ချင်းပြည်နယ်ထန်တလန်မြို့ပေါ်တွင် အောက်တိုဘာလ ၁၉ ရက်ညက စျေးဆိုင် ၆ ဆိုင် တညတည်း ဖောက်ထွင်းခိုး ယူမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မြို့လယ်ခေါင်လမ်းမကြီးဘေးရှိ ပုဂ္ဂလိက ဆေးဆိုင်၊ နိုင်ငံခြားအထည်ဆိုင်၊ ကက်ဆက်ပြင်ဆိုင်၊ စားသောက် ဆိုင် နှစ်ဆိုင် နှင့် ရွှေဆိုင်တွေကို တညတည်းနဲ့ ဖောက်ထွင်းခိုးယူနိုင်ခဲ့တာ တကယ့် အ့ံသြစရာပါပဲ၊ အနည်းဆုံး ၅ သိန်းဖိုး လောက် တော့ ရှိမယ်လို့ ပြောကြတယ်” ဟု ဒေသခံ တဦးက ပြောသည်။
ဆိုင်ဖောက်ထွင်းမှု အနေအထားအရ ဖောက်ထွင်းသူသည် တဦးတယောက်ထဲ မဟုတ်နိုင်ကြောင်း အဖွဲ့လိုက် အကွက်ချ စီစဉ်ပြီး ဖောက်ထွင်းနိုင်ခဲ့ တာဖြစ်ကြောင်း၊ အမှု စုံစမ်းနေဆဲဖြစ်ကြောင်း ရဲတဦးက ဆိုသည်။
ယခု မှုခင်းနဲ့ ပါတ်သက်ပြီး သက်ဆိုင်ရာပြည်သူ ့ရဲက အရေးတယူဖော်ဆောင်သင့်ကြောင်း၊ ထို့ အပြင် YMCA ခေါ် လူငယ် အသင်းအဖွဲ့က လည်း ဒေသငြိမ်းချမ်းရေးအတွက် အလေး ထားဆောင်ရွက် သင့်ကြောင်း မြို့မိမြို့ဖ တဦးက ဆက်ဆို သည်။
“ဒေသခံရဲတွေဟာ မှုခင်း ကြိုတင် ကာကွယ်ရေးထက် ပြသနာဖြစ်ပြီးမှ စုံစမ်းဖော်ထုတ်တာများ တယ်၊ ဒါတောင် မဖော် ထုတ်နိုင်တာက များတယ်” ဟု ပြောသည်။
ဒေသထုတ်သတင်းအရ Pu Tluang uk ( ပုဂ္ဂလိက ဆေးဆိုင်)၊ Pu No Chum ( နို်င်ငံခြား အထည် ဆိုင်)၊ Pu Ceu Lian ( ရေဒီယို၊ ကက်ဆက်ပြင် ဆိုင်)၊ Aye Lay ( ရွှေဆိုင်) နှင့် စားသောက်ဆိုင် နှစ်ဆိုင်အခိုးခံရသည်ဟု သိရသည်။
ချင်းပြည်နယ်မြို့တော်ဟားခါးမြို့တွင် ယခုလိုမျိုးအမှုတခုဖြစ်ပွားတိုင်း ဒေသခံရဲတွေနဲ့ လူငယ်အသင်း အဖွဲ့တွေ ပူးတွဲ ပြီး ဖော်ထုတ် လေ့ရှိကြသည်။