသတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

မယ်လစခန်း ဇုံ(စီဝမ်း-ဘီ)အတွင်းနေထိုင်သူ စောကညော ၃၃ နှစ်နှင့် စောသန်းထွန်းလေး ၂၉ နှစ်တို့ နိုဝင်ဘာလ ရ ရက်နေ့က ပြောင်းခြံအတွင်း အလုပ်သွားလုပ်ရာမှ အသတ်ခံရခြင်းဖြစ်ပြီး မည်သူမည်ဝါက သတ်လိုက်သည်ကို ယခုထိ မသိရသေးကြောင်း မယ်လစခန်း လုံခြံုရေးတာဝန်ခံ စောအားမူက ကေအိုင်စီသို့ ပြောသည်။

စောအားမူက “နိုဝင်ဘာ ရရက်နေ့မနက်ပိုင်းက ပြောင်းဖူးချိုးဖို့သွားတဲ့ သူတို့နှစ်ယောက်ဟာ ညပြန်မရောက် လာတော့ နောက် နေ့မနက်မှာ မိန်းမ(ဇနီး)ဖြစ်သူတွေက သွားရောက်စုံစမ်းတဲ့အခါ ပြောင်းဖူးခင်းမှာ အလုပ်လုပ်တဲ့ အသိတစ်ယောက်ကိုမေး တော့ မနေ့ညက သေနတ်သံ ကြားရတယ်လို့ ပြန်ဖြေတယ်”ဟု ပြောဆိုသည်။

အသတ်ခံသူ၏ ဇနီးသည်နှစ်ဦးက မယ်လစခန်းသို့ ပြန်လာ၍ စခန်းလုံခြံုရေးမှူးထံ သွားရောက်အကြောင်းကြားကာ လုံခြံုရေးအဖွဲ့အချို့နှင့်အတူ ခင်ပွန်းသည်အား သွားရောက်ရှာဖွေခဲ့ရာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ကြောင်း စောအားမူက ဖြည့်စွက်ပြောသည်။

ဆက်လက်၍ စောအားမူက “အဲဒီနေရာက မကြာခဏဆိုသလို အဲလိုအဖြစ်မျိုး ဖြစ်လေ့ရှိတယ်။ ထိုင်းသစ်တော အဖွဲ့ကတောင်မှ အပစ်ခံရတယ်။ ဒါပေမယ့် ဒီလို မယ်လဒုက္ခသည်တွေ သေ တဲ့အထိကတော့ ဒါ ပထမဆုံးပဲ” ဟု ဆိုသည်။

အသတ်ခံရသူနှစ်ဦးအား ယမန်နေ့ညနေက မယ်လစခန်းသချႋုင်းတွင် သွားရောက်သင်္ဂြိုလ်ခဲ့ပြီး စောသန်းထွန်း လေးတွင် ဇနီးနှင့် သားသမီး ၂ ဦးကျန်ရစ်ပြီး စောကညောမှာ ဇနီးနှင့် သားသမီး ၃ ဦး ကျန်ရစ်သည်ဟု သိရသည်။